Friday, September 30, 2022

Latest Posts

ရည်မှန်းချက်တွေ ပြည့်စုံသွားတဲ့ ထားထက်ထက်

Unicode Version

ပရိသတ်ကြီးရေ… ထားထက်ထက် ကတော့ လက်ရှိမှာပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရတာကြောင့် လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ထောက်ပံ့ငွေ သိန်း ၂၅၀၀ ကို လှူဒါန်းဖို့တောင်းဆိုထားတာပဲဖြစ်ပါတယ်။ ထားထက်ထက် တောင်းဆိုထားတဲ့ သိန်း ၂၅၀၀ ဟာဆိုရင်တော့ ပြည့်သွားပြီပဲဖြစ်ပါတယ်။ အလှူငွေတွေ ပြည့်သွားတဲ့အကြောင်းကို ထားထက်ထက် ကအခုလိုပဲသူမရဲ့ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

ထားထက်ထက် ကတော့ ” လူသားချင်းစာနာမှုအထောက်အကူပြု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ကောက်ခံခဲ့တဲ့ အလှူငွေ ရည်မှန်းချက်ပြည့်ပါပြီရှင်…အားလုံးရဲ့ မေတ္တာနဲ့ လိုအပ်ချက် ၂၅၀၀ ပြည့်စုံခဲ့ပါပြီ…မေတ္တာနဲ့ ဖြည့်ဆည်းပေးတဲ့ ညီအကို မောင်နှမ တစ်ယောက်ချင်းစီတိုင်းကို နှလုံးသားအနက်ရှိုင်းဆုံးနေရာကလာတဲ့ ကျေးဇူးတင်ခြင်းမျိုးနဲ့ လေးစားကျေးဇူးတင်ပါတယ်ရှင်…ကျွန်မတို့တွေကမိဘနဲ့ဝေးနေတဲ့သားသမီး..ညီအကိုမောင်နှမတွေရဲ့အဝေးကိုရောက်နေတဲ့ ငပေ..ရင်တွင်းဆက် သူငယ်ချင်းတွေနဲ့ ဆက်သွယ်မရတဲ့သင်းကွဲ…အဲဒီလို ခံစားချက်မျိုးတွေနဲ့ပြည့်နေတဲ့ရင်ဘတ်တွေအတွက် အခုရတဲ့ အလှူငွေက သိပ်ကိုနွေးထွေးစေပါတယ်ရှင်… တပြည်လုံးက ငါတို့မိဘ ၊ တပြည်လုံးက ငါတို့မောင်နှမ ၊ တပြည်လုံးက ငါတို့သူငယ်ချင်း ဆိုတဲ့ခံစားချက် ရပါတယ်… ကျွန်မရဲ့ စာတိုက်ပုံးမှာ မဖြေရသေးတဲ့ စာအရေအတွက်က ထောင်ဂဏန်း ရှိနေဆဲပါ… ကြိုးစားပြီး တစ်စောင်မကျန် အကြောင်းပြန်ပါ့မယ်ရှင်… ပဒေသာပင် အလှူငွေကတော့ ပြည့်သွားခဲ့ပါပြီ…ဒါပေမယ့် comment တွေမှာ ရိက္ခာအခက်အခဲရှိနေတဲ့စခန်းတွေ ၊ ရှေ့တန်းရောက်နေတဲ့ မြို့နယ်အလိုက်သတ္တိခဲတွေ အတွက် မလှူလိုက်ရ မရှိလေအောင် အလှူခံပုံးကလေးကို တနင်္ဂနွေ ညအထိ ဆက်ထားပါ့မယ်ရှင့်…
တနင်္လာနေ့ မှာတော့ ကောက်ခံရရှိငွေများကို Singapore မှ ဝါရင့် Accountant အမ ၂ ယောက်ထံမှာ Audit လုပ်ပေးပါမယ်ရှင်… ရရှိတဲ့ အလှူငွေတွေကိုတော့ ရပ်ကွက်ကြီး (၅) (၆) (၇) မှာရှိတဲ့ ဆွမ်းကြီးလောင်း အဖွဲ့များကို ချိတ်ဆက်ရမိသမျှ ခွဲဝေသွားပါမယ်ရှင်… ယခုအကြိမ်မှာတော့ ရှေ့တန်းက သတ္တိခဲတွေကို စီစစ်ဖို့ ကျွန်မတို့ စွမ်ဆောင်နိုင်ခြင်း မရှိသေးတဲ့အတွက် ဝေမျှနိုင်ခြင်း မရှိတာကို မျက်နှာနာနာနဲ့ပဲ တောင်းပန်ပါတယ်… သီးခြားတိုက်ရိုက် အလှူများကိုလဲ မေဦးတို့ ၊ ကိုထွားတို့နဲ့ တိုက်ရိုက် ချိတ်ဆက်ပေးနေပါတယ်… ဆွမ်းလောင်းအဖွဲ့မှန်သမျှကို အလံတွေ တံဆိပ်တွေ မခွဲပဲ မိသားစုစိတ်ဓါတ်အပြည့်နဲ့ ဝေမျှသွားနိုင်ဖို့ သုတနည်းပညာရှင်များအကူအညီနဲ့ ဆောင်ရွက်လျက်ရှိပါတယ်… သူတို့ ၂ ရက်လောက် နေ့မအား ညမနား ဆောင်ရွက်ပေးနေပြီးဖြစ်လို့ မကြာမီ အဆင်ပြေသွားမယ်လို့ယူဆပါတယ်…Click to Donate အစီအစဉ်မှာ ကိုရေချမ်း (ခေတ္တ-ဂျပန်) ကို မကြာမီ ကူညီပေးသွားဖို့ ရှိပါတယ်… မေတ္တာပေးခဲ့ကြတဲ့မိဘညီအကိုမောင်နှမ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်လို့ အကြိမ်ကြိမ်ထပ်ပြောပါရစေရှင်…” လို့ သူမရဲ့ ဖေ့ဘွတ်အကောင့်ကနေ ကျေးဇူးတင်စကားဆိုထားပါတယ်။

ထားထက်ထက် ကတော့ ရရှိလာတဲ့ ငွေတွေကို လိုအပ်နေတဲ့အဖွဲ့တွေကို လှူဒါန်းသွားမယ်လို့လဲ ရေးသားထားပါတယ်။ သူမရဲ့ဖေ့ဘွတ်မှာလည်း မကြာသေးခင်က ကွယ်လွန်သွားတဲ့ ဖခင်ကြီးကိုလွမ်းနေကြောင်း ပြောပြထားပါတယ်။ ထားထက်ထက် ရေအလှူငွေတွေ ပြည့်သွားလို့ ပရိသတ်နဲ့ထပ်တူဝမ်းသာပါတယ်။

ZawGyi Version

ရည္မွန္းခ်က္ေတြ ျပည့္စုံသြားတဲ့ ထားထက္ထက္

ပရိသတ္ႀကီးေရ… ထားထက္ထက္ ကေတာ့ လက္ရွိမွာပုဒ္မ ၅၀၅ (က)နဲ႔ တရားစြဲဆိုခံထားရတာေၾကာင့္ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနၿပီးေတာ့ ေတာ္လွန္ေရးအတြက္ လိုအပ္ေနတဲ့ေထာက္ပံ့ေငြ သိန္း ၂၅၀၀ ကို လႉဒါန္းဖို႔ေတာင္းဆိုထားတာပဲျဖစ္ပါတယ္။ ထားထက္ထက္ ေတာင္းဆိုထားတဲ့ သိန္း ၂၅၀၀ ဟာဆိုရင္ေတာ့ ျပည့္သြားၿပီပဲျဖစ္ပါတယ္။ အလႉေငြေတြ ျပည့္သြားတဲ့အေၾကာင္းကို ထားထက္ထက္ ကအခုလိုပဲသူမရဲ႕ေဖ့ဘြတ္မွာ ေရးသားထားပါတယ္။

ထားထက္ထက္ ကေတာ့ ” လူသားခ်င္းစာနာမႈအေထာက္အကူျပဳ လုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ဖို႔ေကာက္ခံခဲ့တဲ့ အလႉေငြ ရည္မွန္းခ်က္ျပည့္ပါၿပီရွင္…အားလုံးရဲ႕ ေမတၱာနဲ႔ လိုအပ္ခ်က္ ၂၅၀၀ ျပည့္စုံခဲ့ပါၿပီ…ေမတၱာနဲ႔ ျဖည့္ဆည္းေပးတဲ့ ညီအကို ေမာင္ႏွမ တစ္ေယာက္ခ်င္းစီတိုင္းကို ႏွလုံးသားအနက္ရႈိင္းဆုံးေနရာကလာတဲ့ ေက်းဇူးတင္ျခင္းမ်ိဳးနဲ႔ ေလးစားေက်းဇူးတင္ပါတယ္ရွင္…ကြၽန္မတို႔ေတြကမိဘနဲ႔ေဝးေနတဲ့သားသမီး..ညီအကိုေမာင္ႏွမေတြရဲ႕အေဝးကိုေရာက္ေနတဲ့ ငေပ..ရင္တြင္းဆက္ သူငယ္ခ်င္းေတြနဲ႔ ဆက္သြယ္မရတဲ့သင္းကြဲ…အဲဒီလို ခံစားခ်က္မ်ိဳးေတြနဲ႔ျပည့္ေနတဲ့ရင္ဘတ္ေတြအတြက္ အခုရတဲ့ အလႉေငြက သိပ္ကိုေႏြးေထြးေစပါတယ္ရွင္… တျပည္လုံးက ငါတို႔မိဘ ၊ တျပည္လုံးက ငါတို႔ေမာင္ႏွမ ၊ တျပည္လုံးက ငါတို႔သူငယ္ခ်င္း ဆိုတဲ့ခံစားခ်က္ ရပါတယ္… ကြၽန္မရဲ႕ စာတိုက္ပုံးမွာ မေျဖရေသးတဲ့ စာအေရအတြက္က ေထာင္ဂဏန္း ရွိေနဆဲပါ… ႀကိဳးစားၿပီး တစ္ေစာင္မက်န္ အေၾကာင္းျပန္ပါ့မယ္ရွင္… ပေဒသာပင္ အလႉေငြကေတာ့ ျပည့္သြားခဲ့ပါၿပီ…ဒါေပမယ့္ comment ေတြမွာ ရိကၡာအခက္အခဲရွိေနတဲ့စခန္းေတြ ၊ ေရွ႕တန္းေရာက္ေနတဲ့ ၿမိဳ႕နယ္အလိုက္သတၱိခဲေတြ အတြက္ မလႉလိုက္ရ မရွိေလေအာင္ အလႉခံပုံးကေလးကို တနဂၤေႏြ ညအထိ ဆက္ထားပါ့မယ္ရွင့္…တနလၤာေန႔ မွာေတာ့ ေကာက္ခံရရွိေငြမ်ားကို Singapore မွ ဝါရင့္ Accountant အမ ၂ ေယာက္ထံမွာ Audit လုပ္ေပးပါမယ္ရွင္… ရရွိတဲ့ အလႉေငြေတြကိုေတာ့ ရပ္ကြက္ႀကီး (၅) (၆) (၇) မွာရွိတဲ့ ဆြမ္းႀကီးေလာင္း အဖြဲ႕မ်ားကို ခ်ိတ္ဆက္ရမိသမွ် ခြဲေဝသြားပါမယ္ရွင္… ယခုအႀကိမ္မွာေတာ့ ေရွ႕တန္းက သတၱိခဲေတြကို စီစစ္ဖို႔ ကြၽန္မတို႔ စြမ္ေဆာင္ႏိုင္ျခင္း မရွိေသးတဲ့အတြက္ ေဝမွ်ႏိုင္ျခင္း မရွိတာကို မ်က္ႏွာနာနာနဲ႔ပဲ ေတာင္းပန္ပါတယ္… သီးျခားတိုက္႐ိုက္ အလႉမ်ားကိုလဲ ေမဦးတို႔ ၊ ကိုထြားတို႔နဲ႔ တိုက္႐ိုက္ ခ်ိတ္ဆက္ေပးေနပါတယ္… ဆြမ္းေလာင္းအဖြဲ႕မွန္သမွ်ကို အလံေတြ တံဆိပ္ေတြ မခြဲပဲ မိသားစုစိတ္ဓါတ္အျပည့္နဲ႔ ေဝမွ်သြားႏိုင္ဖို႔ သုတနည္းပညာရွင္မ်ားအကူအညီနဲ႔ ေဆာင္႐ြက္လ်က္ရွိပါတယ္… သူတို႔ ၂ ရက္ေလာက္ ေန႔မအား ညမနား ေဆာင္႐ြက္ေပးေနၿပီးျဖစ္လို႔ မၾကာမီ အဆင္ေျပသြားမယ္လို႔ယူဆပါတယ္…Click to Donate အစီအစဥ္မွာ ကိုေရခ်မ္း (ေခတၱ-ဂ်ပန္) ကို မၾကာမီ ကူညီေပးသြားဖို႔ ရွိပါတယ္… ေမတၱာေပးခဲ့ၾကတဲ့မိဘညီအကိုေမာင္ႏွမ တစ္ဦးခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္လို႔ အႀကိမ္ႀကိမ္ထပ္ေျပာပါရေစရွင္…” လို႔ သူမရဲ႕ ေဖ့ဘြတ္အေကာင့္ကေန ေက်းဇူးတင္စကားဆိုထားပါတယ္။

ထားထက္ထက္ ကေတာ့ ရရွိလာတဲ့ ေငြေတြကို လိုအပ္ေနတဲ့အဖြဲ႕ေတြကို လႉဒါန္းသြားမယ္လို႔လဲ ေရးသားထားပါတယ္။ သူမရဲ႕ေဖ့ဘြတ္မွာလည္း မၾကာေသးခင္က ကြယ္လြန္သြားတဲ့ ဖခင္ႀကီးကိုလြမ္းေနေၾကာင္း ေျပာျပထားပါတယ္။ ထားထက္ထက္ ေရအလႉေငြေတြ ျပည့္သြားလို႔ ပရိသတ္နဲ႔ထပ္တူဝမ္းသာပါတယ္။

Latest Posts

Don't Miss