Tuesday, October 4, 2022

Latest Posts

လူမူ့ကွန်ယက်ပေါ်မှာ အလိမ်ခံလိုက်ရတဲ့အကြောင်းကို ပြောပြလိုက်တဲ့ လူရွှင်တော်ကြီး ဇာဂနာ

Unicode Version

ဆယ်စုနှစ်တစ်ခုတိုင်အောင် ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်အောင် ဖန်တီးတင်ဆက်ပေးနိုင်ခဲ့သူကတော့ ဝါရင့်လူရွှင်တော်ကြီး ဇာဂနာ ပဲ ဖြစ်ပါတယ်။ ဇာဂနာ ရဲ့ သက်တမ်းအချို့ဟာ ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရပြီး လူရွှင်တော်၊ သရုပ်ဆောင်၊ စာရေးဆရာ၊ဒါရိုက်တာ ဆိုတဲ့ အနုပညာလုပ်ငန်းနယ်ပယ်တွေမှာ အောင်မြင်ထူးချွန်တဲ့ အနုပညာရှင်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ လူရွှင်တော် ဦးဇာဂန ရဲ့ပြက်လုံးတွေဟာ အရမ်းကိုထင်ရှားကောင်းမွန်ပြီးတော့ သူနဲ့အတူ တွဲဖက်ပြီးဖျော်ဖြေသူတွေကလဲ မခေလှပါဘူး။ မြပုဏ္ဏမာဆိုတဲ့ အငြိမ့်အဖွဲ့ဟာ ၃၇နှစ်တိုင်တိုင် နှစ်ပေါင်းများစွာကြာအောင် ပရိသတ်တွေကို ပြက်လုံးတွေနဲ့ ပျော်ရွှင်အောင် လုပ်ပေးခဲ့တာပါ။

လူရွှင်တော်ကြီး ဇာဂနာ ကတော့ လူမူ့ကွန်ယက်ပေါ်မှာ အလိမ်ခံလိုက်ရတဲ့အကြောင်းကို ပြောပြလိုက်ပါတယ်။ ” က​လေး​တွေက VPN ဝယ်ချင်တယ်ဆိုလို့ ​ဖော်ပြပါ Page က​နေ ၃၅၀၀၀ကျပ်နဲ့ ဝယ်လိုက်မိပါတယ်။ ပိုက်ဆံမလွှဲမချင်းရွှန်းရွှန်း​ဝေ​ဝေ ပြန်​ဖြေ​ပေး​ပေမဲ့ ခုချိန်ထိ ဘာ​မေး​မေး ပြန်မ​ပြော​တော့ပါဖူး။ အစက​တော့ ဖုန်းနံပါတ် ၀၉ ၇၅ ၁၉ ၆၀၀၈၆ ကို ဆက်တဲ့အခါ ​ဖော်​ဖော်​ရွေ​ရွေ​ဖြေ​ပေး​နေ​ပေမဲ့ ပိုက်ဆံလွှဲပြီးချိန်မှာ​တော့ ဖုန်းက ၆နာရီလုံးလုံး မအား​တော့ပါဘူးခင်ဗျာ။ ကိုယ့်အတွက်နဲ့ မှန်ကန် ရိုးသား လုပ်ကိုင်စား​သောက်​နေသူများကိုပါထိခိုက်​စေတဲ့လုပ်ရပ်မို့လို့၊ အခုလိုတင်ပြ​ပေးလိုက်ပါရဲ့။ ​နောင်နာမယ် တမျိုးနဲ့လဲ သူတို့​ပေါ်လာအုန်းမှာပါ။ အကြံ ​လေး​တော့​ပေးချင်တယ်။ လိမ် မယ် ဆို လဲ ပိပိ ရိရိ ​လေး လိမ် ကြပါလား။”လို့ ‌ရေးသားထားတာကို တွေ့ရပါတယ်နော်။

ပရိသတ်ကြီးရေ လူမူ့ကွန်ယက်ပေါ်မှာ VPN ဝယ်မယ်ဆိုရင် page အလိမ်တွေရှိနေတာကြောင့် သတိထားဖို့ လိုအပ်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss