Friday, September 30, 2022

Latest Posts

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့ အဆိုတော် ရန်ရန်ချမ်း တို့မိသားစု

Unicode Version

ပရိသတ်ကြီးရေ The Voice Myanmar မှာဒိုင်အဖြစ်ပါဝင်ခဲ့ပြီးတော့ ဟစ်ဟော့ပ်လောကမှာ နာမည်ကြီးလူသိများတဲ့ အဆိုတော်ရန်ရန်ချမ်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ရန်ရန်ချမ်း ကိုတော့ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ရန်ချမ်း ကတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ဘေးကင်းစွာရှိနေပါပြီ။ သူနဲ့အတူမိသားစုကိုလဲ တစ်ပါတည်းခေါ်ဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ ရန်ရန်ချမ်း ကတော့ ဓာတ်ပုံလေးတစ်ပုံနဲ့အတူ ဘေးကင်းစွာရှိနေတဲ့အကြောင်းကို ပရိသတ်တွေကိုအသိပေးမျှဝေထားပါတယ်။ ပရိသတ်တွေကလည်း သူတို့မိသားစုပုံလေးကို ကြည့်ပြီး အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေဘက်ကနေ ရှိနေပေးခဲ့တဲ့ ရန်ရန်ချမ်းရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်​ကို လေးစားနေကြတာ ဖြစ်ပါတယ်။ ဂီတလောကမှ ညီအစ်ကိုမောင်နှမများကလည်း ရန်ရန်ချမ်း တို့ မိသားစုလေး ဘေးကင်းလုံခြုံကြပါစေလို့ comment များရေးသားပြီး ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

ရန်ရန်ချမ်း အပါအဝင် တစ်ခြားအနုပညာရှင်များအားလုံး မိသားစုဝင်များနဲ့ ခွဲခွာပြီး တိမ်းရှောင်နေရသူများ အမြန်ပြန်လည်ဆုံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတဲ့ အဆိုေတာ္ ရန္ရန္ခ်မ္း တို႔မိသားစု

ပရိသတ္ႀကီးေရ The Voice Myanmar မွာဒိုင္အျဖစ္ပါဝင္ခဲ့ၿပီးေတာ့ ဟစ္ေဟာ့ပ္ေလာကမွာ နာမည္ႀကီးလူသိမ်ားတဲ့ အဆိုေတာ္ရန္ရန္ခ်မ္းကေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူပူးေပါင္းပါဝင္ခဲ့တဲ့ အဆိုေတာ္တစ္ဦးျဖစ္ပါတယ္။ ဒါေၾကာင့္ ရန္ရန္ခ်မ္း ကိုေတာ့ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရၿပီးေနာက္ ထြက္ေျပးတိမ္းေရွာင္ေနတာပဲျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ရန္ရန္ခ်မ္း ကေတာ့ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနၿပီး ေဘးကင္းစြာရွိေနပါၿပီ။ သူနဲ႔အတူမိသားစုကိုလဲ တစ္ပါတည္းေခၚေဆာင္သြားခဲ့တာပဲျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနတဲ့ ရန္ရန္ခ်မ္း ကေတာ့ ဓာတ္ပုံေလးတစ္ပုံနဲ႔အတူ ေဘးကင္းစြာရွိေနတဲ့အေၾကာင္းကို ပရိသတ္ေတြကိုအသိေပးမွ်ေဝထားပါတယ္။ ပရိသတ္ေတြကလည္း သူတို႔မိသားစုပုံေလးကို ၾကည့္ၿပီး အေရးႀကဳံတဲ့အခါတိုင္း ျပည္သူေတြဘက္ကေန ရွိေနေပးခဲ့တဲ့ ရန္ရန္ခ်မ္းရဲ႕ ျပတ္သားတဲ့ စိတ္ဓာတ္​ကို ေလးစားေနၾကတာ ျဖစ္ပါတယ္။ ဂီတေလာကမွ ညီအစ္ကိုေမာင္ႏွမမ်ားကလည္း ရန္ရန္ခ်မ္း တို႔ မိသားစုေလး ေဘးကင္းလုံၿခဳံၾကပါေစလို႔ comment မ်ားေရးသားၿပီး ဆုေတာင္းေပးေနၾကတာ ျဖစ္ပါတယ္။

ရန္ရန္ခ်မ္း အပါအဝင္ တစ္ျခားအႏုပညာရွင္မ်ားအားလုံး မိသားစုဝင္မ်ားနဲ႔ ခြဲခြာၿပီး တိမ္းေရွာင္ေနရသူမ်ား အျမန္ျပန္လည္ဆုံဆည္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss