Tuesday, October 4, 2022

Latest Posts

အကြောင်းအရာမသိပဲ အာချောင်နေကြသူတွေကို သတိပေးလိုက်တဲ့ ပိုင်တံခွန် အစ်မ မေချစ်သွေး

Unicode Version

ပြည်သူ့အချစ်တော် မော်ဒယ်မင်းသားချော ပိုင်တံခွန် ကတော့နိုင်ငံတော်အကြည်ညိုပျက်စေမှု့ ပုဒ်မ ၅၀၅ ကနဲ့ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပြီး အမှု့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာတော့ ပိုင်တံခွန် ကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ ဒီသတင်းကြောင့် မိသားစုဝင်တွေနဲ့ ချစ်တဲ့ပရိသတ် ၊မိတ်ဆွေ၊သူငယ်ချင်းတွေက စိတ်မကောင်းဖြစ် ဝမ်းနည်းပူဆွေးနေကြတာပဲဖြစ်ပါတယ်။ ပိုင်တံခွန် ရဲ့အမှု့ကိစ္စနဲ့ပတ်သတ်ပြီး လူတစ်စုက အကြောင်းအရာမခိုင်လုံပဲ သတင်းအမှားတွေ လွှင့်နေတာကြောင့် အစ်မတော်စပ်သူဖြစ်တဲ့ မေချစ်သွေး ကတော့ အခုလိုပဲ သတိပေးလိုက်ပါတယ်။

ပိုင်တံခွန် ရဲ့အစ်မဖြစ်သူ‌ မေချစ်သွေး ရေးသားထားတာကတော့ ” အကြောင်းအရာ ဘာမှမသိပဲ အာချောင်ကြသူတွေကို ငါသည်းခံသင့်သလောက် သည်းခံပေးခဲ့ပြီးပြီနော် စောက်ကြောင်းမသိရင် စောက်အာမချောင်ပဲ စောက်ပေါက်ပိတ်နေကြ နောက်မှ ငါအဆိုးမဆိုနဲ့ လိုင်းပေါ်ကနေ ဝမ်းနည်းကြောင်းကလွဲလို့ နင်တို့ ဘာများလုပ်ပေးခဲ့ဖူးလဲ သူ့အတွက် ထမင်း၊ဟင်း ချက်ပို့ပေးခဲ့ဖူးသလား အဝတ်အစား၊ဆေး အစရှိသဖြင့် ဘာတွေများ အဆင်ပြေအောင် ပို့ဆောင်ပေးခဲ့ဖူးသလဲ စောက်ပိုတွေပဲ ရေးနေ ပြောနေပြီး မိသားစုထက်တောင် ပိုပြီးပူဆွေးနေရသေးသတဲ့ အကောင့်တွေဝင်ကြည့်လိုက်ရင် lock တွေချပြီး ဝရမ်းပြေးလိုလို နိုင်ငံအတွက် တအားကို အလုပ်လုပ်ပေးနေတဲ့အထာတွေနဲ့ စောက်ဦးနှောက်တွေက အဝီစိကနေကို တက်မလာကြဘူး ဘယ်သူ့မှ စောက်ဂရုမစိုက်လို့ကို အေးဆေးနေနေတာ လာမထိကြနဲ့ နောက်တစ်ခါ ss တွေနဲ့ပါ ချပြောမယ် ” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ဟာ ၂၀၂၁ ကမ္ဘာ့အချောဆုံး အမျိုးသား ၁၀၀ တွင် နံပါတ် (၁) ရရှိခဲ့တာကြောင့် ပရိသတ်တွေအတွက် ဝမ်းနည်းဝမ်းသာ ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လဲ ချစ်တဲ့ပရိသတ်တွေက ပိုင်တံခွန် ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာလဲ ဖြစ်ပါတယ်။ ပိုင်တံခွန် နဲ့ပတ်သတ်လို့ သတင်းအမှားများကို မလွှင့်ကြဖို့ အစ်မဖြစ်သူရဲ့တောင်းဆိုချက်လေးကို ပြန်လည်ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်နော်။

ZawGyi Version





Latest Posts

Don't Miss