Monday, October 3, 2022

Latest Posts

ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး သတင်း‌မှားတွေကို ဖြေရှင်းလိုက်တဲ့ ထားထက်ထက်

Unicode Version

ပရိသတ်ကြီးရေ မော်ဒယ်သရုပ်ဆောင် ထားထက်ထက် ကတော့ဖေဖော်ဝါရီကကတည်းက ပြည်သူတွေဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမကတော့လက်ရှိမှာ ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားနေပါတယ်။ ထားထက်ထက် ကိုတော့ စစ်ကောင်စီဘက်ကနေ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုထားတာကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း လွတ်မြောက်နယ်မြေမှာ ဒီမိုကရေစီရရှိရေးအတွက် တာဝန်ထမ်းဆောင်နေပါတယ်။ ဒီနေ့မှာတော့ သူမရည်းစားနဲ့ပတ်သတ်တဲ့ သတင်းအမှားတွေ ပျံ့နှံ့နေတဲံအပေါ် အခုလိုပဲ ဖြေရှင်းထားပါတယ်။

” ရည်းစားနဲ့ ပြတ်တာ လူသိရှင်ကြား ရှင်းရမယ့် ကိစ္စလို့ကို မထင်ပါဘူး…Sponsor ဆိုတဲ့ စကားလုံးအတွက် ဒီစာစုကို လိပ်ပြာသန့်သန့် နဲ့ ရေးလိုက်ပါတယ်…၁၊ ကျွန်မတို့ အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့ ၄ နှစ် ကြာ ရည်းစား ဖြစ်ခဲ့ပါတယ်…၂၊ ငွေကြေး ၊ တိုက်ခန်း ၊ ကား ၊ လက်ဝတ်ရတနာ စတဲ့ တန်ဖိုးကြီး လက်ဆောင်ပစ္စည်း တခုမှ မယူခဲ့ဖူးပါ…၃၊ နှစ်ဖက် သဘောထား မတိုက်ဆိုင်တဲ့ အတွက် ၂၀၁၉ မှာ ကျွန်မဖက်ကနေပဲ စတင်ခွင့်တောင်းခဲ့ပြီး အေးအေးဆေးဆေး လမ်းခွဲခဲ့ပါတယ်…၄၊ ဒီလိုခေတ်ကြီးမှာ မိန်းမ တယောက်ကို ထိုးနှက်တိုက်ခိုက်ဖို့ အခြားနည်း မစဉ်းစားတတ်ကြတာ အံ့ဩပါတယ်…၅၊ အခုလို တိုက်ခိုက်ခြင်း အပေါ် ကျွန်မ မဟုတ်တာ မလုပ်ထားတဲ့ အတွက် ကျွန်မ ရဲ့ လိပ်ပြာ သည် သန့်လျက် ၊ ကြည်လျက် ၊ လင်းလျက်…”သူမရဲ့ဖေ့ဘွတ်မှာ ‌ရေးသားထားပါတယ်။

ရည်းစားဟောင်းနဲ့ပတ်သတ်ပြီး သတင်း‌မှားတွေကို ဖြေရှင်းလိုက်တဲ့ ထားထက်ထက်

ပရိသတ်ကြီးရေ လေးနှစ်ကျော်ကြာအောင် တွဲခဲ့တဲ့ရည်းစားနဲ့ပတ်သတ်ပြီး သတင်းအမှားတွေကို လူတစ်စုကတေ့ရည်ရွယ်ချက်ရှိရှိဖြန့်နေတဲ့သတင်းအမှားတွေကို ထားထက်ထက်ကပရိသတ်တွေကိုအသိပေးထားတဲ့သတင်းလေးကို မျှဝေပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss