Tuesday, October 4, 2022

Latest Posts

လွတ်မြောက်နယ်မြေရောက် ပြည်သူ့အချစ်တော် မင်းသား မင်းမော်ကွန်း ရဲ့ လေးစားဖွယ် စိတ်ထား

Unicode Version

ပရိသတ်အချစ်တော် မင်းသားချော မင်းမော်ကွန်း ကတော့ပြည်သူတွေနဲ့အတူတူ ဒီမိုက‌ရေစီတိုက်ပွဲမှာ ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့တရားစွဲဆိုခံထားပါတယ်။ ဒါအပြင် အကယ်ဒမီ မင်းမော်ကွန်း ကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း blacklist စာရင်းတွင် ထည့်သွင်းကြော်ငြာခဲ့ပါတယ်။ ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါ မှာလည်း နောက်ဆုတ်မသွား တဲ့အပြင်ရှေ့ကိုသာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။ အခုချိန်မှာ မင်းမော်ကွန်း နဲ့ အတူသူရဲ့မိသားစုကတော့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပဲဖြစ်ပါတယ်။

လွတ်မြောက်နယ်မြေရောက် ပြည်သူချစ်အနုပညာရှင် မင်းမော်ကွန်း ရဲ့ လေးစားအတုယူစရာစိတ်ထားကို AAC မှ ကိုရဲမင်းက အခုလိုရေးသားမျှဝေခဲ့ပါတယ်။ “ကသာရဲစခန်း ” မင်းမော်ကွန်း ” အဖွဲ့ ၀င်စီး ဆိုတာ သတင်းအမှားကြီးပါ ….ကိုကျော်တို့ မိသားစုလေးခမျှ တောတောင်ထဲမှာ လှေလေးနဲ့ခက်ခက်ခဲခဲ ယခုပုံပါအတိုင်း သွားလာနေရတာပါ ….အနီးကပ်ရှိ‌နေသူတွေက ကူညီတာကိုအားနာပြီး လက်မခံဘဲ တောထဲကရတဲ့မှိုလေးတွေ ဒီနေ့ ရွာထဲကို သွားရောင်းပြီး လှေနဲ့ ပြန်လာတဲ့ ပုံလေးပါ။ သူများကို အကူအညီတောင်းရမှာ အလွန်အားနာတတ်တဲ့ ကိုကျော်ဟာ‌ သူစီးနေကျ ကားလေးကိုလည်းရတဲ့‌ဈေးနဲ့ လွန်ခဲ့သောနှစ်လက အရှုံးခံရောင်းလိုက်ရပါတယ်။အဲဒီနေ့ကဆို သူသံယောဇဉ်ဖြစ်တဲ့ကားလေးရောင်းလိုက်ရတော့ အတော်လေးစိတ်မကောင်းဖြစ်နေတာပါ။ လွတ်‌မြောက်နယ်‌မြေမှာလည်း မိသားစုအတွက် ကုန်ကျစရိတ်တွေရှိတယ်လေ။ တော်လှန်‌ရေးမှာ အနစ်နာခံတဲ့ အနုပညာရှင်တွေကို မှတ်ထားပေးကြပါ။ ထို့အတူ တော်လှန်‌ရေးမှာ အဲယားကွန်းအခန်းထဲကနေ သာကူးခွထိုင်ဖို့ချောင်းနေတဲ့ အနုပညာရှင်တွေကိုလည်း မှတ်ထားပေးကြပါ” လို့ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ ပြည်သူအချစ်တော် မင်းသားချော မင်းမော်ကွန်း ကတော့ သူရဲ့အကြိုက်ဆုံးကားလေးရောင်းရလို့ စိတ်မကောင်းဖြစ်နေပြီးတော့ လွတ်မြောက်နယ်မြေမှာ ကုန်ကျစရိတ်အခက်အခဲရှိတယ်လို့လဲ သိရပါတယ်။ ပြည်သူတွေနဲ့အတူတူ အမှန်တရားဘက်မှရပ်တည်ပေးနေတဲ့ မင်းမော်ကွန်း ရဲ့လေးစား‌ဖွယ်စိတ်ဓာတ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ZawGyi Version

လြတ္ေျမာက္နယ္ေျမေရာက္ ျပည္သူ႔အခ်စ္ေတာ္ မင္းေမာ္ကြန္း ရဲ႕ ေလးစားဖြယ္ စိတ္ထား

ပရိသတ္အခ်စ္ေတာ္ မင္းသားေခ်ာ မင္းေမာ္ကြန္း ကေတာ့ျပည္သူေတြနဲ႔အတူတူ ဒီမိုက‌ေရစီတိုက္ပြဲမွာ ပါဝင္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ နဲ႔တရားစြဲဆိုခံထားပါတယ္။ ဒါအျပင္ အကယ္ဒမီ မင္းေမာ္ကြန္း ကိုေတာ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကလည္း blacklist စာရင္းတြင္ ထည့္သြင္းေၾကာ္ျငာခဲ့ပါတယ္။ ဖခင္ျဖစ္သူ အဖမ္းခံရတဲ့အခါ မွာလည္း ေနာက္ဆုတ္မသြား တဲ့အျပင္ေရွ႕ကိုသာ ဆက္လက္ ရပ္တည္ခဲ့ပါတယ္။ အခုခ်ိန္မွာ မင္းေမာ္ကြန္း နဲ႔ အတူသူရဲ႕မိသားစုကေတာ့ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတာပဲျဖစ္ပါတယ္။

လြတ္ေျမာက္နယ္ေျမေရာက္ ျပည္သူခ်စ္အႏုပညာရွင္ မင္းေမာ္ကြန္း ရဲ႕ ေလးစားအတုယူစရာစိတ္ထားကို AAC မွ ကိုရဲမင္းက အခုလိုေရးသားမွ်ေဝခဲ့ပါတယ္။ “ကသာရဲစခန္း ” မင္းေမာ္ကြန္း ” အဖြဲ႕ ၀င္စီး ဆိုတာ သတင္းအမွားႀကီးပါ ….ကိုေက်ာ္တို႔ မိသားစုေလးခမွ် ေတာေတာင္ထဲမွာ ေလွေလးနဲ႔ခက္ခက္ခဲခဲ ယခုပုံပါအတိုင္း သြားလာေနရတာပါ ….အနီးကပ္ရွိ‌ေနသူေတြက ကူညီတာကိုအားနာၿပီး လက္မခံဘဲ ေတာထဲကရတဲ့မႈိေလးေတြ ဒီေန႔ ႐ြာထဲကို သြားေရာင္းၿပီး ေလွနဲ႔ ျပန္လာတဲ့ ပုံေလးပါ။ သူမ်ားကို အကူအညီေတာင္းရမွာ အလြန္အားနာတတ္တဲ့ ကိုေက်ာ္ဟာ‌ သူစီးေနက် ကားေလးကိုလည္းရတဲ့‌ေဈးနဲ႔ လြန္ခဲ့ေသာႏွစ္လက အရႈံးခံေရာင္းလိုက္ရပါတယ္။အဲဒီေန႔ကဆို သူသံေယာဇဥ္ျဖစ္တဲ့ကားေလးေရာင္းလိုက္ရေတာ့ အေတာ္ေလးစိတ္မေကာင္းျဖစ္ေနတာပါ။ လြတ္‌ေျမာက္နယ္‌ေျမမွာလည္း မိသားစုအတြက္ ကုန္က်စရိတ္ေတြရွိတယ္ေလ။ ေတာ္လွန္‌ေရးမွာ အနစ္နာခံတဲ့ အႏုပညာရွင္ေတြကို မွတ္ထားေပးၾကပါ။ ထို႔အတူ ေတာ္လွန္‌ေရးမွာ အဲယားကြန္းအခန္းထဲကေန သာကူးခြထိုင္ဖို႔ေခ်ာင္းေနတဲ့ အႏုပညာရွင္ေတြကိုလည္း မွတ္ထားေပးၾကပါ” လို႔ေရးသားထားပါတယ္။

ပရိသတ္ႀကီးေရ ျပည္သူအခ်စ္ေတာ္ မင္းသားေခ်ာ မင္းေမာ္ကြန္း ကေတာ့ သူရဲ႕အႀကိဳက္ဆုံးကားေလးေရာင္းရလို႔ စိတ္မေကာင္းျဖစ္ေနၿပီးေတာ့ လြတ္ေျမာက္နယ္ေျမမွာ ကုန္က်စရိတ္အခက္အခဲရွိတယ္လို႔လဲ သိရပါတယ္။ ျပည္သူေတြနဲ႔အတူတူ အမွန္တရားဘက္မွရပ္တည္ေပးေနတဲ့ မင္းေမာ္ကြန္း ရဲ႕ေလးစား‌ဖြယ္စိတ္ဓာတ္ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Latest Posts

Don't Miss