Friday, September 30, 2022
Latest Posts
သူမရဲ့သားဦးလေးအတွက် နာမည်ဆန်းဆန်းလေး ပေးခဲ့တဲ့ မော်ဒယ် အောန်ဆိုင်း
Unicode Version
ဆွဲဆောင်မှု့ပြင်းပြင်းနဲ့ ညှိအားကောင်းတဲ့ စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ ‌ကချင်တိုင်းရင်းသူလေး အောန်ဆိုင်း ကိုတော့ပရိသတ်တွေအားလုံး သိလိမ့်မယ်ထင်ပါတယ်။ ချစ်ရတဲ့ချစ်သူနဲ့အတူ နှစ်ကိုယ်တူဘဝတစ်ခုကို တည်ဆောက်ထားသူလေးလဲဖြစ်ပါတယ်။ သူမကတော့ အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့အပြင် လမ်းမပေါ်မှာရှိတဲ့ အမှိုက်တွေကိုပါ ရှင်းလင်းပေးခဲ့သူလေးတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာခင်ပွန်းဖြစ်သူနဲ့အတူ လုံခြုံဘေးကင်းတဲ့ အေးချမ်တဲ့နေရာလေးတစ်ခုမှာ ‌ေရာက်ရှိနေတာကြောင့် ပရိသတ်တွေစိတ်အေးရပါတယ်။ နိုဝင်ဘာလ ၈ရက်နေ့ညပိုင်းတွင် သူမရဲ့သားဦးလေး အောင်မြင်စွာမွေးဖွားခဲ့တယ်လို့ ပရိသတ်ကြီးကို အသိပေးထားပါတယ်။ သူမသားလေး နာမည် ဆန်းဆန်းပြားပြားလေး ပေးထားတယ်လို့လဲ သိရပါတယ်။
ဟိုအရင်အချိန်တွေထဲက အောန်ဆိုင်း က သူမဘဝရဲ့လက်တွဲဖော်ကို အားလုံးသိအောင် တရားဝင်ချပြခဲ့တာဖြစ်ပါတယ် ။ အောန်ဆိုင်း ရဲ့ချစ်သူကငါးမျှားတံမှာ လက်စွပ်ချိတ်ပြီး သူမကို Romantic ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့တာလည်း ဖြစ်ပါတယ် ။ အရမ်းချစ်ရတဲ့ချစ်သူနဲ့ ပျော်ရွှင်စရာဘဝလေးတစ်ခုကို တည်ဆောက်ခဲ့တဲ့ အောန်ဆိုင်း ဟာ မိသားစုဝင် အသစ်လေးကိုရရှိခဲ့ပြီပဲဖြစ်ပါတယ်။ ဖုန်းကျော်မိုးမြင့်နဲ့ မော်ဒယ် အော်န်ဆိုင်းတို့ရဲ့ သားဦးလေးကို နိုဝင်ဘာလ ၈ရက်နေ့တွင် မွေးဖွားခဲ့ကြောင်း သိရပါတယ်။ သူမသားလေးနာမည်ကို နာမည်လှလှလေး ပေးထားတာကြောင့် ပရိသတ်တွေ သဘောကျနေကြပါတယ်။ အောန်ဆိုင်း ရဲ့ သားလေးနာမည်ကတော့ ဧဝရတ်မိုးမြင့် ပဲဖြစ်ပါတယ်နော်။
ပရိသတ်ကြီးရေ အောန်ဆိုင်း ရဲ့သားဦးလေး ရဲ့နာမည်လေးကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ်နော်။ သားဦးလေးကိုကျန်းကျန်းမာမာနဲ့ ပိုင်ဆိုင်ခဲ့တဲ့ အောန်ဆိုင်း အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ZawGyi Version
Latest Posts
Don't Miss