Tuesday, October 4, 2022

Latest Posts

သားဖြစ်သူကွယ်လွန်ပြီး ‌ခြောက်လအကြာမှာ ကွယ်လွန်သွားခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ဦးမော်ကြီး

Unicode Version

လူကြမ်းသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ကျော်ကြီး၊မော်ကြီး၊ဇော်ကြီး အစရှိတဲ့ သရုပ်ဆောင်ကြီးတွေကို ပရိသတ်တွေ သတိထားမိမယ်ထင်ပါတယ်။ မင်းသားကြီး ကျော်ဟိန်း ရဲ့ ဇာတ်ကားတိုင်းမှာ ကျော်၊မော်၊ဇော် ဆိုတဲ့ လူကြမ်းသရုပ်ဆောင်ကြီးတွေကို အမြဲလိုလို တွေ့ရတတ်ပါတယ်။ ဦးမော်ကြီး အတွက် ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း ဟာ ကျေးဇူးရှင်ဆရာဖြစ်ပြီး ၃နှစ်လောက်လက်တွဲပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ဖူးပါတယ်။

လူကြမ်းသရုပ်ဆောင် မော်ကြီး ၊ (ကျော်မော်ဇော် အဖွဲ့ဝင် ) ကိုလူချော အဖွဲ့ဝင်ဖြစ်သူဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် စံပြဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။ ဦးမော်ကြီး ဟာ ကွယ်လွန်ချိန်မှာအသက် ၆၄ နှစ်ရှိပါပြီ။ သားဖြစ်သူ ကွယ်လွန်သွားခဲ့တာ ၆ လလောက်ပဲရှိပါသေးတယ်။ ဦးမော်ကြီး ရဲ့ သားဖြစ်သူ ဟာ မိဘကိုလုပ်ကျွေးနေသူဖြစ်ပြီး သားလေးတစ်ဦးပဲရှိတာကြောင့် ကွယ်လွန်ချိန်မှာ အရမ်းကိုယူကြုံးမရဖြစ်ခဲ့ရပါတယ်။ အသက် ၂၆ နှစ်ပဲရှိသေးပြီး ဦးဏှောက်အာရုံကြောပျက်ပြီး ရုတ်တရတ်လဲကျ သေဆုံးသွားခဲ့တာပါ။ ဒါကြောင့်လဲ မိခင်ဖြစ်သူကတော့ ရူးမတတ်အောင်ခံစားခဲ့ရပြီး နှမြောတသဖြစ်ခဲ့ရပါတယ်။

ဦးမော်ကြီး တစ်ယောက် တစ်ဦးတည်းသောသား ဖြစ်သူနောက် ကို ခြောက်လ အကွာမှာလိုက်သွားလေသလား။ အနုပညာကို ချစ်မြတ်နိုးသူ လူကြမ်းသရုပ်ဆောင်ကြီး ဦးမော်ကြီး ကောင်းရာ သုဂတိလားပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

ZawGyi Version

သားျဖစ္သူကြယ္လြန္ၿပီး ‌ေျခာက္လအၾကာမွာ ကြယ္လြန္သြားခဲ့တဲ့ လူၾကမ္းသ႐ုပ္ေဆာင္ ဦးေမာ္ႀကီး

လူၾကမ္းသ႐ုပ္ေဆာင္ႀကီးေတြျဖစ္ၾကတဲ့ ေက်ာ္ႀကီး၊ေမာ္ႀကီး၊ေဇာ္ႀကီး အစရွိတဲ့ သ႐ုပ္ေဆာင္ႀကီးေတြကို ပရိသတ္ေတြ သတိထားမိမယ္ထင္ပါတယ္။ မင္းသားႀကီး ေက်ာ္ဟိန္း ရဲ႕ ဇာတ္ကားတိုင္းမွာ ေက်ာ္၊ေမာ္၊ေဇာ္ ဆိုတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ႀကီးေတြကို အၿမဲလိုလို ေတြ႕ရတတ္ပါတယ္။ ဦးေမာ္ႀကီး အတြက္ ႐ုပ္ရွင္မင္းသားႀကီး ဦးေက်ာ္ဟိန္း ဟာ ေက်းဇူးရွင္ဆရာျဖစ္ၿပီး ၃ႏွစ္ေလာက္လက္တြဲၿပီး အႏုပညာလုပ္ငန္းေတြ လုပ္ကိုင္ခဲ့ဖူးပါတယ္။

လူၾကမ္းသ႐ုပ္ေဆာင္ ေမာ္ႀကီး ၊ (ေက်ာ္ေမာ္ေဇာ္ အဖြဲ႕ဝင္ ) ကိုလူေခ်ာ အဖြဲ႕ဝင္ျဖစ္သူဟာ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ ေန႔လည္ပိုင္းတြင္ စံျပေဆး႐ုံႀကီးမွာ ကြယ္လြန္သြားခဲ့ေၾကာင္း သိရပါတယ္။ ဦးေမာ္ႀကီး ဟာ ကြယ္လြန္ခ်ိန္မွာအသက္ ၆၄ ႏွစ္ရွိပါၿပီ။ သားျဖစ္သူ ကြယ္လြန္သြားခဲ့တာ ၆ လေလာက္ပဲရွိပါေသးတယ္။ ဦးေမာ္ႀကီး ရဲ႕ သားျဖစ္သူ ဟာ မိဘကိုလုပ္ေကြၽးေနသူျဖစ္ၿပီး သားေလးတစ္ဦးပဲရွိတာေၾကာင့္ ကြယ္လြန္ခ်ိန္မွာ အရမ္းကိုယူႀကဳံးမရျဖစ္ခဲ့ရပါတယ္။ အသက္ ၂၆ ႏွစ္ပဲရွိေသးၿပီး ဦးေဏွာက္အာ႐ုံေၾကာပ်က္ၿပီး ႐ုတ္တရတ္လဲက် ေသဆုံးသြားခဲ့တာပါ။ ဒါေၾကာင့္လဲ မိခင္ျဖစ္သူကေတာ့ ႐ူးမတတ္ေအာင္ခံစားခဲ့ရၿပီး ႏွေျမာတသျဖစ္ခဲ့ရပါတယ္။

ဦးေမာ္ႀကီး တစ္ေယာက္ တစ္ဦးတည္းေသာသား ျဖစ္သူေနာက္ ကို ေျခာက္လ အကြာမွာလိုက္သြားေလသလား။ အႏုပညာကို ခ်စ္ျမတ္ႏိုးသူ လူၾကမ္းသ႐ုပ္ေဆာင္ႀကီး ဦးေမာ္ႀကီး ေကာင္းရာ သုဂတိလားပါေစလို႔ ဆုေတာင္းေမတၱာပို႔သလိုက္ပါတယ္။

Latest Posts

Don't Miss