Friday, September 30, 2022

Latest Posts

လူနာတွေကို နေ့ညမအိပ်ပဲ ထမင်းစားဖို့မေ့နေလောက်အောင်ထိ ကုသပေးနေတဲ့ ထူးခန့်ကျော်

Unicode Version

ဝါရင့်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော် ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးတော့ ကာရိုက်တာပေါင်းစုံကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ မင်းသားကြီးတစ်လက်ပဲဖြစ်ပါတယ်။ အနုပညာလောကမှ အနားယူပြီးနောက်ပိုင်း အကြောရောဂါအမျိုးမျိုးကို ကုသတဲ့ဆေးဆရာဖြစ်လာခဲ့ပါတယ်။ ရုပ်ရှင်ရိုက်ကူးရာမှာ နာမည်ကြီးရုံတင်မက ဆေးကုသရာမှာလဲ ဆေးစွမ်းထက်တာကြောင့် ပရိသတ်ကြားမှာ နာမည်ပိုကြီးလာခဲ့ပါတယ်။ သူရဲ့မွေးနေ့အလှူအထိမ်းအမှတ်အနေနဲ့ အကြောရောဂါခံစားနေရတဲ့ဝေဒနာရှင်ပေါင်းများစွာကို ရောဂါကုသပေးခဲ့ပါတယ်။ နေ့ညမအိပ် အစားပျက်ခံပြီး‌ မွေးနေ့မှစပြီးယနေ့အထိ ၇ရက်သားသမီးများရဲ့ ရောဂါဝေဒနာများကို ပါရမီဖြည့်ကုသပေးနေတာပဲဖြစ်ပါတယ်။

” ကျွန်တော်၏မွေးနေ့လေးအားဆုတောင်းပေးကြသော အမျိုးများအားဂါဝပြုလိုက်ရပါတယ်နော် ကျွန်တော်၏မွေးနေ့မှာထမင်းမေ့ဟင်းမေ့ဖြင့် စနေ့နေ့မနက်၆နာရီမှ၇ရက်သားသမီးများရဲ့ ရောဂါဝေဒနာများအားပါရမီဖြည့်ကုသခဲ့ရာ တနင်္ဂနွေနေ့မနက်၄နာရီအရောက်မှာ ဝေဒနာရှင်ပေါင်း၃၄၉ဦးကုသပေးနိုင်ခဲ့ပြီး ကျန်သောဝေဒနာရှင်အယောက်၃၀၀ကျော်အား ဒီကနေ့တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိဆက်လက်ပါရမီဖြည့်ကုသပေးလျှက်ရှိခဲ့ရာ ဒီကနေ့တော့ဝေဒနာရှင်၁၁၅ယောက်ပါရမီဖြည့်လို့ပြီးခဲ့ပြန်ပါပြီ အဓိကကတော့မေတ္တာတရားပါ ကျွန်တော်အသက်ထက်၇ရက်သားသမီးများရဲ့ ဝေဒနာဟာပိုအရေးကြီးလှတဲ့အတွက် ကျွန်တော်ကိုကျွန်တော်သနားရကောင်းမှန်းမသိခဲ့သလို ထမင်းစားရကောင်းမှန်းလဲမေ့နေခဲ့ရပြန်တယ်လေ ကျွန်တော်ကိုကျွန်တော်နာနေပါလားဆိုတာထက် သူတို့လေးတွေရဲ့ကိုက်ခဲပြီအော်နေတာလေးတွေ ကြားမိတော့အလွန်တရာသနားမိတယ်လေ ဒါကြောင့်ယခုလို၇ရက်သားသမီးများရဲ့ ရောဂါဝေဒနာများအားနေ့ညမအိပ်ပဲ ပါရမီဖြည့်ကုသခွင့်ရခဲ့လို့အထူးပင်ကျေနပ်ပီတိဝမ်းသာခဲ့ရပါတယ်နော် ကျွန်တော်အား၇ရက်သားသမီးများရဲ့ ရောဂါဝေဒနာများအားပါရမီဖြည့်ကုသခွင့်ပေးခဲ့ပါသော ရတနာသုံးပါး၏ခြေအစုံသို့ဦးခိုက်ကန်တော့ရင်း အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေလာရောက်ကုသသောဝေဒနာရှင်များနားခိုနိုင်အောင် အစစအရာရာအဆင်ပြေအောင်ကူညီပေးကြပါသော ကျွန်တော်နေထိုင်ရာ၃၂ရပ်ကွက်နေအမျိုးများနှင့် ကျွန်တော်၏ရွှေပြည်သာလမ်းမှ မိသားစုများအားအထူးပင်ကျေးဇူးတင်ပါတယ်နော် ” ဆိုပြီး ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ၇ရက်သားသမီးတွေကို စေတနာထားကုသပေးနေတဲ့ ဆေးရာ ထူးခန့်ကျော် ရဲ့ မွန်မြတ်တဲ့မွေးနေ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

