Monday, October 3, 2022

Latest Posts

သိန်း ၁၄၀ မတည်လှူဒါန်းထားတဲ့ သိမ်ကြီးမှာ နဂါးရုံဘုရားထပ်မံတည်လိုက်တဲ့ သရုပ်ဆောင် နေဆန်း

Unicode Version

မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်မူ့တွေ ရရှိခဲ့တဲ့ ပရိသတ်အချစ်တော် နေဆန်း ကိုတော့ ပရိသတ်တိုင်း ကြိုက်နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်နော်။ နေဆန်း ဟာ ကာရိုက်တာမျိုးစုံကို သဘာဝကျကျသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင် နေဆန်း ဟာ အိမ်စီးပွားရေးအနေနဲ့ “ချစ်တီးထမင်းဆိုင်” ကို ဖွင့်လှစ်ထားပါတယ်။ သူဟာချောမောလှပတဲ့ ဇနီးချောကို ပိုင်ဆိုင်ထားပြီး ချစ်ဖို့ကောင်းတဲ့ သားလေးနဲ့ သမီးငယ် နှစ်ဦးထွန်းကားခဲ့ပြီး သာယာတဲ့ မိသားစုဘဝလေးကို ရရှိထားပါတယ်။

သရုပ်ဆောင် နေဆန်း နဲ့ ဇနီး မချောစု တို့မိသားစု ဟာ တောင်ဒဂုံမြို့နယ်၊ ၁၅၂ ရပ်ကွက် မှာ “သီလဝိသောဓနီ” သိမ်ကြီးကို သိန်း ၁၄၀ မတည်လှူဒါန်းခဲ့ပြီး အခုနောက်ထပ်လဲ နဂါးရုံဘုရားထပ်မံတည်လိုက်ပါတယ်။ ” နဂါးရုံဘုရားတည်ထားကိုးကွယ်ရန်အတွက် တောင်ဒဂုံ(152)ရပ်ကွက် ရတနာလမ်း နန္ဒိယာရာမမိုးကုတ်ဓမ္မရိပ်သာကျောင်းအတွင်း ပန္နက်တင်မဂ်လာပြုလုပ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ပါရမီရှင် ကုသိုလ်ရှင်များအနေဖြင့်ဘုရားဒကာ ဘုရားဒကာမများအဖြစ် ကုသိုလ်ပါဝင် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်လိုက်ပါသည်။ ယခင်သိမ်အလှူရှင်များအနေဖြင့်လည်း မိမိတို့လှူဒါန်းထားသော သိမ်တော်၏ ခေါင်းရင်း၌တည်ထားကိုးကွယ်မည်ဖြစ်ပါ၍ ဘုရားဒကာ သိမ်ဒကာကြီးများအဖြစ် ထပ်မံကုသိုလ်ပြုနိုင်ပါကြောင်း တစ်သိန်းနဲ့အထက်အလှူရှင်များကို ဘုရား၏မျက်နှာစာတွင် ကဗ္ဗည်းကျောက်စာတင်ပေးမည်ဖြစ်ပါသည်။ 09777712470,09777712480,09424642942,09424642946 ဆက်သွယ်လှူဒါန်းနိုင်ပါသည်။” လို့ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ … သရုပ်ဆောင် နေဆန်း တို့ မိသားစုနဲ့ အလှူလေးမှာ ပါဝင်လှူဒါန်းချင်ရင် အထက်ပါဖုန်းနံပါတ်တွေမှတစ်ဆင့် ဆက်သွယ်လှူဒါန်းလို့ ရပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးလဲ အလှူလေးကို သာဓုခေါ်ဆို သွားခဲ့ပါအုန်း။

ZawGyi Version

သိန္း ၁၄၀ မတည္လႉဒါန္းထားတဲ့ သိမ္ႀကီးမွာ နဂါး႐ုံဘုရားထပ္မံတည္လိုက္တဲ့ သ႐ုပ္ေဆာင္ ေနဆန္း

ျမန္မာ့႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္မူ႔ေတြ ရရွိခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ ေနဆန္း ကိုေတာ့ ပရိသတ္တိုင္း ႀကိဳက္ႏွစ္သက္ၾကလိမ့္မယ္ ထင္ပါတယ္ေနာ္။ ေနဆန္း ဟာ ကာ႐ိုက္တာမ်ိဳးစုံကို သဘာဝက်က်သ႐ုပ္ေဆာင္ႏိုင္တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ေနဆန္း ဟာ အိမ္စီးပြားေရးအေနနဲ႔ “ခ်စ္တီးထမင္းဆိုင္” ကို ဖြင့္လွစ္ထားပါတယ္။ သူဟာေခ်ာေမာလွပတဲ့ ဇနီးေခ်ာကို ပိုင္ဆိုင္ထားၿပီး ခ်စ္ဖို႔ေကာင္းတဲ့ သားေလးနဲ႔ သမီးငယ္ ႏွစ္ဦးထြန္းကားခဲ့ၿပီး သာယာတဲ့ မိသားစုဘဝေလးကို ရရွိထားပါတယ္။

သ႐ုပ္ေဆာင္ ေနဆန္း နဲ႔ ဇနီး မေခ်ာစု တို႔မိသားစု ဟာ ေတာင္ဒဂုံၿမိဳ႕နယ္၊ ၁၅၂ ရပ္ကြက္ မွာ “သီလဝိေသာဓနီ” သိမ္ႀကီးကို သိန္း ၁၄၀ မတည္လႉဒါန္းခဲ့ၿပီး အခုေနာက္ထပ္လဲ နဂါး႐ုံဘုရားထပ္မံတည္လိုက္ပါတယ္။ ” နဂါး႐ုံဘုရားတည္ထားကိုးကြယ္ရန္အတြက္ ေတာင္ဒဂုံ(152)ရပ္ကြက္ ရတနာလမ္း နႏၵိယာရာမမိုးကုတ္ဓမၼရိပ္သာေက်ာင္းအတြင္း ပႏၷက္တင္မဂ္လာျပဳလုပ္ခဲ့ပါသည္။ သို႔ျဖစ္ပါ၍ ပါရမီရွင္ ကုသိုလ္ရွင္မ်ားအေနျဖင့္ဘုရားဒကာ ဘုရားဒကာမမ်ားအျဖစ္ ကုသိုလ္ပါဝင္ လႉဒါန္းႏိုင္ပါေၾကာင္း နိဗၺာန္အက်ိဳးေမွ်ာ္ႏႈိးေဆာ္လိုက္ပါသည္။ ယခင္သိမ္အလႉရွင္မ်ားအေနျဖင့္လည္း မိမိတို႔လႉဒါန္းထားေသာ သိမ္ေတာ္၏ ေခါင္းရင္း၌တည္ထားကိုးကြယ္မည္ျဖစ္ပါ၍ ဘုရားဒကာ သိမ္ဒကာႀကီးမ်ားအျဖစ္ ထပ္မံကုသိုလ္ျပဳႏိုင္ပါေၾကာင္း တစ္သိန္းနဲ႔အထက္အလႉရွင္မ်ားကို ဘုရား၏မ်က္ႏွာစာတြင္ ကဗၺည္းေက်ာက္စာတင္ေပးမည္ျဖစ္ပါသည္။ 09777712470,09777712480,09424642942,09424642946 ဆက္သြယ္လႉဒါန္းႏိုင္ပါသည္။” လို႔ ေရးသားထားပါတယ္။

ပရိသတ္ႀကီးေရ … သ႐ုပ္ေဆာင္ ေနဆန္း တို႔ မိသားစုနဲ႔ အလႉေလးမွာ ပါဝင္လႉဒါန္းခ်င္ရင္ အထက္ပါဖုန္းနံပါတ္ေတြမွတစ္ဆင့္ ဆက္သြယ္လႉဒါန္းလို႔ ရပါတယ္ေနာ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးလဲ အလႉေလးကို သာဓုေခၚဆို သြားခဲ့ပါအုန္း။

Latest Posts

Don't Miss