Monday, October 3, 2022

Latest Posts

လူနာတွေကို ပြန်လည်ကုသပေးတော့မှာကြောင့် ဘိုကင်တင်ဖို့ ဖုန်း၊လိပ်စာပေးလိုက်တဲ့ ထူးခန့်ကျော်

Unicode Version

ပရိသတ်ကြီးရေ ဗီဒီယိုခေတ်ထဲက နာမည်ကြီးလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသားတစ်ဦးဖြစ်တဲ့ ထူးခန့်ကျော် ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။ နယ်ပရိသတ် အခိုင်အမာရရှိထားတဲ့ အနုပညာမျိုးရိုးလဲရှိတဲ့ မင်းသား ထူးခန့်ကျော် ကတော့ မင်းသားကြီးတစ်ဦးဖြစ်တဲ့ မြင်စိုင်းသား (အောင်အောင်) ရဲ့သားတစ်ဦးလဲ ဖြစ်ပါတယ်။ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမူ့တွေမရှိတော့ပေမယ့် တတ်ကျွမ်းထားတဲ့ တိုင်းရင်းဆေးပညာနဲ့ အရိုးဝေဒနာကို ခံစားနေရတဲ့ လူနာတွေကို ကုသပေးနေပါတယ်။ ဆေးပညာဟာ ဆေးစွမ်းထက်လွန်းပြီး ပြသဖို့အနယ်နယ်အရပ်ရပ်က ဝေဒနာရှင်တွေ များပြားတာတွေကြောင့် ဘိုကင်စနစ်နဲ့ တန်းစီကြရပါတယ်။

မင်းသားတစ်ဖြစ်လဲ ဆရာ ထူးခန့်ကျော် ဟာ လူနာတွေကို အခမဲ့ပြန်လည်ကုသပေးတော့မှာကြောင့် ဘိုကင်ယူနိုင်ဖို့ ဖုန်းနံပါတ်နဲ့ လိပ်စာကိုမျှဝေပေးလိုက်ပါတယ်။ ” မင်္ဂလာညချမ်းလေးမှာအမျိုးများအားလုံး စိတ်သွားတိုင်းကိုယ်ပါ၍ လိုအင်ဟူသမျှရရှိကြပါစေ ကျွန်တော်၇ရက်သားသမီးများ၏ဝေဒနာအားအခမဲ့ပြန်လည်ကုသပေးရာတွင် ၃လပိုင်း၂၁ရက်နေ့၌ပြန်လည်ကုသပေးမည်ဖြစ်ပါသည် လေဖြတ် လေငန်း လေဖြန်းဝေဒနာ အရိုး အကြော ကြီးပေါင်း ဒူးနာ ခါးနာ လေးဘက်နာအပြင်အခြားခြားသောရောဂါဝေဒနာများအားပြန်လည်ကုသပေးမည်ဖြစ်ဖြစ်ပါသည် ရဟန်းသံဃာ သီလရှင်များအနေဖြင့်ဘိုကင်တင်စရာမလိုပဲ ကျန်သောလူပုဂ္ဂိုလ်များအနေဖြင့် ဘိုကင်တင်ရမှာဖြစ်ပါသည် ကုလက်စဝေဒနာရှင်များဦးစားပေး၍ ဘိုကင်လုပ်ပေးမှာဖြစ်သလို တကယ်ကုသမှု့ခံယူထားသောဝေဒနာရှင်များအနေဖြင့်လည်း မှန်မှန်ကန်ကန်ဘိုကင်ယူပေးဖို့မေတ္တာရပ်ခံအပ်ပါတယ် တနေ့ကိုလူနာအယောက်၉၀ပဲကုသပေးတော့မှာဖြစ်ပါတယ် ယခုတင်ပေးထားသောဖုန်းနံပါတ်များမှအပ ကျန်သောမည်သို့သောဖုန်းများအားဆက်သွယ်ပြီးဘိုကင်ယူလို့မရတော့ပါနော် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကတော့ 09769477723-09251887690 ဖုန်းနံပါတ်များအား ဆက်သွယ်၍ဘိုကင်တင်ယူနိုင်ပါကြောင်းနှင့် ဘိုကင်တင်ရမည့်အချိန်များမှာလည်းနံနက်၈နာရီမှ ညနေ၅နာရီအတွင်းသာဖြစ်ပြီး အမျိုးများအားလုံးဘေးဘယာများဝေးကွာကြ၍ ချမ်းသာသုခများရရှိကြပါစေ မနက်ဖြန်ကြဆက်သွယ်မှရပါ့မယ်ခင်ဗျာ ” လို့ ထူးခန့်ကျော် ရဲ့ ဖေ့ဘွတ်မှာ မျှဝေထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ဆရာ ထူးခန့်ကျော် ရဲ့ ဆေးခန်းလိပ်စာကတော့ အိမ်အမှတ် ၄၅၁ ၊ ရွှေပြည်သာလမ်း၊၃၂ရပ်ကွက်၊ကျောင်းလမ်းမှတ်တိုင်၊မြောက်ဒဂုံမြို့နယ် ဖြစ်ပါတယ်နော်။ ဆေးခန်းပြချင်ရင်တော့ ဘိုကင်ကြိုတင်ယူရပြီး တနင်္ဂနွေနေ့တစ်ရက်ပိတ်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss