Monday, October 3, 2022

Latest Posts

လူမဆန်တဲ့လူတစ်ယောက်ကြောင့် ဂစ်တာလွယ်ထားတဲ့ပုခုံးမှာ သေနတ်တွေ ရှိလာခဲ့တယ်ဆိုတဲ့ ကိုပေါက်

Unicode Version

ဒါရိုက်တာ ကိုပေါက် ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ခဲ့ပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်းခံရပြီး ဘေးကင်းရာကိုရှောင်တိမ်းနေခဲ့ရပါတယ်။ အခုဆိုရင်တော့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ကိုပေါက် ကတော့လူသားမဆန်တဲ့ လူတစ်ယောက်ကြောင့် ပြည်သူတွေထိခိုက်ခဲ့ရတဲ့အကြောင်းကို ရင်ဖွင့်ရေးသားထားပါတယ်။

“သီချင်းများနဲ့လူ ဒီကမ္ဘာကိုငြိမ်းချမ်းစေဖို့ သီးချင်းတွေဆိုညည်းရင်း တော်လှန်ရေးခရီးကြမ်းကိုလျှောက်တဲ့အခါ ယမ်းငွေ့တွေက ပန်းရနံ့တွေဖြစ်ဖို့ သေနတ်ပြောင်းဝမှာ ပန်းတွေပွင့်ဖို့ စိတ်ကူးယဉ်ခဲ့သမျှ အရာရာ အိပ်မက်လို လွင့်ပျယ်ကုန်တယ်။ လူတစ်ယောက်ကသာ လူသားဆန်ခဲ့ရင်ဂစ်တာလွယ်ထားတဲ့ ပုခုံးမှာ သေနတ်တွေရှိလာမှာမဟုတ်ဘူး။ ဒီကမ္ဘာကိုသာယာလာအောင်ကူညီနိုင်ဖို့ သီချင်းတွေကို လွယ်ပိုးရင်း ဘယ်တော့ဆုံးမှာမသိတဲ့လမ်းတွေကို နောက်ပြန်မကြည့်ဘဲ ဆက်လျှောက်နေအုံးမယ်။ “လို့ ဒါရိုက်တာ ကိုပေါက် က သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ အခုလိုပဲ ရေးသားထားတဲ့သတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Cele Only…ပရိသတ်ကြီးရေ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ခက်ခက်ခဲခဲ စစ်ကောင်စီကိုတွန်းလှန်နေတဲ့ ဒါရိုက်တာ ကိုပေါက် ကိုအားပေးစကားလေးတွေ ပြောခဲ့ပါအုန်းနော်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၉ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ZawGyi Version

လူမဆန္တဲ့လူတစ္ေယာက္ေၾကာင့္ ဂစ္တာလြယ္ထားတဲ့ပုခုံးမွာ ေသနတ္ေတြရွိလာခဲ့တယ္ဆိုတဲ့ ကိုေပါက္

ဒါ႐ိုက္တာ ကိုေပါက္ ကေတာ့ေတာ္လွန္ေရးႀကီးမွာျပည္သူေတြနဲ႔အတူအမွန္တရားဘက္ကပါဝင္ခဲ့ၿပီးလမ္းထြက္ကာလူထုလႈပ္ရွားမႈေတြမွာ အားတက္သေရာပါဝင္ခဲ့တာေၾကာင့္ပုဒ္မ၅၀၅ကျဖင့္ မတရားအမႈဖြင့္ထားျခင္းခံရၿပီး ေဘးကင္းရာကိုေရွာင္တိမ္းေနခဲ့ရပါတယ္။ အခုဆိုရင္ေတာ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတာပဲျဖစ္ပါတယ္။ ကိုေပါက္ ကေတာ့လူသားမဆန္တဲ့ လူတစ္ေယာက္ေၾကာင့္ ျပည္သူေတြထိခိုက္ခဲ့ရတဲ့အေၾကာင္းကို ရင္ဖြင့္ေရးသားထားပါတယ္။

“သီခ်င္းမ်ားနဲ႔လူ ဒီကမာၻကိုၿငိမ္းခ်မ္းေစဖို႔ သီးခ်င္းေတြဆိုညည္းရင္း ေတာ္လွန္ေရးခရီးၾကမ္းကိုေလွ်ာက္တဲ့အခါ ယမ္းေငြ႕ေတြက ပန္းရနံ႔ေတြျဖစ္ဖို႔ ေသနတ္ေျပာင္းဝမွာ ပန္းေတြပြင့္ဖို႔ စိတ္ကူးယဥ္ခဲ့သမွ် အရာရာ အိပ္မက္လို လြင့္ပ်ယ္ကုန္တယ္။ လူတစ္ေယာက္ကသာ လူသားဆန္ခဲ့ရင္ဂစ္တာလြယ္ထားတဲ့ ပုခုံးမွာ ေသနတ္ေတြရွိလာမွာမဟုတ္ဘူး။ ဒီကမာၻကိုသာယာလာေအာင္ကူညီႏိုင္ဖို႔ သီခ်င္းေတြကို လြယ္ပိုးရင္း ဘယ္ေတာ့ဆုံးမွာမသိတဲ့လမ္းေတြကို ေနာက္ျပန္မၾကည့္ဘဲ ဆက္ေလွ်ာက္ေနအုံးမယ္။ “လို႔ ဒါ႐ိုက္တာ ကိုေပါက္ က သူ႔ရဲ႕လူမႈ႕ကြန္ယက္ေပၚမွာ အခုလိုပဲ ေရးသားထားတဲ့သတင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Cele Only…ပရိသတ္ႀကီးေရ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမမွာ ခက္ခက္ခဲခဲ စစ္ေကာင္စီကိုတြန္းလွန္ေနတဲ့ ဒါ႐ိုက္တာ ကိုေပါက္ ကိုအားေပးစကားေလးေတြ ေျပာခဲ့ပါအုန္းေနာ္။ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ ရက္က စတင္ကာ အၾကမ္းဖက္စစ္ေကာင္စီက ႏိုင္ငံေတာ္အာဏာကို သိမ္းယူခဲ့တဲ့ ကာလဟာ ၉ လနီးပါး ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

Latest Posts

Don't Miss