Friday, September 30, 2022

Latest Posts

ရုတ်တရတ် ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာသံစဥ်အဆိုတော် ပိုင်သက်ကျော်

Unicode Version

မြန်မာသံစဥ်သီချင်းကောင်းများစွာကို သီဆိုထားပြီး နယ်ပရိသတ်တွေများစွာ ပိုင်ဆိုင်ထားတဲ့ တေးသံရှင် ပိုင်သက်ကျော် ကိုတော့ မြန်မာသံစဥ်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေ သိကြလိမ့်မယ်ထင်ပါတယ်။ ဒီနေ့မှာတော့ အဆိုတော် ပိုင်သက်ကျော် နဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းလေးတစ်ပုဒ် မျှဝေပေးချင်ပါတယ်။

ဒီကနေ မတ်လ ၂ ရက်နေ့ မနက်အစောပိုင်း ၄ နာရီခန်းတွင် သူနေထိုင်ရာ လှိုင်သာယာ နဝဒေးအိမ်ရာမှာ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သတင်းတွေမှတစ်ဆင့် သိရပါတယ်။ ပိုင်သက်ကျော် ကို CDM သမားတွေထောက်ပံ့လို့ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။ “CDM တွေကို ထောက်ပံ့တယ်ဆိုပြီး သူနေတဲ့ လှိင်သာယာ၊ နဝဒေးအိမ်ရာမှာ ဝင်ဖမ်းသွားတာဗျ၊ CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတာဗျ၊ ဖုန်းတွေလည်း သိမ်းသွားတယ်။ အခုထိ ဆက်သွယ်လိုတော့ မရသေးဘူး” လို့ မီဒီယာတစ်ခုမှာ ပြောပြာထားတာကို‌ တွေ့ရပါတယ်။

မြန်မာသံစဥ် အဆိုတော် ပိုင်သက်ကျော် ဟာ မသန်စွမ်းသူတဦးဖြစ်ပြီး လက်ရှိအချိန်မှာ ဘယ်နေရာကို ဖမ်းဆီး ခေါ်ဆောင်ပြီး စစ်ဆေးနေတယ်ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။

ZawGyi Version





Latest Posts

Don't Miss