Friday, September 30, 2022

Latest Posts

လူမှန်၊နေရာမှန် နဲ့ အနုပညာရှင်တွေကို ပြန်တွေ့ရတော့မှာမို့ ပီတိဖြစ်နေတဲ့ သရုပ်ဆောင် မေပန်းချီ

ပရိသတ်ကြီးရေ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် မေပန်းချီ ကတော့ ရုပ်ရှင်ဇာတ်ကားများမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ချစ်ခင်နှစ်သက်အားပေးမှု့ကို ရရှိထားသူလေးတဟ်ယောက်ဖြစ်ပါတယ်။ ဝါရင့်အနုပညာရှင်တွေနဲ့အပြိုင် ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သဘဝဆန်ဆန် အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ မေပန်းချီ ဟာသူမရဲ့လုပ်ဖော်ကိုင်ဘက် အနုပညာရှင်တွေ ပြန်လည်လွတ်မြောက်လာလို့ ဝမ်းသာမဆုံးဖြစ်နေပါတယ်။

ဇာတ်ပို့သရုပ်ဆောင် မေပန်းချီ ဟာ ဝါရင့်သရုပ်ဆောင် မင်းသားမင်းသမီးတွေနဲ့ တွဲဖက်ပြီးရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးထားတာကြောင့် အနုပညာလောကက သရုပ်ဆောင်တွေအားလုံးနဲ့ ခင်မင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ မြန်မာ့နွေဦးတော်လှန်းရေးမှာ ပြည်သူတွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ ” နေရာမှန် လူမှန်တွေနဲ့ အနုပညာလောက မှာ ပြန်တွေ့ရတော့ မဲ့ ကိုယ်အားကျရတဲ့ အနုပညာရှင်များ အတွက် ကြည်နူး ပီတိဖြစ်ရပါတယ် သူတို့တွေနဲ့သာဆို ဘယ်နေရာလေးပဲရရ ကျေနပ်စွာရိုက်ချင်နေခဲ့သေးတာ သူတို့မရှိခင် ကိုယ်ကဈေးသည်လုပ်ပါတယ်” လို့ သူမရဲ့ဖေ့ဘွတ်မှာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားပါတယ်။

ပရိသတ်ကြီးရေ အနုပညာလောကမှာ လူမှန်နေမှန် အနုပညာရှင်တွေ ပြန်လည်ရောက်ရှိလာတာကြောင့် မေပန်းချီ နဲ့ အတူ ပရိသတ်တွေလဲ ထပ်တူဝမ်းမြောက်နေကြမှာပဲနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

လူမှန်၊နေရာမှန်တွေကို အနုပညာလောကမှာ ပြန်တွေ့ရတော့မှာမို့ ပီတိဖြစ်နေတဲ့ သရုပ်ဆောင် မေပန်းချီ




Latest Posts

Don't Miss