Monday, October 3, 2022

Latest Posts

မွေးရာပါ သွေးရောဂါ ခံစားနေရတဲ့ ကလေးငယ်ကို ဆေးရုံတင်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

Unicode Version

ပရိသတ်ကြီးရေ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ ကတော့အလှူရေစက် လက်နဲ့မကွာဆိုသလို အလှူအတန်းတွေကို တောက်လျှောက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ သူမဟာ ဟာ စွန့်ပစ်ခံကလေးငယ်လေးတွေကိုအဓိက စောက်‌ရှောက်ပေးနေတဲ့ သူပဲဖြစ်ပါတယ်။ ” ခိုင်” မိသားစု မိဘမဲ့ဂေဟာကို တည်ထောင်ထားပြီး ကလေးငယ်တွေကို လိုလေးသေးမရှိ ထိန်းသိမ်းစောက်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်နော်။ ဒါအပြင် မသန်စွမ်းဖြစ်နေတဲ့ လူနာတွေအတွက်လဲ ခြေတုလက်တု စက်ရုံတည်ဆောက်ဖို့ ကြိုးစားနေပါသေးတယ်။ ခိုင်နှင်းဝေ ဟာအရမ်းကို ကြည်နှုးဖို့ကောင်းတဲ့ အလှူအတန်းလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေ ဟာ နယ်ဘက်မှာ နေထိုင်တဲ့မွေးရာပါ သွေးရောဂါခံစာနေရတဲ့ သမီးငယ်လေးကို ဆေးရုံတင်ဖို့ကူညီပေးခဲ့ပြီး အလှူငွေများကိုပါ လှူဒါန်းခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ” ဆေးရုံတက်ဘို့ အခက်အခဲဖြစ်နေတဲ့ နယ်ဘက်မှ မွေးရာပါ သွေးရောဂါ ခံစားနေရသော သမီးလေးကို အလှူငွေ (၂) သိန်း စ,တင်လှူဒါန်းပေးပြီး ဆေးရုံတင်ပေးခဲ့ပါတယ်ရှင်..သမီးလေးက အလှလဲကြိုက် ချစ်ဘို့လဲ ကောင်းပါတယ်..ရောဂါဝေဒနာတွေ အမြန် ကင်းရှင်းပြီး အသက်ရှည် ကျန်းမာပါစေလို့ ဆုတောင်း မေတ္တာပို့သပေးပါတယ် သမီးရေ…” လို့ သူမရဲ့လူမှု့ကွန်ယက်မှာ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ဖော်ပြထားတာကိုတွေ့ရပါတယ်။

ကဲ… Cele Only ပရိသတ်ကြီးရေ မင်းသမီးကြီး ခိုင်နှင်းဝေ ရဲ့အလှူလေးကို သာဓုခေါ်ဆိုသွားခဲ့ကြပါအုန်းနော်။ ရောဂါခံစားနေရတဲ့ သမီးငယ်လေးလဲ ခံစားနေရတဲ့ ဝေဒနာတွေအားလုံး သက်သာပျောက်ကင်းပြီး အသက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss