Tuesday, October 4, 2022

Latest Posts

ရုပ်ပဲကျတာပါ စိတ်ဓာတ်ဘယ်တော့မှမကျဖူးဆိုတဲ့ ညီနန္ဒ

Unicode Version

သရုပ်ဆောင် ညီနန္ဒ ကတော့ ကျရာဇာတ်ရုပ်ကို ပီပီပင်ပင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို အခိုင်အမာရရှိထားပါတယ်။ ဒါအပြင် တော်လှန်ရေးမှာလဲ ပြည်သူတွေဘက်ကရပ်တည်ပေးခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့တရားဆွဲဆိုခံထားရတာဖြစ်ပါတယ် ဒါကြောင့်လဲ အချိန်မှီပြေးလွှားတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ မိသားစုကို ပြစ်ထားခဲ့ရပြီး အဝေးတစ်နေရာမှာ နေထိုင်ခဲ့ရတာကြောင့် ဖခင်ကြီးရဲ့ နာရေးကိုတောင် အဝေးကနေပဲ ကန်တော့ခဲ့ရတာပါ။

သရုပ်ဆောင် ညီနန္ဒ ကတော့ မိသားစုနဲ့ တကွဲတပြားနေထိုင်နေရပြီး‌ တစ်ဦးတည်းသော သမီးလေးကိုလည်း သတိရလွမ်းဆွတ်နေပါသေးတယ်။ ညီနန္ဒ ကတော့ဒီနေ့မှာ သူရဲ့ဖေ့ဘွတ်မှာ ရုပ်ရည်နဲ့ပတ်သတ်ပြီး ” ရုပ်ပဲကျတာပါ…စိတ်ဓါတ်ကဘယ်တော့မှမကျပါဘူး…စကားမစပ်…နှုတ်ခမ်းမွှေးနဲ့မှုတ်ဆိတ်မွှေးတွေက ဆေးဆိုးလို့ရလားဗျ…ဖြူနေလို့ပါ…” လို့ ‌ရေးသားထားပါတယ်။ ညီနန္ဒ ကိုချစ်တဲ့ပရိသတ်တွေကတော့ ရုပ်ကျလည်းအရင်ထက်ပိုအားပေးတယ်ဆိုပြီး ကောမန့်ထည်းမှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ညီနန္ဒ ကတော့ စိတ်ဓာတ်ဘယ်တော့မှမကျပါဘူးတဲ့နော်။ တော်လှန်ရေးအတွင်းမှာရော တော်လှန်ရေးပြီးဆုံးသွားချိန်မှာရော ဒီလိုအနုပညာရှင်တွေကို ပိုပီးအားပေးကြပါလို့ တိုက်တွန်းရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးနဲ့ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

ZawGyi Version





Latest Posts

Don't Miss