Friday, September 30, 2022

Latest Posts

အပြစ်ကင်းတဲ့ ဒါနအလှူလေးတစ်ခု ပြုလုပ်လိုက်တဲ့ မင်းသမီး ခိုင်သင်းကြည်

Unicode Version

ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးချောတစ်လက်ဖြစ်တဲ့ မင်းသမီး ခိုင်သင်းကြည် ဟာ အခုချိန်ထိအရွယ်တင် နုပျိုလှပနေဆဲဖြစ်ပြီး မိန်းကလေးပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ခိုင်သင်းကြည် ကို မပွတ်ကျွတ် ဇာတ်ကားနဲ့စတင် လူကြိုက်များခဲ့ပြီး နောက်ပိုင်းမှာ ဇာတ်ကားကောင်းများစွာရိုက်ကူးခဲ့ပြီး အရမ်းကိုအောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးခရီးကို လျှောက်လှမ်းနေပြီးတော့ သမီးချောလေးကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကို အတူတကွလုပ်ကိုင်နေလျှက်ရှိပြီး သာယာငြိမ်းချမ်းတဲ့မိသားစုလေးကို ထူထောင်ထားတာပဲ ဖြစ်ပါတယ်။

မင်းသမီး ခိုင်သင်းကြည် ဟာ အလှူအတန်းများကို ပြုလုပ်ရတာ နှစ်ခြိုက်သူတစ်ဦးဖြစ်ပြီး ဘာသာတရားကိုလဲ ကိုင်းရှိုင်းတဲ့ အနုပညာရှင်တစ်ဦးလဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အပြစ်ကင်းတဲ့ ဒါနအလှူလေးတစ်ခုကို သရုပ်ဆောင် မျိုးမျိုးခိုင် မှတစ်ဆင့် ထပ်မံပြုလုပ်လိုက်ပြန်ပါပြီ။ ” မခိုင်သင်းကြည် ရဲ့အပြစ်ကင်းသောဒါနအလူုလေးပါရှင် အလူုရှင်မိသားစုစိတ်ချမ်းသာကိုယ်ကျမ်းမာပါစေ အသက်ရှည်ကာအနာမဲ့ပါစေ ကပ်ဆိုးကြီးများမှကင်းဝေးပါစေ လိုတရသောမိသားစုဖြစ်ပါစေ ချစ်ခငိရသောသူများနဲ့အေးချမ်းသာယာစွာသက်ထက်ဆုံးနေရပါစေရှင် ဘဝတွင်မရှိဆိုသောစကားကိုမကြားရမမြင်ရပါစေနဲ့ရှင် စိတ်ရှိတိုင်းလူုဒန်းနိုင်ရပါစေရှင် လူုဒန်းမှုကုသိုလ်အပြည့်အဝရရှိပါစေရှင် သာဓုသာဓုသာဓုပါရှင် …” လို့ မျိုးမျိုးခိုင် ရဲ့ လူမူ့စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

စာဖတ်ပရိသတ်ကြီးရေ မင်းသမီး ခိုင်သင်းကြည် ရဲ့ ဖြူစင်တဲ့အလှူဒါနလေးကို သာဓုခေါ်ဆိုသွားခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss