Monday, October 3, 2022

Latest Posts

မြို့ပေါ်နဲ့ တောထဲကသူတွေ မုန်တိုင်းအန္တရယ် သတိထားကြပါလို့ နှိုးဆော်လိုက်တဲ့ ဦးကျော်သက်လင်း

Unicode Version

ပရိသတ်ကြီးရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာဖြစ်ပါတယ်။ နေ့စဥ်နေ့တိုင်း တာဝန်တွေကို အကျေပွန်ဆုံးထမ်းဆောင်နေသူတစ်ဦးပါ။ ‌တိုက်ပွဲထွက်ရတဲ့အချိန်တွေရှိသလို အားတဲ့အချိန်တွေမှာ သီးပင်စားပင်လေးတွေ စိုက်ပျိုးရင်းနဲ့ အကောင်းမွန်ဆုံးနေထိုင်နေသူပါလဲ ဖြစ်ပါတယ်။ အသက် ၅၀နီးပါးရှိပြီဖြစ်ပေမယ့် အခုချိန်ထိ လူငယ်တွေနဲ့ တန်းတူရင်ဘောင်တန်းနေထိုင်သူတစ်ဦးပါ။

ဦးကျော်သက်လင်း ဟာ မြို့ပေါ်နဲ့ တောထဲကသူတွေ မုန်တိုင်းအန္တရယ် သတိထားကြပါလို့ နှိုးဆော်လိုက်ပါတယ်နော်။ ” မှောင်ကြီးမဲကြီးထဲမှာ လေရောမိုးရောဆိုတော့ ဒုက္ခရောက်မယ်ဆိုတာသေခြာတယ်။ ကွင်းပြင်ထဲကသူတွေကလေဒဏ်ပိုခံရမယ်။ အပင်မြင့်တဲ့တောထဲကသူတွေက သစ်ပင်သစ်ကိုင်းတွေကြိုးကျမယ့် အန္တရာယ်ကြီးလို့စိုးရိမ်တယ်။ သတိကြီးစွာထားကြပါကလေးတို့။ ဖုန်းတွေရေထိပြီးပျက်စီးမှာလည်းဂရုစိုက်ကြဟေ့။ကိုယ့်ဘက်မှာတော့ ညနေကတစ်ခါ အခုတစ်ခါ လေရောမိုးရော နှစ်ကြိမ်ဝင်သွားပြီ။ အခုမှအစပဲရှိသေးတာတဲ့နော်… မြို့ပေါ်ရော တောထဲက သူတွေရော အန္တရယ် ကင်းကြပါစေ။ နာဂစ်ကစ တစတစ ကံဆိုးလွန်းလာတဲ့နိုင်ငံရေ…” လို့ သတိပေးရေးသားထားတာကို တွေ့ရပါတယ်။

တောထဲမှာနေထိုင်တဲ့ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း နဲ့အတူ အားလုံးအတွက် ဘေးကင်းကျန်းမာပါစေလို့လဲ ဆုတောင်းပေးလိုက်ပါအုန်း။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

ၿမိဳ႕ေပၚနဲ႔ ေတာထဲကသူေတြ မုန္တိုင္းအႏၲရယ္ သတိထားၾကပါလို႔ ႏႈိးေဆာ္လိုက္တဲ့ ဦးေက်ာ္သက္လင္း

ပရိသတ္ႀကီးေရ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ လက္ရွိမွာ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတာျဖစ္ပါတယ္။ ေန႔စဥ္ေန႔တိုင္း တာဝန္ေတြကို အေက်ပြန္ဆုံးထမ္းေဆာင္ေနသူတစ္ဦးပါ။ ‌တိုက္ပြဲထြက္ရတဲ့အခ်ိန္ေတြရွိသလို အားတဲ့အခ်ိန္ေတြမွာ သီးပင္စားပင္ေလးေတြ စိုက္ပ်ိဳးရင္းနဲ႔ အေကာင္းမြန္ဆုံးေနထိုင္ေနသူပါလဲ ျဖစ္ပါတယ္။ အသက္ ၅၀နီးပါးရွိၿပီျဖစ္ေပမယ့္ အခုခ်ိန္ထိ လူငယ္ေတြနဲ႔ တန္းတူရင္ေဘာင္တန္းေနထိုင္သူတစ္ဦးပါ။

ဦးေက်ာ္သက္လင္း ဟာ ၿမိဳ႕ေပၚနဲ႔ ေတာထဲကသူေတြ မုန္တိုင္းအႏၲရယ္ သတိထားၾကပါလို႔ ႏႈိးေဆာ္လိုက္ပါတယ္ေနာ္။ ” ေမွာင္ႀကီးမဲႀကီးထဲမွာ ေလေရာမိုးေရာဆိုေတာ့ ဒုကၡေရာက္မယ္ဆိုတာေသျခာတယ္။ ကြင္းျပင္ထဲကသူေတြကေလဒဏ္ပိုခံရမယ္။ အပင္ျမင့္တဲ့ေတာထဲကသူေတြက သစ္ပင္သစ္ကိုင္းေတြႀကိဳးက်မယ့္ အႏၲရာယ္ႀကီးလို႔စိုးရိမ္တယ္။ သတိႀကီးစြာထားၾကပါကေလးတို႔။ ဖုန္းေတြေရထိၿပီးပ်က္စီးမွာလည္းဂ႐ုစိုက္ၾကေဟ့။ကိုယ့္ဘက္မွာေတာ့ ညေနကတစ္ခါ အခုတစ္ခါ ေလေရာမိုးေရာ ႏွစ္ႀကိမ္ဝင္သြားၿပီ။ အခုမွအစပဲရွိေသးတာတဲ့ေနာ္… ၿမိဳ႕ေပၚေရာ ေတာထဲက သူေတြေရာ အႏၲရယ္ ကင္းၾကပါေစ။ နာဂစ္ကစ တစတစ ကံဆိုးလြန္းလာတဲ့ႏိုင္ငံေရ…” လို႔ သတိေပးေရးသားထားတာကို ေတြ႕ရပါတယ္။

ေတာထဲမွာေနထိုင္တဲ့ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း နဲ႔အတူ အားလုံးအတြက္ ေဘးကင္းက်န္းမာပါေစလို႔လဲ ဆုေတာင္းေပးလိုက္ပါအုန္း။ အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Latest Posts

Don't Miss