ZawGyi Version



” ကျွန်တော်၏မွေးနေ့လေးအားဆုတောင်းပေးကြသော အမျိုးများအားဂါဝပြုလိုက်ရပါတယ်နော် ကျွန်တော်၏မွေးနေ့မှာထမင်းမေ့ဟင်းမေ့ဖြင့် စနေ့နေ့မနက်၆နာရီမှ၇ရက်သားသမီးများရဲ့ ရောဂါဝေဒနာများအားပါရမီဖြည့်ကုသခဲ့ရာ တနင်္ဂနွေနေ့မနက်၎နာရီအရောက်မှာ ဝေဒနာရှင်ပေါင်း၃၄၉ဦးကုသပေးနိုင်ခဲ့ပြီး ကျန်သောဝေဒနာရှင်အယောက်၃၀၀ကျော်အား ဒီကနေ့တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိဆက်လက်ပါရမီဖြည့်ကုသပေးလျှက်ရှိခဲ့ရာ ဒီကနေ့တော့ဝေဒနာရှင်၁၁၅ယောက်ပါရမီဖြည့်လို့ပြီးခဲ့ပြန်ပါပြီ အဓိကကတော့မေတ္တာတရားပါ ကျွန်တော်အသက်ထက်၇ရက်သားသမီးများရဲ့ ဝေဒနာဟာပိုအရေးကြီးလှတဲ့အတွက် ကျွန်တော်ကိုကျွန်တော်သနားရကောင်းမှန်းမသိခဲ့သလို ထမင်းစားရကောင်းမှန်းလဲမေ့နေခဲ့ရပြန်တယ်လေ ကျွန်တော်ကိုကျွန်တော်နာနေပါလားဆိုတာထက် သူတို့လေးတွေရဲ့ကိုက်ခဲပြီအော်နေတာလေးတွေ ကြားမိတော့အလွန်တရာသနားမိတယ်လေ ဒါကြောင့်ယခုလို၇ရက်သားသမီးများရဲ့ ရောဂါဝေဒနာများအားနေ့ညမအိပ်ပဲ ပါရမီဖြည့်ကုသခွင့်ရခဲ့လို့အထူးပင်ကျေနပ်ပီတိဝမ်းသာခဲ့ရပါတယ်နော် ကျွန်တော်အား၇ရက်သားသမီးများရဲ့ ရောဂါဝေဒနာများအားပါရမီဖြည့်ကုသခွင့်ပေးခဲ့ပါသော ရတနာသုံးပါး၏ခြေအစုံသို့ဦးခိုက်ကန်တော့ရင်း အမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါစေလာရောက်ကုသသောဝေဒနာရှင်များနားခိုနိုင်အောင် အစစအရာရာအဆင်ပြေအောင်ကူညီပေးကြပါသော ကျွန်တော်နေထိုင်ရာ၃၂ရပ်ကွက်နေအမျိုးများနှင့် ကျွန်တော်၏ရွှေပြည်သာလမ်းမှ မိသားစုများအားအထူးပင်ကျေးဇူးတင်ပါတယ်နော် ” ဆိုပြီး ရေးသားထားပါတယ်။


Latest Posts

Don't Miss