Friday, September 30, 2022

Latest Posts

ရင်ဘက်ထဲမှာရှိတဲ့ဘက်မှာ ရပ်တည်နေပါတယ်ဆိုတဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်

Unicode Version

အသံချိုချိုကြည်ကြည်လေးနဲ့ ဆွဲဆောင်မှု့ရှိလွန်းတဲ့ အသံပိုင်ရှင်အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့် ကတော့ ပရိသတ်တိုင်းချစ်ခင်နှစ်သက်ကြတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ အပြုံးချိုချိုလေးကိုပိုင်ဆိုင်ထားပြီး စိတ်ထားကောင်းတဲ့ သူမကတော့ မိဘကျေးဇူးကိုသိတတ်ပြီး မိခင်ဖြစ်သူကိုအရမ်းချစ်တတ်လွန်းသူလေးတစ်ယောက်ပါ။ ဒါကြောင့်လဲ မိခင်ဖြစ်သူအတွက် ရေးဖွဲ့ထားတဲ့ သီချင်းလေးတွေဖြစ်တဲ့ ” သမီးရဲ့မေမေ ၊ ဘယ်ပန်းချီရေးလို့မမှီ” စတဲ့ သီချင်းလေးတွေဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့ပါတယ်။ ။ မနေ့က ဒီဇင်ဘာလ ၅ရက်နေ့ မနက်ပိုင်းမှာ ဝမ်းနည်းစရာကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့တဲ့အပေါ် အိုင်ရင်း ဟာသူမရဲ့ဖေ့ဘွတ်ပရိုဖိုင်ကို အမဲရောင်လေးချိန်းပြီး ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် ရန်ကုန်လူထု သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်လာစဉ် စစ်တပ်က ကားဖြင့်တိုက်ပြီး သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် သပိတ်စစ်ကြောင်းမှ လူငယ် ၄ ဦး ကျဆုံးသွားခဲ့တဲ့သတင်းကြောင့် တစ်နိုင်ငံလုံးရှိပြည်သူတွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေအားလုံးလဲ စိတ်ဆိုးဒေါသထွက် ခဲ့ကြရပါတယ်။ ဒါကြောင့် အနုပညာရှင်တစ်ချို့ ဟာ သူတို့ရဲ့ ကိုယ်ပိုင်လူမှု့စာမျက်နှာဖေ့ဘွတ် Profile တွေကို အမဲရောင်အဖြစ်ပြောင်းလဲခဲ့ပြီး ဝမ်းနည်းခြင်းကိုပြသခဲ့ကြပါတယ်။ ဒီအနုပညာရှင်တွေထဲမှာ အဆိုတော်တစ်ဦးဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်လဲ အပါအဝင်ဖြစ်ပါတယ်။ ဒါအပြင် ” ရက်စက်မှု မညီမျှမှု ကိုယ်ချင်းစာမှုမရှိသူများနဲ့ဝေးရပါစေ ဘာလုပ်နေလဲမေးရင် ရင်ဘက်ထဲမှာရှိတဲ့ဘက်မှာရပ်နေပါတယ် “ဆိုတဲ့စာသားလေးကိုပါ ရေးသားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ …. အိုင်ရင်းနဲ့အတူ ပရိုဖိုင်အနက်ရောင်ချိန်းခဲ့တဲ့ အနုပညာရှင်များစွာလဲရှိပါသေးတယ်။ ဘယ်အနုပညာရှင်တွေက ပရိုဖိုင်အနက်ရောင် ချိန်းထားသေးလဲဆိုတာ ပရိသတ်ကြီးသိရင် ကောမန့်မှာ မန့်ခဲ့ပါအုန်းနော်။ မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

ရင္ဘက္ထဲမွာရွိတဲ့ဘက္မွာ ရပ္တည္ေနပါတယ္ဆိုတဲ့ အဆိုေတာ္ အိုင္ရင္းဇင္မာျမင့္

အသံခ်ိဳခ်ိဳၾကည္ၾကည္ေလးနဲ႔ ဆြဲေဆာင္မႈ႕ရွိလြန္းတဲ့ အသံပိုင္ရွင္အမ်ိဳးသမီးအဆိုေတာ္တစ္ဦးျဖစ္တဲ့ အိုင္ရင္းဇင္မာျမင့္ ကေတာ့ ပရိသတ္တိုင္းခ်စ္ခင္ႏွစ္သက္ၾကတဲ့ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ အၿပဳံးခ်ိဳခ်ိဳေလးကိုပိုင္ဆိုင္ထားၿပီး စိတ္ထားေကာင္းတဲ့ သူမကေတာ့ မိဘေက်းဇူးကိုသိတတ္ၿပီး မိခင္ျဖစ္သူကိုအရမ္းခ်စ္တတ္လြန္းသူေလးတစ္ေယာက္ပါ။ ဒါေၾကာင့္လဲ မိခင္ျဖစ္သူအတြက္ ေရးဖြဲ႕ထားတဲ့ သီခ်င္းေလးေတြျဖစ္တဲ့ ” သမီးရဲ႕ေမေမ ၊ ဘယ္ပန္းခ်ီေရးလို႔မမွီ” စတဲ့ သီခ်င္းေလးေတြဟာ ပရိသတ္ေတြၾကားမွာ နာမည္ႀကီးခဲ့ပါတယ္။ ။ မေန႔က ဒီဇင္ဘာလ ၅ရက္ေန႔ မနက္ပိုင္းမွာ ဝမ္းနည္းစရာကိစၥတစ္ခု ျဖစ္ေပၚခဲ့တဲ့အေပၚ အိုင္ရင္း ဟာသူမရဲ႕ေဖ့ဘြတ္ပ႐ိုဖိုင္ကို အမဲေရာင္ေလးခ်ိန္းၿပီး ဝမ္းနည္းေၾကာင္းျပသခဲ့ပါတယ္။

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္တြင္ ရန္ကုန္လူထု သပိတ္စစ္ေၾကာင္းက စစ္အာဏာရွင္ ဆန႔္က်င္ေရး ခ်ီတက္လာစဥ္ စစ္တပ္က ကားျဖင့္တိုက္ၿပီး ေသနတ္ျဖင့္ ပစ္ခတ္ၿဖိဳခြင္းခဲ့တာေၾကာင့္ သပိတ္စစ္ေၾကာင္းမွ လူငယ္ ၄ ဦး က်ဆုံးသြားခဲ့တဲ့သတင္းေၾကာင့္ တစ္ႏိုင္ငံလုံးရွိျပည္သူေတြအားလုံး စိတ္မေကာင္းျဖစ္ခဲ့ၾကရပါတယ္။ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္ေတြအားလုံးလဲ စိတ္ဆိုးေဒါသထြက္ ခဲ့ၾကရပါတယ္။ ဒါေၾကာင့္ အႏုပညာရွင္တစ္ခ်ိဳ႕ ဟာ သူတို႔ရဲ႕ ကိုယ္ပိုင္လူမႈ႕စာမ်က္ႏွာေဖ့ဘြတ္ Profile ေတြကို အမဲေရာင္အျဖစ္ေျပာင္းလဲခဲ့ၿပီး ဝမ္းနည္းျခင္းကိုျပသခဲ့ၾကပါတယ္။ ဒီအႏုပညာရွင္ေတြထဲမွာ အဆိုေတာ္တစ္ဦးျဖစ္တဲ့ အိုင္ရင္းဇင္မာျမင့္လဲ အပါအဝင္ျဖစ္ပါတယ္။ ဒါအျပင္ ” ရက္စက္မႈ မညီမွ်မႈ ကိုယ္ခ်င္းစာမႈမရွိသူမ်ားနဲ႔ေဝးရပါေစ ဘာလုပ္ေနလဲေမးရင္ ရင္ဘက္ထဲမွာရွိတဲ့ဘက္မွာရပ္ေနပါတယ္ “ဆိုတဲ့စာသားေလးကိုပါ ေရးသားခဲ့တာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးေရ …. အိုင္ရင္းနဲ႔အတူ ပ႐ိုဖိုင္အနက္ေရာင္ခ်ိန္းခဲ့တဲ့ အႏုပညာရွင္မ်ားစြာလဲရွိပါေသးတယ္။ ဘယ္အႏုပညာရွင္ေတြက ပ႐ိုဖိုင္အနက္ေရာင္ ခ်ိန္းထားေသးလဲဆိုတာ ပရိသတ္ႀကီးသိရင္ ေကာမန႔္မွာ မန႔္ခဲ့ပါအုန္းေနာ္။ ျမန္မာျပည္ႀကီး အာဏာရွင္ေဘးမွ အျမန္ဆုံးကင္းေဝးပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss