Monday, October 3, 2022

Latest Posts

ရက်စက်ခဲ့တာတွေကို ဘယ်တော့မှမမေ့ပစ်လိုက်ပါနဲ့လို့ သတိပေးလိုက်ပြန်တဲ့ ဒါရိုက်တာ ကိုပေါက်

Unicode Version

ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ လူတိုင်းကချစ်ခင်ကြရတဲ့ ကိုပေါက်ကြီးကတော့ ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အပြင် ဇာတ်ကားတွေကိုလဲ ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ တစ်ဦးလဲဖြစ်တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှု့များစွာကို ရရှိထားသူကြီးတစ်ဦးလဲဖြစ်ပါတယ်နော်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်ပြတ်သားတဲ့ ကိုပေါက်ကိုတော့ ပြည်သူတွေအားလုံးက ပိုမိုချစ်ခင်ကြရပြန်ပါတယ်။

ဒါရိုက်တာ ကိုပေါက် ဟာ ရက်စက်ခဲ့တာတွေကို ဘယ်တော့မှမမေ့ပစ်လိုက်ပါနဲ့လို့ သတိပေးလိုက်ပြန်ပါတယ်။ ” ကလေးတွေ ပျော်ရွှင်တဲ့နေရာက နိုင်ငံဖြစ်ထွန်းတယ်။ အဖေအမေတွေ နေပျော်တဲ့နေရာက နိုင်ငံဖြစ်ထွန်းတယ်။ အခုတော့ အာဏာရူး လူတစ်စုကြောင့် အားလုံးပျက်စီးခဲ့ရပြီ။ ကလေးတွေ ပြန်လည်ပျော်ရွှင်ခွင့်ရဖို့ အဖေအမေတွေ နေပျော်ဖို့ ခင်ဗျားတို့ ကျနော်တို့မှ မရုန်းကန်ရင် ဘယ်သူတွေ ရုန်းကန်ကြမှာလဲ။ ဒီတာဝန်တွေက ဘယ်သူမှ မပေးလည်းကိုယ့်နှလုံးသားနဲ့ကိုယ် တာဝန်ယူကြရမယ်။ ကိုယ့်တစ်အိမ်တည်း စီးပွါးရေးအဆင်ပြေဖို့၊ကိုယ့်အိမ်တစ်အိမ်တည်း ဘေးရန်ကင်းဖို့၊ကိုယ့်အိမ်တအိမ်တည်း အေးမြဖို့ဦးတည်နေသောသူဟာ ငါဖြစ်နေသလား။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ မသိမသာဖြစ်လာတဲ့ သွေးအေးလာမှုတွေထဲမှာ သင်မပါပါစေနဲ.။ ဒီတကြိမ် ရုန်းလိုက်တာနဲ့ ကျနော်တို့ရဲ့ ခင်ဗျားတို့ရဲ့ကလေးတွေပျော်ရွှင်ရမယ်၊ကျနော်တို့ ခင်ဗျားတို့ရဲဲ့ အဖေအမေတွေ နေပျော်မှာလေ။ ဒီလိုအပျော်တွေနဲ့ဖြစ်ထွန်းမယ့် န်ိုင်ငံကို အတူတူသွားဖို့ အမြဲတန်း သွေးပူနေပါစေ။ သူတို့ရက်စက်ခဲ့တာတွေ ဘယ်တော့မှမမေ့ပါနဲ့” လို့ ကိုပေါက် ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှတစ်ဆင့် ရေးသားထားတာကို တွေ့ရပါတယ်။

ဒါရိုက်တာ ကိုပေါက် ကတော့ ပြည်သူတွေကို အမြဲတမ်းသွေးပူနေစေဖို့ သွေးမအေးသွားဖို့ အမြဲတမ်းသတိပေးနေသူတစ်ယောက်ဖြစ်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

ရက္စက္ခဲ့တာေတြကို ဘယ္ေတာ့မွမေမ့ပစ္လိုက္ပါနဲ႔လို႔ သတိေပးလိုက္ျပန္တဲ့ ဒါ႐ိုက္တာ ကိုေပါက္

