Friday, September 30, 2022

Latest Posts

သူ့နာမည်ထိုးထားတဲ့ ဘတ်ထရီအိုး က သုံးလုံးဂဏန်းလေးကို သဘောကျနေတဲ့ မင်းမော်ကွန်း

Unicode Version

သရုပ်ဆောင် မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစ်ခုထဲက ပရိသတ်တွေကြားမှာ နာမည်ကြီးကျော်ကြားလာခဲ့တဲ့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသားတစ်လက်ထဲမှာ အပါအဝင်ဖြစ်ပါတဲ့ မင်းသားချောတစ်လက်ဖြစ်ပါတယ်။ ဒါအပြင် အရွယ်တင်နုပျိုလွန်းတာကြောင့် ပရိသတ်တွေအားလုံးက ချစ်ခင်စွာနဲ့ ” ကိုကြာနု” လို့ တင်စားခေါ်ကြပါသေးတယ်။ ကိုကျော် ဟာ ရုပ်ရှင်ကားတွေမှာ အကောင်းမွန်ဆုံး နဲ့အပီပြင်ဆုံးသရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုပေါင်းများစွာကို ဆွတ်ခူးရရှိထားပါတယ်။ အနုပညာလုပ်ငန်းတွေမှာ ဘက်စုံတော်တဲ့ မင်းမော်ကွန်းကတော့ သီချင်းတွေကို သီဆိုထားပြီး လူရွှင်တော်အဖြစ်လဲ အောင်မြင်ခဲ့ပါသေးတယ်။ မကြာသေးခင်နာရီပိုင်းလောက်က မင်းမော်ကွန်း ကတော့ တစ်စုံတစ်ခုကို သဘောကျတဲ့အကြောင်းလေးတစ်ခုကို ပရိသတ်တွေကို ပြန်လည်မျှဝေလာပါတယ်။

ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ ‌ရောက်ရှိနေတဲ့ မင်းသား မင်းမော်ကွန်း ကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြက်ရှိနေပြီး သူ့ရဲ့လှုပ်ရှားမှု့တွေကို လူမှု့ကွန်ယက်မှာ အသိပေးနေကျဖြစ်ပါတယ်။ ပရိသတ်တွေချစ်ခင်ရတဲ့ ကိုကျော် ကတော့ ဒီကနေ့မှာ သူ့ရဲ့ဘတ်ထရီအိုးပေါ်က ဂဏန်းလေးတစ်ခုနဲ့ပတ်သတ်ပြီး သဘောကျနေတယ်ဆိုတဲ့အကြောင်းကို ” ဘက်ထရီအိုးကိုနာမယ်ထိုးရ​လောက်​အောင်အထိ ဒီဘက်ကသူ​တွေဥစ္စာမ​ခြောက်ကြဘူးကွ ဘာပဲဖြစ်ဖြစ်ချဲ​တော့ထိုးဦးမှ Edit သ​ရော်ခြင်းသာဖြစ်ပါတယ် ကျွန်​တော်တစ်သက်လုံးချဲမထိုးဘူးပါ အားလုံးဝိုင်းထိုးရင်ပလုံမှာစိုးလို့ပါ တင်တဲ့​ကောင်ကဒိုင်ဖြစ်​လောက်တယ် ” လို့ သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးနဲ့အတူ ရေးသားထားတာကိုတွေ့ရပါတယ်။ မင်းမော်ကွန်း ရဲ့ နာမည်လေးနဲ့အတူ ” ၅၄၃” ဆိုတဲ့ ဂဏန်းနံပါတ်လေးပါရှိတဲ့ ပုံလေးကိုပရိသတ်တွေက သဘောကျနေကြတာလဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော မင်းမော်ကွန်း ကတော့ တစ်သက်လုံးချဲမထိုးဘူးပါဖူးတဲ့နော်…။ ချစ်တဲ့ပရိသတ်တွေကို ပျော်ရွှင်စေချင်လို့ စနောက်ရေးသားထားရုံသာဖြစ်ပါတယ်။ မင်းမော်ကွန်း ကိုချစ်တဲ့ ပရိသတ်တွေအတွက် သတင်းလေးကို ပြန်လည်ရေးသားတင်ဆက်ပေးလိုက်ပါတယ်။ သာယာပျော်ရွှင်ဖွယ်ရာနေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Cele Only မှ ဆုတောင်းပေးလိုက်ရပါတယ်။

ZawGyi Version

သူ႔နာမည္ထိုးထားတဲ့ ဘတ္ထရီအိုးက သုံးလုံးဂဏန္းေလးကို သေဘာက်ေနတဲ့ မင္းေမာ္ကြန္း

သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း ကေတာ့ ဆယ္စုႏွစ္တစ္ခုထဲက ပရိသတ္ေတြၾကားမွာ နာမည္ႀကီးေက်ာ္ၾကားလာခဲ့တဲ့ ျမန္မာျပည္ရဲ႕ထိပ္တန္းမင္းသားတစ္လက္ထဲမွာ အပါအဝင္ျဖစ္ပါတဲ့ မင္းသားေခ်ာတစ္လက္ျဖစ္ပါတယ္။ ဒါအျပင္ အ႐ြယ္တင္ႏုပ်ိဳလြန္းတာေၾကာင့္ ပရိသတ္ေတြအားလုံးက ခ်စ္ခင္စြာနဲ႔ ” ကိုၾကာႏု” လို႔ တင္စားေခၚၾကပါေသးတယ္။ ကိုေက်ာ္ ဟာ ႐ုပ္ရွင္ကားေတြမွာ အေကာင္းမြန္ဆုံး နဲ႔အပီျပင္ဆုံးသ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ အကယ္ဒမီဆုေပါင္းမ်ားစြာကို ဆြတ္ခူးရရွိထားပါတယ္။ အႏုပညာလုပ္ငန္းေတြမွာ ဘက္စုံေတာ္တဲ့ မင္းေမာ္ကြန္းကေတာ့ သီခ်င္းေတြကို သီဆိုထားၿပီး လူ႐ႊင္ေတာ္အျဖစ္လဲ ေအာင္ျမင္ခဲ့ပါေသးတယ္။ မၾကာေသးခင္နာရီပိုင္းေလာက္က မင္းေမာ္ကြန္း ကေတာ့ တစ္စုံတစ္ခုကို သေဘာက်တဲ့အေၾကာင္းေလးတစ္ခုကို ပရိသတ္ေတြကို ျပန္လည္မွ်ေဝလာပါတယ္။

ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔အတူ ‌ေရာက္ရွိေနတဲ့ မင္းသား မင္းေမာ္ကြန္း ကေတာ့ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပက္ရွိေနၿပီး သူ႔ရဲ႕လႈပ္ရွားမႈ႕ေတြကို လူမႈ႕ကြန္ယက္မွာ အသိေပးေနက်ျဖစ္ပါတယ္။ ပရိသတ္ေတြခ်စ္ခင္ရတဲ့ ကိုေက်ာ္ ကေတာ့ ဒီကေန႔မွာ သူ႔ရဲ႕ဘတ္ထရီအိုးေပၚက ဂဏန္းေလးတစ္ခုနဲ႔ပတ္သတ္ၿပီး သေဘာက်ေနတယ္ဆိုတဲ့အေၾကာင္းကို ” ဘက္ထရီအိုးကိုနာမယ္ထိုးရ​ေလာက္​ေအာင္အထိ ဒီဘက္ကသူ​ေတြဥစၥာမ​ေျခာက္ၾကဘူးကြ ဘာပဲျဖစ္ျဖစ္ခ်ဲ​ေတာ့ထိုးဦးမွ Edit သ​ေရာ္ျခင္းသာျဖစ္ပါတယ္ ကြၽန္​ေတာ္တစ္သက္လုံးခ်ဲမထိုးဘူးပါ အားလုံးဝိုင္းထိုးရင္ပလုံမွာစိုးလို႔ပါ တင္တဲ့​ေကာင္ကဒိုင္ျဖစ္​ေလာက္တယ္ ” လို႔ သူ႔ရဲ႕လူမႈ႕ကြန္ယက္စာမ်က္ႏွာေပၚမွာ ဓာတ္ပုံေလးနဲ႔အတူ ေရးသားထားတာကိုေတြ႕ရပါတယ္။ မင္းေမာ္ကြန္း ရဲ႕ နာမည္ေလးနဲ႔အတူ ” ၅၄၃” ဆိုတဲ့ ဂဏန္းနံပါတ္ေလးပါရွိတဲ့ ပုံေလးကိုပရိသတ္ေတြက သေဘာက်ေနၾကတာလဲ ျဖစ္ပါတယ္။

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသားေခ်ာ မင္းေမာ္ကြန္း ကေတာ့ တစ္သက္လုံးခ်ဲမထိုးဘူးပါဖူးတဲ့ေနာ္…။ ခ်စ္တဲ့ပရိသတ္ေတြကို ေပ်ာ္႐ႊင္ေစခ်င္လို႔ စေနာက္ေရးသားထား႐ုံသာျဖစ္ပါတယ္။ မင္းေမာ္ကြန္း ကိုခ်စ္တဲ့ ပရိသတ္ေတြအတြက္ သတင္းေလးကို ျပန္လည္ေရးသားတင္ဆက္ေပးလိုက္ပါတယ္။ သာယာေပ်ာ္႐ႊင္ဖြယ္ရာေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ Cele Only မွ ဆုေတာင္းေပးလိုက္ရပါတယ္။

Latest Posts

Don't Miss