Friday, September 30, 2022

Latest Posts

ဟာသလူရွှင်တော်ကြီး ဇာဂနာ ရဲ့မွေးနေ့ကို ဆုတောင်းပေးလိုက်တဲ့ ငှက်ပျောကြော်

Unicode Version

ဆယ်စုနှစ်တစ်ခုတိုင်အောင် ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်အောင် ဖန်တီးတင်ဆက်ပေးနိုင်ခဲ့သူကတော့ ဝါရင့်လူရွှင်တော်ကြီး ဇာဂနာ ပဲ ဖြစ်ပါတယ်။ ဇာဂနာ ဟာ လူရွှင်တော်၊ သရုပ်ဆောင်၊ စာရေးဆရာ၊ဒါရိုက်တာ ဆိုတဲ့ အနုပညာလုပ်ငန်းနယ်ပယ်တွေမှာ အောင်မြင်ထူးချွန်တဲ့ အနုပညာရှင်ကြီးတစ်ဦးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇာဂနာ ကတော့ ဧပြီလ အစပိုင်းလောက်မှာ တာမွေမြို့နယ်နေအိမ်မှာ အဖမ်းခံလိုက်ရပြီး ၆ လကြာမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ဒီနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့ ကတော့ ဝါရင့်လူရွှင်တော်ကြီး ဇာဂနာ ရဲ့ ၆၁ နှစ်ပြည့်မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ ဇာဂနာ ရဲ့မွေးနေ့ကို ဟာသလူရွှင်တော်ကြီးတစ်ဦးဖြစ်တဲ့ ငှက်ပျောကြော် က‌မွေးနေ့ဆုတောင်းလေးကို အခုလိုပဲ ရေးသားလာခဲ့ပါတယ်။ ” ဟက်ပီးဘတ်​ဒေးပါအာစရိ….​နေ​ကောင်းကျန်းမာစိတ်ချမ်းသာပါ​စေ….” ဆိုပြီး ငှက်ပျောကြော် ဟာ အမှတ်တရ ဓာတ်ပုံလေးနဲ့အတူ စာသားလေးကိုတွဲတင်ထားတာကို တွေ့ရပါတယ်။ လူရွှင်တော်ကြီး ငှက်ပျောကြော် အပါအဝင် အခြားသော အနုပညာနယ်ပယ်မှ အနုပညာရှင်တွေကလဲ ဇာဂနာ မွေးနေ့အတွက် ဆုတောင်းစကားလေးတွေ ပြောထားတာကို တွေ့ရပါတယ်။

ကဲ Cele Only ပရိသတ်ကြီးရေ ဝါရင့်လူရွှင်တော် ဦးဇာဂနာ ရဲ့ အသက် ၆၁နှစ်ပြည့်မွေးနေ့ကို ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။ လူရွှင်တော်ကြီး ဦးဇာဂနာ ကျရောက်တဲ့မွေးနေ့မှစပြီး သက်ရှည်ကျန်းမာပြီး ပြည်သူတွေအတွက် ဟာဒယရွှင်ဆေးတွေ ဒီထက်မကပိုမို တိုက်ကျွေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss