Monday, October 3, 2022

Latest Posts

အလုပ်မှာ အောင်မြင်ရခြင်းရဲ့ လျို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ မင်းသမီး နန္ဒာလှိုင်

Unicode Version

ပရိသတ်ကြီးရေ မင်းသမီး နန္ဒာလှိုင် ကတော့ဆယ်စုနှစ်ကတည်းက နာမည်ကြီးလူကြိုက်များခဲ့တဲ့ မြန်မာပြည်ရဲ့ နာမည်ကြီး မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလဲ ပြောစရာမလိုလောက်အောင် ပြည့်စုံကောင်းမွန်လွန်းတာကြောင့် အကယ်ဒမီဆုကြီးကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ မွန်တိုင်းရင်းသူလေးဖြစ်တဲ့ သူမဟာအောင်မြင်တဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတာပဲ ဖြစ်ပါတယ်။

မင်းသမီး နန္ဒာလှိုင် ဟာ သရုပ်ဆောင် မင်းသမီးဘဝမှာလဲ အောင်မြင်ကျော်ကြားခဲ့သူတစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမူ့တွေ မရှိတော့ပေမယ့်လဲ ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကို အတူတကွလုပ်ကိုင်နေတာလဲ ဖြစ်ပါတယ်။ မင်းသမီး နန္ဒလှိုင် ကတော့ အလုပ်မှာ ‌အောင်မြင်ရတဲ့ လျို့ဝှက်ချက်ကို အခုလိုပဲထုတ်ဖော်ပြောပြလိုက်ပါတယ်။ သူမပြောတဲ့ အောင်မြင်ရခြင်းရဲ့ လျို့ဝှက်ချက် ကတော့ ” ဘယ်အလုပ်မဆိုစေတနာလေးထည့်လုပ်ပါအောင်မြင်ပါလိမ့်မည် အလိုကြီးပါကအရနည်းတတ်ပါသည် ” လို့ ပရိသတ်တွေကို ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။

ကဲ … ပရိသတ်ကြီးရေ မင်းသမီး နန္ဒာလှိုင် ရဲ့ အောင်မြင်ရခြင်းရဲ့ အကြောင်းရင်းကို သိကြပြီထင်ပါတယ်နော်။ ဘယ်အလုပ်မဆို အလိုကြီးရင် အရနည်းတတ်ပါတယ်၊ လောဘကိုရှေ့တန်းတင်ပြီး အလုပ်လုပ်ရင် ဘယ်အလုပ်မှ မအောင်မြင်ပါဘူးနော်။

ZawGyi Version





Latest Posts

Don't Miss