Monday, October 3, 2022
Latest Posts
သူမကို ဂုဏ်ပြုရေးဆွဲပေးတဲ့ ပုံတူပန်းချီကြောင့် ပျော်ရွှင်နေတဲ့ မြနှင်းရည်လွင်
Unicode Version
တည်ငြိမ်ရင့်ကျက်တဲ့အလှပိုင်ရှင်တစ်ဦးဖြစ်ပြီး မြန်မာဝတ်စုံတွေကိုသာ အများဆုံးဝတ်ဆင်လေ့ရှိတဲ့ မြန်မာမော်ဒယ်နဲ့သရုပ်ဆောင် မြနှင်းရည်လွင် ကတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ်။ ဒါအပြင် ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရဲရဲဝံ့ဝံ့ရပ်တည်ကြခဲ့တာကြောင့် ပရိသတ်တွေက ပိုမိုချစ်ခင်ရပြန်ပါတယ်။ သူမကိုတော့ စစ်ကောင်စီမှ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုထားတာကြောင့် လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ပြည်သူ့အချစ်တော် မြနှင်းရည်လွင် ကတော့ စစ်ကောင်စီကို တွန်းလှန်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ မြနှင်းရည်လွင် ကတေ့ာ ပရိသတ်တစ်ဦးရေးဆွဲပေးတဲ့ ပုံတူပန်းချီကားလေး‌ကြောင့် ပျော်ရွှင်နေပါတယ်။
မြနှင်းရည်လွင် ကတော့ ပန်းချီကားလေးနဲ့ပတ်သတ်ပြီး သူမရဲ့လူ့မှု့ကွန်ယက်ပေါ်မှာအခုလိုပဲ မျှဝေထားပါတယ်။ သူမပုံကိုဆွဲပေးထားတဲ့ ပြည်သူတစ်ဦးကိုလည်း ကျေးဇူးတင်စကားပြောထားပါသေးတယ်။ မြနှင်းရည်လွင်ကတော့ လတ်တလောမှာ လွတ်မြောက်နယ်မြေမှာ ဆုံးဖြတ်ချက်၊ ခံယူချက် ခိုင်မာစွာနဲ့ တတ်နိုင်သလောက် အားဖြည့်ပါဝင်နေတာဆိုလည်း မမှားပါဘူး..။ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ယုံချက်ကြည်တွေနဲ့ အနာဂတ်တွေအတွက် တော်လှန်ရေးတိုက်ပွဲ ကြီး မှာ ကြိုးစားပါ ဝင်နေတဲ့ မြနှင်းရည်လွင် ရဲ့ ခိုင်မာပြတ်သားတဲ့စိတ်ထားကို ပရိသတ်တွေ အားလုံးကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။
Cele Only ပရိသတ်ကြီးရေ …မြနှင်းရည်လွင် ရဲ့ပုံတူပန်းချီကားလေးက လှရဲ့လားဖြေခဲ့အုန်းနော်။ စာဖတ်သူပရိသတ်များ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။
ZawGyi Version
Latest Posts
Don't Miss