Tuesday, October 4, 2022

Latest Posts

အနာဂတ်မှာအောင်မြင်နိုင်တဲ့ထိပ်ဆုံးနေရာတွင် ရွေးချယ်ခံရတဲ့ Jungkook

Unicode Version

ကမ္ဘာတစ်ဝှမ်းမှ ဖျော်ဖြေရေး၊ အန်နီမေးရှင်းနှင့် ဂိမ်းများဆိုင်ရာ သတင်းနှင့် အကြောင်းအရာများကို ထုတ်ဝေတဲ့ အိန္ဒိယဝဘ်ဆိုဒ် ‘OtakuKart ဟာ မကြာသေးမီကမှ တစ်ကိုယ်တော် အသက်မွေးဝမ်းကြောင်းပြုလုပ်ပြီး အောင်မြင်နိုင်တဲ့ ထိပ်တန်း K-pop Idol 8 ဦးကို ရွေးချယ်ပြီး မီးမောင်းထိုးပြခဲ့ပါတယ်။

အဆိုပါ idols များသည် အလွန်အရည်အချင်းရှိသူဖြစ်ကြောင်း ဝဘ်ဆိုဒ်မှ မိတ်ဆက်ပေးခဲ့ပြီး၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏အောင်မြင်သောတစ်ကိုယ်တော်အသက်မွေးဝမ်းကြောင်း တွင် အချိန်မ‌ရွေး သီချင်းဆိုခြင်း၊ ရက်ပ်၊ သို့မဟုတ် အကစသည့် နယ်ပယ်မျိုးစုံတွင် အလွယ်တကူ ဖန်တီးနိုင်ကြတယ်လို့ ဖော်ပြထားပါတယ်။

အနာဂတ်မှာ အောင်မြင်တဲ့ တစ်ကိုယ်တော် အနုပညာရှင် ဖြစ်လာနိုင်တဲ့ K-pop Idol ရှစ်ယောက်ကို အဆင့်သတ်မှတ်ပြီး ရွေးချယ်ခဲ့ရာ BTS အဖွဲ့ဝင် Jungkook က ပထမနေရာကို ရရှိခဲ့ပါတယ်။

Jungkook သည် BTS ရဲ့ အကသမားနဲ့ အဓိကတေးသံရှင် များထဲမှ တစ်ဦးအဖြစ် မိတ်ဆက်ပေးခဲ့ပြီး စင်မြင့်ထက်တွင် ပိုမိုကောင်းမွန်သော တိုက်ရိုက်ဖျော်ဖြေမှုကို ပြသနိုင်သည့်အတွက် ချီးကျူးခဲ့ကြပါတယ်.

TC Candler မှရွေးချယ်ထားသော 2021 ခုနှစ်တွင်ကမ္ဘာ့အချောဆုံးမျက်နှာ 100 တွင် ထူးထူးခြားခြားရက်ပ်စွမ်းရည်နှင့် တုနှိုင်းမယှဉ်နိုင်သော ရုပ်ပုံ‌တို့ကြောင့် နံပါတ် ငါးနေရာတွင်ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Jungkook ဟာ နာမည်ကြီးတစ်ယောက်အနေနဲ့သာမက လူသားတစ်ယောက်အနေနဲ့ပါ အပြစ်အနာအဆာကင်းတဲ့ သူ့ရဲ့ဖြောင့်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေးအတွက် ချီးကျူးစကားတွေလည်းပြောကြားခဲ့ပါတယ်။

မီဒီယာများက Jungkook သည် ၎င်း၏တစ်ကိုယ်တော်အသက်မွေးဝမ်းကြောင်းတွင် အအောင်မြင်ဆုံး idolဖြစ်နိုင်တယ်လို့ ချီးကျူးပြောဆိုခဲ့ကြပါတယ်။ “သူသည် မည်သည့်နယ်ပယ်တွင်မဆို အရှုံးမပေးဘဲ ဂီတလောကတွင် အပြိုင်အဆိုင် စိတ်အရှိဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်သည်” ဟု ထပ်လောင်းပြောခဲ့တာပဲဖြစ်ပါတယ်။

Jungkookဟာ အဖွဲ့ ထဲတွင် အသက်အငယ်ဆုံးဖြစ်သော်လည်း ပင်တိုင်တေးသံရှင်၊ ဦးဆောင်အကနှင့် ရက်ပ်အဆိုတော်များအဖြစ် လည်း သတ်မှတ်လို့ရတာကြောင့် ထူးချွန်တဲ့အရည်အချင်းတွေပိုင်ဆိုင်ထားတယ်လို့ယူဆရပါတယ်။

ထို့အပြင် Jungkook ဟာ စာရေးခြင်း၊ သီးချင်းရေးဖွဲ့ခြင်း၊ ထုတ်လုပ်ခြင်း၊ ပုံဆွဲခြင်းနှင့် ဗီဒီယိုထုတ်လုပ်ခြင်းစတဲ့ နယ်ပယ်အသီးသီးတွင်လည်း အရည်အချင်းရှိသူဖြစ်သောကြောင့် သူ့ကို “All Rounder Icon” “Golden Maknae” စသည်တို့ဖြင့် လူတိုင်းရဲ့ နှစ်သက်မှုကိုခံရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်.

Jungkook ဟာ ‘Billboard Vietnam’ တွင် စွမ်းရည်အရှိဆုံး Idol တစ်ဦးအဖြစ် ရွေးချယ်ခံရပြီး အင်ဒိုနီးရှားမီဒီယာ ‘IDN Times’ တွင် ကျော်ကြားသော Big Hit အဖွဲ့တွင် စွယ်စုံရ အဆိုတော်တစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အမေရိကန်မီဒီယာ ‘Koreaboo’ တွင်လည်း အထူးချွန်ဆုံး idol အဖြစ် သတ်မှတ်ခံထားရပါတယ်။ ‘Saostar’ Vietnam မှလည်း ကောင်းမွန်စွာ သီဆိုနိုင် ပြီး ကနိုင်တဲ့ အမျိုးသား K-pop Idol အဖြစ် မဲပေးခဲ့ပါတယ်။ သူ့ရဲ့ အရည်အချင်းများကို မရေမတွက်နိုင်သော နိုင်ငံခြား စာနယ်ဇင်းများက သတိပြုမိခဲ့ကြတာပဲဖြစ်ပါတယ်.

Anglo-American အဘိဓာန်ဝဘ်ဆိုဒ်ဖြစ်သည့် Urban Dictionary သည် Jungkook ကို K-pop ၏ ace အဖြစ်သတ်မှတ်ခဲ့ပြီး ၎င်း၏တစ်ကိုယ်တော်လှုပ်ရှားမှုများအတွက် ပရိသတ်များ၏မျှော်လင့်ချက်များကို မြှင့်တင်ပေးခဲ့ပါတယ်.။

အခုဆိုရင်တော့ ပရိသတ်တွေက တစ်ကိုယ်တော် အယ်လ်ဘမ်ကို မျှော်လင့်နေကြတာပဲဖြစ်ပါတယ်.

Zawgyi Version

အနာဂတ်မှာ တစ်ကိုယ်တော် အနုပညာရှင်အဖြစ် အောင်မြင်နိုင်တဲ့ နံပါတ် ၁ နေရာတွင် ရွေးချယ်ခံရတဲ့ Jungkook













Latest Posts

Don't Miss