Monday, October 3, 2022
Latest Posts
လက်ထပ်တော့မယ်လို့ ကြေညာလိုက်တဲ့ T-ara အဖွဲ့ဝင် Jiyeon
UNICODE VERSION
T-ara အဖွဲ့ဝင် Jiyeon ဟာ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမား Hwang Jae Gyun နဲ့ လက်ထပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီ 10 ရက်နေ့မှာ Jiyeon က အောက်ဖော်ပြပါ လက်ရေးစာနဲ့ သူတို့စုံတွဲရဲ့ ဓာတ်ပုံအချို့ကို ပရိသတ်တွေနဲ့ မျှဝေခဲ့ပါတယ်။
သူမက အောက်ပါအတိုင်း ရေးသားခဲ့တာပဲဖြစ်ပါတယ်။ “ဟယ်လို Jiyeon ပါ။ ပရိသတ်တွေကို တိုက်ရိုက်ပြောပြချင်တဲ့ ဇာတ်လမ်းတစ်ခုရှိလို့ ဒီစာကိုရေးဖို့ သတ္တိရှိခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ပွဲဦးထွက်ခဲ့ပြီး အချိန်တွေကုန်လွန်ခဲ့ပြီး အသက် 30 ပြည့်သွားပါပြီ။ ကျွန်မ debut လုပ်ပြီးနောက် ငယ်ငယ်ကတည်းက အရာရာကို ကြောက်တတ်တယ်၊ ဆယ်ကျော်သက်အရွယ်မှာ စိုးရိမ်မှုတွေကနေ ရုန်းထွက်ပြီး အသက် 20 ဝန်းကျင်မှာတောင် ခက်ခဲတဲ့အချိန်တွေမှာ အရှုံးပေးချင်တဲ့အခါ နင်က ငါ့ကို အမြဲတမ်း တိတ်တိတ်လေး ဆုပ်ကိုင်ထားခဲ့တယ်။ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်းကို ဖြတ်ကျော်နိုင်ဖို့အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်မကို ယုံကြည်ပြီး အားပေးတဲ့ ပရိသတ်တွေကို တခြားသူတွေရဲ့ စကားလုံးတွေ၊ အရေးအသားတွေနဲ့မဟုတ်ဘဲ ပရိသတ်တွေကို အရင်ဆုံး ပြောပြချင်ပါတယ်။ ကျွန်မမှာ မနှစ်က ဆုံဖူးတဲ့ ရည်းစားတစ်ယောက် ရှိပါတယ် သူနဲ့တွေ့ဆုံရတာ အသိအကျွမ်းနဲ့ တွေ့သလိုပဲ ကျွန်မကို ခံစားချက်ကော‌င်းစေပါတယ်။ ကျွန်မရဲ့ ဘ၀ရဲ့ လက်ဆောင်ကောင်းတစ်ခုဖြစ်တဲ့ ကျွန်မရဲ့ ကောင်လေးနဲ့ လာမယ့်ဆောင်းရာသီမှာလက်ထပ်ဖို့ ကတိပြုခဲ့ပါတယ်။ ကျွန်မကို အမြဲတမ်းဂရုစိုက်ပေးပြီး ပျော်ရွှင်မှုဆိုတာဘာလဲဆိုတာ သင်ပေးတယ်။
ကျွန်မ မတည်မငြိမ်ဖြစ်တဲ့အခါမှာလည်း သူရဲ့ ပခုံးပေါ်မှာနားခိုခွင့်ပေးပြီး ယုံကြည်စိတ်ချရတဲ့ ချစ်သူတစ်ယောက်နဲ့ သာယာပျော်ရွှင်တဲ့ဘဝကို ဖြတ်သန်းသွားမှာပါ။ ကျွန်မ ရုတ်တရက်ပြောလိုက်ရတဲ့သတင်းကြောင့် မင်းတို့ အံအားသင့်သွားမှာကိုတော့စိုးရိမ်မိပါတယ်။ ဒီပျော်ရွှင်မှုတွေကိုမင်းတို့နဲ့ အတူ‌‌‌‌ဝေမျှပေးမယ့်နေ့လေးလည်းရောက်လာတော့မှာပါ။ ဒီစာကိုရေးနေတုန်းငါရင်တွေခုန်ပြီးစိတ်လှုပ်ရှားရပါတယ်။ ပရိတ်သတ်တွေ ပေးပို့တဲ့ အားပေးချစ်ခင်မှုတွေအတွက် နောင်မှာလည်း ကောင်းမွန်တဲ့ ပုံရိပ်လေးတွေနဲ့ ပြန်လည်ပေးဆပ်သွားပါ့မယ်။ကျေးဇူးတင်ပါတယ်၊ ငါမင်းကိုချစ်တယ်။” လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။
Jiyeon ‌လေးအတွက် ပျော်ရွှင်မှုပေးနိုင်တဲ့ယောကျ်ားကောင်းတစ်ယောက်နဲ့ဆုံတွေ့ခဲ့တဲ့အတွက်၀မ်းသာပျော်ရွှင်ရပါတယ်။ ဒီ့ထက်မကလည်းပျော်ရွှင်ပါစေလို့ဆုတောင်းပေးရင်ဂုဏ်ပြုပေးလိုက်ရပါတယ်။
ZAWGYI VERSION
Latest Posts
Don't Miss