Monday, October 3, 2022

Latest Posts

မွေးစားထားတဲ့ သမီးလေးရဲ့ ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူအတွက် ကုသိုလ်လုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

Unicode Version

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေ ကတော့တစ်ခေတ်တစ်ခါက နာမည်ကြီးဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတော့ သရုပ်ဆောင်ချက်တွေကလည်း ပီပြင်လွန်းတာကြောင့် ပရိသတ်ပေါင်းများစွာရဲ့ လက်ခံအားပေးခြင်းကို ရရှိထား မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ သူမရဲ့ထူးခြားချက်ကတော့ ပါးပြင်ပေါ်က ပါးချိုင့်လေးတွေပဲဖြစ်ပါတယ်။ ဖြူစင်လွန်းတဲ့အပြုံးပိုင်ရှင် ခိုင်နှင်းဝေ ကရုပ်ရှင်ဇာတ်ကားတွေ ဆက်လက်ရိုက်ကူးခြင်းမရှိပဲ လက်ရှိမှာတော့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာကို ဖွင့်လှစ်ထားပြီးတော့ စွန့်ပစ်ခံကလေးလေးတွေကို ကူညီကယ်တင်လျက်ရှိပါတယ်။

မင်းသမီး ခိုင်နှင်းဝေ ဟာ ဂေဟာသို့ အကူအညီတောင်းခံမူ့ကြောင့် ခေါ်ယူမွေးစားခဲ့တဲ့ သမီးလေးရဲ့ ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူတစ်နှစ်ပြည့်အတွက် ကုသိုလ်လုပ်ပေးခဲ့ပါတယ်။ ဖခင်အတွက်ကုသိုလ်ပြုလုပ် အမျှပေးဝေပေးခဲ့ပြီး သမီးလေး ခိုင်အေးချမ်းမေ ကိုလဲ အခုလိုပဲ ဆုတောင်းပေးခဲ့ပါတယ်။ ” ဒီနေ့ သမီးလေး ခိုင်အေးချမ်းမေ ရဲ့ အဖေ ဆုံးသွားတာ (၁) နှစ်ပြည့်လေး ဖြစ်ပါတယ်..ကွယ်လွန်သူ အတွက် ရည်စူးပြီး အလှူ ကောင်းမှုများ ပြုလုပ် အမျှဝေပေးဖြစ်ခဲ့ပါတယ်….ကောင်းရာဘုံဘဝမှာ ရောက်ရှိပါစေ.သမီးလေးလဲ ဒီထက်မက အေးချမ်းလို့ သမီးကောင်းရတနာလေးဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့မိပါတယ်ရှင်..”လို့ အများသူဌာလဲ သာဓုခေါ်ဖို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ‌ရေးသားထားတာကို တွေ့ရပါတယ်။

ကဲ … Cele Only ပရိသတ်ကြီးရေ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ ရဲ့ အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ မင်းသမီး ကြီး ခိုင်နှင်းဝေ လဲ ဒီထက်မက ရင်ခွင်မဲ့ကလေးတွေနဲ့ ဒုက္ခရောက်နေသူတွေကို ပိုမိုကယ်တင်နိုင်ပါစေ၊ ပိုမိုလှူဒါန်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ZawGyi Version

ေမြးစားထားတဲ့ သမီးေလးရဲ႕ ဆုံးပါးသြားတဲ့ ဖခင္ျဖစ္သူအတြက္ ကုသိုလ္လုပ္ေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာ ခိုင္ႏွင္းေဝ ကေတာ့တစ္ေခတ္တစ္ခါက နာမည္ႀကီးဇာတ္ကားေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီးေတာ့ သ႐ုပ္ေဆာင္ခ်က္ေတြကလည္း ပီျပင္လြန္းတာေၾကာင့္ ပရိသတ္ေပါင္းမ်ားစြာရဲ႕ လက္ခံအားေပးျခင္းကို ရရွိထား မင္းသမီးေခ်ာတစ္လက္ပဲျဖစ္ပါတယ္။ သူမရဲ႕ထူးျခားခ်က္ကေတာ့ ပါးျပင္ေပၚက ပါးခ်ိဳင့္ေလးေတြပဲျဖစ္ပါတယ္။ ျဖဴစင္လြန္းတဲ့အၿပဳံးပိုင္ရွင္ ခိုင္ႏွင္းေဝ က႐ုပ္ရွင္ဇာတ္ကားေတြ ဆက္လက္႐ိုက္ကူးျခင္းမရွိပဲ လက္ရွိမွာေတာ့ ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ားေဂဟာကို ဖြင့္လွစ္ထားၿပီးေတာ့ စြန႔္ပစ္ခံကေလးေလးေတြကို ကူညီကယ္တင္လ်က္ရွိပါတယ္။

မင္းသမီး ခိုင္ႏွင္းေဝ ဟာ ေဂဟာသို႔ အကူအညီေတာင္းခံမူ႔ေၾကာင့္ ေခၚယူေမြးစားခဲ့တဲ့ သမီးေလးရဲ႕ ဆုံးပါးသြားတဲ့ ဖခင္ျဖစ္သူတစ္ႏွစ္ျပည့္အတြက္ ကုသိုလ္လုပ္ေပးခဲ့ပါတယ္။ ဖခင္အတြက္ကုသိုလ္ျပဳလုပ္ အမွ်ေပးေဝေပးခဲ့ၿပီး သမီးေလး ခိုင္ေအးခ်မ္းေမ ကိုလဲ အခုလိုပဲ ဆုေတာင္းေပးခဲ့ပါတယ္။ ” ဒီေန႔ သမီးေလး ခိုင္ေအးခ်မ္းေမ ရဲ႕ အေဖ ဆုံးသြားတာ (၁) ႏွစ္ျပည့္ေလး ျဖစ္ပါတယ္..ကြယ္လြန္သူ အတြက္ ရည္စူးၿပီး အလႉ ေကာင္းမႈမ်ား ျပဳလုပ္ အမွ်ေဝေပးျဖစ္ခဲ့ပါတယ္….ေကာင္းရာဘုံဘဝမွာ ေရာက္ရွိပါေစ.သမီးေလးလဲ ဒီထက္မက ေအးခ်မ္းလို႔ သမီးေကာင္းရတနာေလးျဖစ္ပါေစလို႔ ဆုေတာင္းေမတၱာပို႔မိပါတယ္ရွင္..”လို႔ အမ်ားသူဌာလဲ သာဓုေခၚဖို႔ သူမရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ‌ေရးသားထားတာကို ေတြ႕ရပါတယ္။

ကဲ … Cele Only ပရိသတ္ႀကီးေရ ပရဟိတမင္းသမီးႀကီး ခိုင္ႏွင္းေဝ ရဲ႕ အလႉေလးကို သာဓုေခၚဆိုခဲ့ပါအုန္းေနာ္။ မင္းသမီး ႀကီး ခိုင္ႏွင္းေဝ လဲ ဒီထက္မက ရင္ခြင္မဲ့ကေလးေတြနဲ႔ ဒုကၡေရာက္ေနသူေတြကို ပိုမိုကယ္တင္ႏိုင္ပါေစ၊ ပိုမိုလႉဒါန္းႏိုင္ပါေစလို႔ ဆုေတာင္းေမတၱာပို႔သအပ္ပါတယ္။

Latest Posts

Don't Miss