Tuesday, October 4, 2022

Latest Posts

လူဆိုးတွေကိုချစ်ကြည့်ပါဆိုပြီး ချစ်သူသစ်လေးနဲ့ ဓာတ်ပုံတွေ တင်လိုက်တဲ့ အဆိုတော် ဝန

Unicode Version

ပရိသတ်ကြီးရေ ရော့ခ်သီချင်းအကြမ်းစားတွေကို ဖန်တီးသီဆိုတတ်ပြီး နာမည်ကြီးလူကြိုက်များလာတဲ့ အဆိုတော် ဝန ကိုတော့အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်‌။ ဒါအပြင် အချစ်သီချင်းချိုချိုလေးတွေကိုလဲ ပရိသတ်ရင်ထဲရောက်အောင် ဖန်တီးသီဆိုနိုင်တာကြောင့်လဲ သူ့ရဲ့သီချင်းတွေဟာ အရမ်းကိုအောင်မြင်ကျော်ကြားပါတယ်။ “အနီးဆုံးလူ”ဆိုတဲ့သီချင်းလေးဟာလဲ ယောက်ကျားလေးပရိသတ်တွေ အရမ်းကိုကြိုက်နှစ်သက်ကြတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

အရင်ချိန်က ဆံပင်ရှည်ကြီးနဲ့ ရော့ခ်သီချင်းကြမ်းကြမ်းတွေကို သီဆိုတတ်တဲ့ ဝန ဟာ အရင်ချိန်က ၁၀ နှစ်တာတွဲခဲ့တဲ့ ချစ်သူနဲ့လက်ထပ်ပွဲပျက်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဂီတလောကမှ ပျောက်ကွယ်နေတာ ကြာနေပါပြီနော်။ ဒီကနေ့မှာတော့ ရော့ခ်အဆိုတော်ကြီး ဝန ရဲ့ ဝမ်းသာစရာသတင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ လက်ရှိချိန်မှာတော့ အဆိုတော် ဝန ဟာ လိုက်ဖက်ပြီး ချစ်ရတဲ့ ချစ်သူသစ်လေးနဲ့ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေနဲ့အတူ “လူဆိုးတွေကိုချစ်ကြည့်ပါ ဆိုးပေ နှင့် သူ၏ အမောပြေလေး ” ဆိုပြီး ပရိတ်သက်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ကဲ…စာဖတ်ပရိသတ်ကြီးရေ ချစ်သူလေးနဲ့ ပျော်ရွှင်နေတဲ့ အဆိုတော်ကြီး ဝန တို့စုံတွဲရဲ့ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss