Monday, October 3, 2022

Latest Posts

ရခိုင်ပြည်နယ်ကို အလည်အပတ်ရောက်ရှိနေတဲ့ အဆိုတော် သားငယ်

Unicode Version

ပရိသတ်ကြီးရေ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယျဥ်ပြိုင်ရင်း နာမည်ကြီးလာခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ အဆိုတော် သားငယ် ကိုတော့လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်နော်။ ရော့ခ်ဂီတကိုချစ်မြတ်နိုးပြီးတော့ ရော့ခ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သားငယ် ဟာအကြော်ရောင်းတဲ့ဘဝကနေ Myanmar Idol ဝင်ပြိုင်ရင်း Winner ဖြစ်ခဲ့တာကြောင့် ဘဝတစ်ကွေ့ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ ရခိုင်သားတစ်ဦးဖြစ်တဲ့ သားငယ် ဟာ လက်ရှိမှာ ရခိုင်ပြည်နယ်ကို အလည်အပတ်ရောက်ရှိနေတယ်လို့ သိရပါတယ်။

အဆိုတော် သားငယ် ဟာ ရခိုင်သားတစ်ဦးဖြစ်ပြီးတော့ အကြော်သည်ဘဝမှ အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ လက်ရှိမှာ ချစ်ဇနီးနဲ့အတူ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်တာရပ်နားထားတဲ့အဆိုတော် သားငယ် ဟာ ရခိုင်ပြည်နယ်ကို အလည်အပတ်ခရီးရောက်ရှိနေတယ်ဆိုတဲ့အကြောင်းကို ချစ်တဲ့ပရိသတ်ကို အသိပေးထားပြီးတော့ ရခိုင်လိုနှုတ်ဆက်စကားဆိုထားတဲ့အကြောင်းကို ” အဖိုးအဖီး ဇူဇာရို့မြေ……သာလီစွ” လို့ ဓာတ်ပုံလေးနဲ့အတူ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့သတင်းလေးကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ပရိသတ်ကြီးရေ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ အဆိုတော် သားငယ် ရဲ့ ဓာတ်ပုံလေးတွေကို ချစ်တဲ့ပရိသတ်ကြီးလဲ ကြည့်ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss