Tuesday, October 4, 2022

Latest Posts

မိသားစုဝင်တွေရဲ့ နာမည်တွေကို တတ်တူးထိုးလေ့ရှိတဲ့ လူရွှင်တော်ကြီး ခင်လှိုင်

Unicode Version

ဇာတ်သဘင်လောက ရဲ့ အငြိမ့်ဇာတ်ခုံပေါ်မှာ ဟာသပျက်လုံးတွေကို ပြောင်မြောက်အောင် ပရိသတ်ကို ရယ်မောပျော်ရွှင်အောင် သရုပ်ဖော်တင်ဆက်နိုင်ရုံသာမက ဗီဒီယိုနဲ့ရုပ်ရှင်ဘက်မှာလည်း ကျရာဇာတ်ရုပ်ကို ဟာကွက်မရှိ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် လူရွှင်တော် ခင်လှိုင် ကိုတော့ အားလုံးပဲ ချစ်ခင်နေကြမှာပါ။ ဦးခင်လှိုင် ဟာ အနုပညာမှာတော်တဲ့အပြင် အောင်မြင်ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုကြီးကို ပိုင်ဆိုင်ထားပါတယ်။

ချစ်ဖို့ကောင်းတဲ့ ဇနီးနဲ့ အတူ သားနှစ်ယောက်နဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အားကျဖို့ကောင်းတဲ့ မိသားစုမျိုးဖြစ်ပါတယ်။ သားသမီးသုံးယောက်ရှိတဲ့အနက် နှစ်ယောက်ကတော့ ဖခင်ရဲ့အနုပညာမျိုးရိုးကို ဆက်ခံထားပြီးနောက် အခုချိန်မှာတော့ ပရိသတ်တွေချစ်တဲ့ အနုပညာရှင်တွေ ဖြစ်နေကြပါပြီနော်။ ခင်လှိုင် တို့ဇနီးမောင်နှံ ဟာ တတ်တူးထိုးရတာ ကြိုက်နှစ်သက်သူဖြစ်တာကြောင့် တတ်တူးတွေကို နေရာလပ်မကျန်တတ်လေ့ရှိသူတွေပါ။ ဒါကြောင့်လဲ ချစ်ရတဲ့ သားသမီးတွေရဲ့ နာမည်တွေကို အမှတ်တရအနေနဲ့ တတ်တူးထိုးထားပါတယ်။

ခင်လှိုင် တို့ ဇနီးမောင်နှံ ဟာ သားသမီးတွေရဲ့နာမည်တွေကို တတ်တူးထိုးပေမယ့် ကျန်နေသေးတဲ့ မြေး၊ချွေးမတွေ နဲ့ သားမက် တို့ရဲ့ နာမည်တွေကို အမှတ်တရအနေနဲ့ ထပ်ထိုးဖို့ရှိသေးတယ်လို့ သိရပါတယ်။

ZawGyi Version





Latest Posts

Don't Miss