ပရိသတ္ႀကီးေရ ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ ပရိသတ္ေတြနဲ႔မစိမ္းတဲ့ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။ လူတိုင္းကခ်စ္ခင္ၾကရတဲ့ ကိုေပါက္ႀကီးကေတာ့ ဇာတ္ကားေတြမွာ က်ရာဇာတ္႐ုပ္ကို အေကာင္းဆုံး အပိုင္ႏိုင္ဆုံး သ႐ုပ္ေဆာင္ႏိုင္တဲ့အျပင္ ဇာတ္ကားေတြကိုလဲ ဖန္တီး႐ိုက္ကူးႏိုင္တဲ့ ဒါ႐ိုက္တာ တစ္ဦးလဲျဖစ္တာေၾကာင့္ ပရိသတ္ခ်စ္ခင္အားေပးမႈ႕မ်ားစြာကို ရရွိထားသူႀကီးတစ္ဦးလဲျဖစ္ပါတယ္ေနာ္။ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနေတြနဲ႔ ပတ္သတ္ၿပီး အမွန္တရားကိုခ်စ္ျမတ္ႏိုးသူပီပီ ျပည္သူေတြဘက္ေန ျပတ္ျပတ္သားသားရပ္တည္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးလဲျဖစ္ပါတယ္။ ဒီလိုစိတ္ဓာတ္ျပတ္သားတဲ့ ကိုေပါက္ကိုေတာ့ ျပည္သူေတြအားလုံးက ပိုမိုခ်စ္ခင္ၾကရျပန္ပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ ဟာ ရက္စက္ခဲ့တာေတြကို ဘယ္ေတာ့မွမေမ့ပစ္လိုက္ပါနဲ႔လို႔ သတိေပးလိုက္ျပန္ပါတယ္။ ” ကေလးေတြ ေပ်ာ္႐ႊင္တဲ့ေနရာက ႏိုင္ငံျဖစ္ထြန္းတယ္။ အေဖအေမေတြ ေနေပ်ာ္တဲ့ေနရာက ႏိုင္ငံျဖစ္ထြန္းတယ္။ အခုေတာ့ အာဏာ႐ူး လူတစ္စုေၾကာင့္ အားလုံးပ်က္စီးခဲ့ရၿပီ။ ကေလးေတြ ျပန္လည္ေပ်ာ္႐ႊင္ခြင့္ရဖို႔ အေဖအေမေတြ ေနေပ်ာ္ဖို႔ ခင္ဗ်ားတို႔ က်ေနာ္တို႔မွ မ႐ုန္းကန္ရင္ ဘယ္သူေတြ ႐ုန္းကန္ၾကမွာလဲ။ ဒီတာဝန္ေတြက ဘယ္သူမွ မေပးလည္းကိုယ့္ႏွလုံးသားနဲ႔ကိုယ္ တာဝန္ယူၾကရမယ္။ ကိုယ့္တစ္အိမ္တည္း စီးပြါးေရးအဆင္ေျပဖို႔၊ကိုယ့္အိမ္တစ္အိမ္တည္း ေဘးရန္ကင္းဖို႔၊ကိုယ့္အိမ္တအိမ္တည္း ေအးျမဖို႔ဦးတည္ေနေသာသူဟာ ငါျဖစ္ေနသလား။ ကိုယ့္ကိုယ္ကိုယ္ျပန္ေမးၾကည့္ပါ။ မသိမသာျဖစ္လာတဲ့ ေသြးေအးလာမႈေတြထဲမွာ သင္မပါပါေစနဲ.။ ဒီတႀကိမ္ ႐ုန္းလိုက္တာနဲ႔ က်ေနာ္တို႔ရဲ႕ ခင္ဗ်ားတို႔ရဲ႕ကေလးေတြေပ်ာ္႐ႊင္ရမယ္၊က်ေနာ္တို႔ ခင္ဗ်ားတို႔ရဲဲ့ အေဖအေမေတြ ေနေပ်ာ္မွာေလ။ ဒီလိုအေပ်ာ္ေတြနဲ႔ျဖစ္ထြန္းမယ့္ န္ိုင္ငံကို အတူတူသြားဖို႔ အၿမဲတန္း ေသြးပူေနပါေစ။ သူတို႔ရက္စက္ခဲ့တာေတြ ဘယ္ေတာ့မွမေမ့ပါနဲ႔” လို႔ ကိုေပါက္ ဟာ သူ႔ရဲ႕လူမူ႔ကြန္ယက္ေပၚမွတစ္ဆင့္ ေရးသားထားတာကို ေတြ႕ရပါတယ္။

ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ ျပည္သူေတြကို အၿမဲတမ္းေသြးပူေနေစဖို႔ ေသြးမေအးသြားဖို႔ အၿမဲတမ္းသတိေပးေနသူတစ္ေယာက္ျဖစ္ပါတယ္ေနာ္။ အခ်ိန္ေပးၿပီး ဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Latest Posts

Don't Miss