Monday, October 3, 2022
Latest Posts
အကြီးဆုံး လောကဓံကို ကြုံပီးကတည်းကဘာမဆိုရင်ဆိုင်နိုင်ပြီဆိုတဲ့ နန်းမြတ်ဖြိုးသင်း
Unicode Version
ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ကတော့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ သူမပါဝင်ရိုက်ကူးခဲ့တဲ့ ဟာသ ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ “ရွှေမိုး၊ငွေမိုး၊သွန်းဖြိုးလို့ရွာ” ဆိုတဲ့ ဇာတ်ကား ထဲမှာ ပါဝင် သရုပ်ဆောင် ခဲ့ပြီး ပရိသတ်ချစ်ခင်မှု့ကို ပိုမိုရရှိခဲ့ပါတယ်‌။ သရုပ်ဆောင် မှာတော်ရုံမက သီချင်း သီဆိုရာမှာလဲ ချိုသာလွန်းတဲ့ အသံပိုင်ရှင်ဖြစ်တာကြောင့် အဆိုတော် အဖြစ် အောင်မြင်မှု့ရရှိခဲ့ပါသေးတယ်။ အများလေးစားအားကျရပြီး အောင်မြင်တဲ့ အိမ်ထောင်ရေး ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ ကံမကောင်းစွာနဲ့ပဲ ခင်ပွန်း ဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ ခင်ပွန်း ဖြစ်သူ ဟာ ကိုဗစ် တတိယလှိုင်းမှာ ရုတ်တရတ်ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်း ကွယ်လွန်သွားခဲ့ပြီးနောက် ချစ်ဖို့ကောင်းတဲ့ ဂျက်ဂျက် နဲ့ ဂျူးဂျူးလို့ ခေါ်တဲ့ ရင်သွေးလေးနှစ်ဦးကျန်ရစ်ခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်း ဟာ ရင်သွေးလေးနှစ်ဦးအတွက် မိခင်တာဝန်အပြင် ဖခင် တာဝန်ကိုပါ ကျေပွန်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ခင်ပွန်း ဖြစ်သူနဲ့လေးနှစ်တာပဲ ပေါင်းသင်းခဲ့ရပြီး ရုတ်တရတ်ကွယ်လွန်သွားခဲ့တာကြောင့် အမှတ်တရတွေကြုံလာတိုင်း သတိရလွမ်းဆွတ်နေတာပဲ ဖြစ်ပါတယ်။
သူမရဲ့ လူမှုကွန်ယက် စာမျက်နှာပေါ်မှာ သူမအတွက်မလုပ်တက်ခဲ့တဲ့အရာတွေတောင် လုပ်တက်နေပြီဆိုတဲ့အကြောင်းကိုရင်ဖွင့်ကာရေးသာခဲ့တာပဲဖြစ်ပါတယ်။
“ဟင်းတွေလဲကိုယ်တိုင်ချက်တတ်ပီ။
ဒီနေ့ ဝက်သားနီချက်နဲ့ပန်းပွင့်ကြော်၊ချဉ်ဟင်းလေးချက်တယ်။
အရင်ကဆိုဟင်းချက်တဲ့ကောင်မလေးတွေပြန်သွားရင်သောကတွေရောက်တာ၊
ခုတော့စိတ်ကိုလျော့လိုက်တယ်၊ ငါလုပ်နိုင်တယ်လို့တွေးတယ်။
တအိမ်လုံးစာဟင်းချက်တယ်၊ပြီးတာနဲ့မိတ်ကပ်အမြန်လိမ်း၊ ရှုတင်သွားတယ်။
ပြန်လာတော့ညစာပြင်ဆင်တယ်။ Online shopကိစ္စလေးတွေလဲအပြေးအလွှားလုပ်တယ်။
အကြီးဆုံးလောကဓံကိုကြုံပီးတည်းကဘာမဆိုရင်ဆိုင်ရုံပဲလို့တွေးတတ်သွားတယ်။
အမေ တွေဟာအသန်မာဆုံးပဲ။🦾
💖Every Mom is special💖”ဆိုပြီးရေးသားခဲ့တာပဲဖြစ်ပါတယ်။
အမေ တွေဆိုတာသားသမီးတွေအတွက်အသန်မာဆုံးသောချစ်ခြင်းတွေပိုင်ဆိုင်ထားကြတယ်ဆိုတာကို မေမေ နန်းမြတ်ဖြိုးသင်း ကသက်သေပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ Cele Only ပရိသတ်ကြီးရေ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း အတွက် အားပေးစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်း။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Zawgyi Version
Latest Posts
Don't Miss