Monday, October 3, 2022

Latest Posts

အနုပညာအလုပ်တွေ မရှိတော့ဒုက္ခရောက်တယ်ဆိုတဲ့ ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါ

Unicode Version

ကိုဗစ်‌လှိုင်းတွေနဲ့ နိုင်ငံရေးအခြေအနေတွေအရ အနုပညာလောကမှာ ရုပ်ရှင်ရိုက်ကူးမှု့တွေကို နှစ်နဲ့ချီပြီး နားထားတကြောင့် ရုပ်ရှင်အပေါ်မှီခိုနေရတဲ့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်အတွက် စား‌ဝတ်နေရေး ခက်ခဲရတဲ့ကာလတစ်ခုပါ။ ကျန်းမာရေးမကောင်းတဲ့အနုပညာရှင်တွေအတွက်က ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါ ကတော့ အနုပညာအလုပ်တွေမရှိတော့ ဒုက္ခရောက်တယ်လို့ အင်တာဗျူးတစ်ခုမှာ ရင်ဖွင့်ထားပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ဒေါ်နန်းခမ်းဝါ ကတော့ဇာတ်ကားတိုင်းမှာ တွေ့မြင်ရပြီး သရုပ်ဆောင်ကောင်းတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာလုပ်ငန်းတွေ နည်းပါးတာကြောင့် အခုချိန်မှာ သားငယ်လေးရဲ့ လုပ်စားကိုထိုင်စားနေပြီး ရတဲ့လစာလေးနဲ့ ဆေးဝယ်သောက်နေရပါတယ်တဲ့။ သားအကြီးက ဆုံးသွားခဲ့ပြီး သားအငယ်လေးနဲ့အတူ နေထိုင်နေပြီး ရတဲ့လစာ တစ်သိန်းခွဲ ကို ဆေးဖိုး၊စားရေး၊သောက်ရေး အတွက်ခွဲသုံးနေပါတယ်။ အလုပ်မလုပ်ရတာ ၂ နှစ်ကျော်ကြာပြီဖြစ်တာကြောင့် အဆင်မပြေဖူး၊အစပိုင်းကလှူတဲ့လူတွေရှိပေမယ့် အခုတော့နည်းသွားကြပြီ။ သားအမိ၂ ယောက်ပဲရှိတော့တယ် အားကိုးစရာ သားပဲရှိတော့တယ်၊သားကအားပဲ ကံကောင်းတယ်လို့ပဲပြောရမယ်။

သင်္ကြန်နားနီးလို့ သင်္ကြန်သီချင်းတွေကြားရရင် စိတ်မကောင်းဖူး အရင်က အမေများအဖွဲ့က ဒီအချိန်ဆိုကနေရပြီ။ ဒူးတွေလဲမကောင်းတော့တာကြောင့် မကနိုင်တော့ဖူး၊မကတာကြာတော့ ကလဲမကချင်တော့ပါဘူး။ အမေများအဖွဲ့ကလဲ လူမစုံတော့ဖူးလေ ပြီးတော့ ‌နောက်လူသစ်တွေကိုလဲ ခေါ်ထားတာ ၈ ယောက်လောက်ပဲ ရှိတော့တယ်။ ၆၆နှစ်ရှိပြီ ဒါကြောင့် ဘယ်နေ့သေမလဲမသိနိုင်ဖူး အချိန်လေးဖဲ့ပြီး တရားဘာဝနာ အားထုတ်ဖြစ်တယ်။ အရွယ်ကလဲရလာတော့ သီလရှင်ဝတ်ချင်တာ။ အားပေးနေကြတဲ့ ပရိသတ်အားလုံး ကျန်းမာချမ်းသာပြီး ကပ်ဘေးတွေမှ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi version

အႏုပညာအလုပ္ေတြမရွိေတာ့ ဒုကၡေရာက္တယ္ဆိုတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေဒၚနန္းခမ္းဝါ

ကိုဗစ္‌လႈိင္းေတြနဲ႔ ႏိုင္ငံေရးအေျခအေနေတြအရ အႏုပညာေလာကမွာ ႐ုပ္ရွင္႐ိုက္ကူးမႈ႕ေတြကို ႏွစ္နဲ႔ခ်ီၿပီး နားထားတေၾကာင့္ ႐ုပ္ရွင္အေပၚမွီခိုေနရတဲ့ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္အတြက္ စား‌ဝတ္ေနေရး ခက္ခဲရတဲ့ကာလတစ္ခုပါ။ က်န္းမာေရးမေကာင္းတဲ့အႏုပညာရွင္ေတြအတြက္က ပိုမိုဆိုးဝါးတဲ့ အေျခအေနေတြနဲ႔ရင္ဆိုင္ေနရပါတယ္။ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေဒၚနန္းခမ္းဝါ ကေတာ့ အႏုပညာအလုပ္ေတြမရွိေတာ့ ဒုကၡေရာက္တယ္လို႔ အင္တာဗ်ဴးတစ္ခုမွာ ရင္ဖြင့္ထားပါတယ္။

ဇာတ္ပို႔သ႐ုပ္ေဆာင္ ေဒၚနန္းခမ္းဝါ ကေတာ့ဇာတ္ကားတိုင္းမွာ ေတြ႕ျမင္ရၿပီး သ႐ုပ္ေဆာင္ေကာင္းတဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ဦးပဲ ျဖစ္ပါတယ္။ အႏုပညာလုပ္ငန္းေတြ နည္းပါးတာေၾကာင့္ အခုခ်ိန္မွာ သားငယ္ေလးရဲ႕ လုပ္စားကိုထိုင္စားေနၿပီး ရတဲ့လစာေလးနဲ႔ ေဆးဝယ္ေသာက္ေနရပါတယ္တဲ့။ သားအႀကီးက ဆုံးသြားခဲ့ၿပီး သားအငယ္ေလးနဲ႔အတူ ေနထိုင္ေနၿပီး ရတဲ့လစာ တစ္သိန္းခြဲ ကို ေဆးဖိုး၊စားေရး၊ေသာက္ေရး အတြက္ခြဲသုံးေနပါတယ္။ အလုပ္မလုပ္ရတာ ၂ ႏွစ္ေက်ာ္ၾကာၿပီျဖစ္တာေၾကာင့္ အဆင္မေျပဖူး၊အစပိုင္းကလႉတဲ့လူေတြရွိေပမယ့္ အခုေတာ့နည္းသြားၾကၿပီ။ သားအမိ၂ ေယာက္ပဲရွိေတာ့တယ္ အားကိုးစရာ သားပဲရွိေတာ့တယ္၊သားကအားပဲ ကံေကာင္းတယ္လို႔ပဲေျပာရမယ္။

သၾကၤန္နားနီးလို႔ သၾကၤန္သီခ်င္းေတြၾကားရရင္ စိတ္မေကာင္းဖူး အရင္က အေမမ်ားအဖြဲ႕က ဒီအခ်ိန္ဆိုကေနရၿပီ။ ဒူးေတြလဲမေကာင္းေတာ့တာေၾကာင့္ မကႏိုင္ေတာ့ဖူး၊မကတာၾကာေတာ့ ကလဲမကခ်င္ေတာ့ပါဘူး။ အေမမ်ားအဖြဲ႕ကလဲ လူမစုံေတာ့ဖူးေလ ၿပီးေတာ့ ‌ေနာက္လူသစ္ေတြကိုလဲ ေခၚထားတာ ၈ ေယာက္ေလာက္ပဲ ရွိေတာ့တယ္။ ၆၆ႏွစ္ရွိၿပီ ဒါေၾကာင့္ ဘယ္ေန႔ေသမလဲမသိႏိုင္ဖူး အခ်ိန္ေလးဖဲ့ၿပီး တရားဘာဝနာ အားထုတ္ျဖစ္တယ္။ အ႐ြယ္ကလဲရလာေတာ့ သီလရွင္ဝတ္ခ်င္တာ။ အားေပးေနၾကတဲ့ ပရိသတ္အားလုံး က်န္းမာခ်မ္းသာၿပီး ကပ္ေဘးေတြမွ ကင္းေဝးၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss