Tuesday, October 4, 2022

Latest Posts

လွတ်မြောက်နယ်မြေမှာ နိုင်ရာတာဝန်ထမ်းဆောင်နေတဲ့ မင်းသား ဟိန်းထက်

Unicode Version

MRTV-4 ရုပ်သံဇာတ်လမ်းတွဲမှစလို့ ပရိတ်သ‌‌တ်တွေရဲ့ ရင်ထဲကိုအောင်မြင်မှုများစွာနဲ့ တဟုန်ထိုးဝင်ရောက်လာတဲ့ မင်းသားချော ဟိန်းထက် ကိုလည်း မှတ်မိကြမယ်ထင်ပါတယ်။ ဟိန်းထက် ဟာ မင်းသမီးချော မေမြင့်မိုရ်နဲ့တွဲဖက်သရုပ်ဆောင်ထားပြီးတော့ ဝါရင့်အနုပညာရှင်ကြီးတွေနဲ့ အပြိုင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အရိပ်ဇာတ်လမ်းတွဲကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ပရိသတ်လက်ခံအားပေးမှု့ကို တစ်ခဲနက်ရရှိခဲ့ပါတယ်။ ကိုရင်မောင်ရယ်လို့ ဂျီဟောသူရုပ်သံဇာတ်လမ်းတွဲမှာလည်း မိန်းကလေးပရိတ်သတ်တွေ အင်မတန်နှစ်သက်အားပေးခဲ့ကြတဲ့ မင်းသားချောတစ်လက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိအချိန်မှာတေ့ာ မင်းသားချော ဟိန်းထက် ဟာမိသားစုကိုတောင် အသိမပေးပဲ လွတ်မြောက်နယ်မြေမှာ သွားရောက်ပြီး တာဝန်ထမ်းဆောင်နေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေကိုရောက်ရှိနေပြီဖြစ်တဲ့ ဟိန်းထက် ကတော့ ပြည်သူတွေနဲ့အတူ အမှန်တရားအတွက် တက်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်နေတာလည်း ဖြစ်ပါတယ်။ ဟိန်းထက် ဟာ လွတ်မြောက်နယ်မြေကို သွားရောက်ဖို့အတွက် သံယောဇဥ်နှောင်ကြိုးတွေကိုလဲ အပီးတိုင်ဖြတ်ခဲ့ပြီး တော်လှန်ရေးအတွက် အစွမ်းကုန်ကြိုးစားနေတာကိုလဲတွေ့ရပါတယ်။ ” နှောင်ကြိုး​တွေကိုဖြတ်ပြီးသားပါ…ကျ​နော့်ရပ်တည်ချက်…ကျ​နော့်ယုံကြည်မှုအတွက်​ရွေးခဲ့တဲ့လမ်း…မိသားစု​တောင်အသိမ​ပေးပဲလုပ်ခဲ့တဲ့အရာ…ကျ​နော်တစ်​ယောက်တည်းဆက်​လျှောက်မှာပါ…” လို့ လွန်ခဲ့တဲ့လပိုင်းလောက်က သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာ‌ပေါ်မှာ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ လွတ်မြောက်နယ်မြေမှာရောက်ရှိနေတဲ့ ဟိန်းထက် ရဲ့ ယူနီဖောင်းအပြည့်အစုံနဲ့ ခန့်ညားနေတဲ့ ဓာတ်ပုံလေးတွေကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်အားပေး လေးစားဂုဏ်ယူကြရပြန်ပါတယ်။

Cele Only ပရိတ်သတ်ကြီးရေ အနုပညာရှင်သမားတွေဖြစ်ပေမယ့် အမှန်တရားကိုချစ်မြတ်နိုးတာကြောင့် ပြည်သူတွေနဲ့အတူ တစ်တက်တစ်အားပါဝင်နေကြတဲ့ မင်းသား ဟိန်းထက် အပါအဝင် အနုပညာရှင်တွေအားလုံးအတွက်လည်း ဆုမွန်ကောင်းလေးတွေ ကွန်မန့်မှာရေးသားပေးခဲ့ပါအုန်းနော်။

ZawGyi Version

လြတ္ေျမာက္နယ္ေျမမွာ ႏိုင္ရာတာဝန္ထမ္းေဆာင္ေနတဲ့ မင္းသား ဟိန္းထက္

MRTV-4 ႐ုပ္သံဇာတ္လမ္းတြဲမွစလို႔ ပရိတ္သ‌‌တ္ေတြရဲ႕ ရင္ထဲကိုေအာင္ျမင္မႈမ်ားစြာနဲ႔ တဟုန္ထိုးဝင္ေရာက္လာတဲ့ မင္းသားေခ်ာ ဟိန္းထက္ ကိုလည္း မွတ္မိၾကမယ္ထင္ပါတယ္။ ဟိန္းထက္ ဟာ မင္းသမီးေခ်ာ ေမျမင့္မိုရ္နဲ႔တြဲဖက္သ႐ုပ္ေဆာင္ထားၿပီးေတာ့ ဝါရင့္အႏုပညာရွင္ႀကီးေတြနဲ႔ အၿပိဳင္သ႐ုပ္ေဆာင္ထားတဲ့ နာမည္ႀကီးဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ အရိပ္ဇာတ္လမ္းတြဲႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး သ႐ုပ္ေဆာင္ပီျပင္လြန္းတာေၾကာင့္ ပရိသတ္လက္ခံအားေပးမႈ႕ကို တစ္ခဲနက္ရရွိခဲ့ပါတယ္။ ကိုရင္ေမာင္ရယ္လို႔ ဂ်ီေဟာသူ႐ုပ္သံဇာတ္လမ္းတြဲမွာလည္း မိန္းကေလးပရိတ္သတ္ေတြ အင္မတန္ႏွစ္သက္အားေပးခဲ့ၾကတဲ့ မင္းသားေခ်ာတစ္လက္ဆိုရင္လည္း မမွားပါဘူး။ လက္ရွိအခ်ိန္မွာေတ့ာ မင္းသားေခ်ာ ဟိန္းထက္ ဟာမိသားစုကိုေတာင္ အသိမေပးပဲ လြတ္ေျမာက္နယ္ေျမမွာ သြားေရာက္ၿပီး တာဝန္ထမ္းေဆာင္ေနတာပဲျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမကိုေရာက္ရွိေနၿပီျဖစ္တဲ့ ဟိန္းထက္ ကေတာ့ ျပည္သူေတြနဲ႔အတူ အမွန္တရားအတြက္ တက္ႏိုင္တဲ့ဘက္ကေန ပါဝင္အားျဖည့္ေနတာလည္း ျဖစ္ပါတယ္။ ဟိန္းထက္ ဟာ လြတ္ေျမာက္နယ္ေျမကို သြားေရာက္ဖို႔အတြက္ သံေယာဇဥ္ေႏွာင္ႀကိဳးေတြကိုလဲ အပီးတိုင္ျဖတ္ခဲ့ၿပီး ေတာ္လွန္ေရးအတြက္ အစြမ္းကုန္ႀကိဳးစားေနတာကိုလဲေတြ႕ရပါတယ္။ ” ေႏွာင္ႀကိဳး​ေတြကိုျဖတ္ၿပီးသားပါ…က်​ေနာ့္ရပ္တည္ခ်က္…က်​ေနာ့္ယုံၾကည္မႈအတြက္​ေ႐ြးခဲ့တဲ့လမ္း…မိသားစု​ေတာင္အသိမ​ေပးပဲလုပ္ခဲ့တဲ့အရာ…က်​ေနာ္တစ္​ေယာက္တည္းဆက္​ေလွ်ာက္မွာပါ…” လို႔ လြန္ခဲ့တဲ့လပိုင္းေလာက္က သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာ‌ေပၚမွာ ေရးသားထားတာကိုလည္း ေတြ႕ရပါတယ္။ လြတ္ေျမာက္နယ္ေျမမွာေရာက္ရွိေနတဲ့ ဟိန္းထက္ ရဲ႕ ယူနီေဖာင္းအျပည့္အစုံနဲ႔ ခန႔္ညားေနတဲ့ ဓာတ္ပုံေလးေတြေၾကာင့္ ပရိသတ္ေတြက ပိုမိုခ်စ္ခင္အားေပး ေလးစားဂုဏ္ယူၾကရျပန္ပါတယ္။

Cele Only ပရိတ္သတ္ႀကီးေရ အႏုပညာရွင္သမားေတြျဖစ္ေပမယ့္ အမွန္တရားကိုခ်စ္ျမတ္ႏိုးတာေၾကာင့္ ျပည္သူေတြနဲ႔အတူ တစ္တက္တစ္အားပါဝင္ေနၾကတဲ့ မင္းသား ဟိန္းထက္ အပါအဝင္ အႏုပညာရွင္ေတြအားလုံးအတြက္လည္း ဆုမြန္ေကာင္းေလးေတြ ကြန္မန႔္မွာေရးသားေပးခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss