Friday, September 30, 2022

Latest Posts

အလုပ်ရှင်အပေါ် တာဝန်ကျေတာထက် စေတနာပိုထားတဲ့ ဝန်ထမ်းကိုဆုချခဲ့တဲ့ ရွှေရည်သိန်းတန်

Unicode Version

ပရိသတ်ကြီးရေ ပရိသတ်ကြီးရေ ဂန္တဝင်တေးသံရှင်ကြီး တွံတေးသိန်းတန်ရဲ့ သမီးဖြစ်သူ မြန်မာသံအဆိုတော် ရွှေရည်သိန်းတန် ကတော့ ခင်ပွန်းကွယ်လွန်ပြီးယနေတိုင်အောင် ခင်ပွန်းဖြစ်သူကို တစ်ရက်မှ မေ့မရနိုင်သေးပါဖူး။ ခင်ပွန်းဖြစ်သူ နေလအတွက်လဲ ကွယ်လွန်တဲ့နေ့ကစပြီး တော့ ယခုအချိန်ထိတိုင်အောင် နေ့စဥ် ရက်ဆက် ကုသိုလ်ကောင်းမှု့တွေ ပြုလုပ်နေတာကိုလဲတွေ့ရပါတယ်။ သူမသိပ်ချစ်ရတဲ့ ခင်ပွန်းကွယ်လွန်ပြီးနောက်ပိုင်း သူမကတော့ ခင်ပွန်းဖြစ်သူအတွက် အလှူအတန်းတွေ လုပ်ရင်း အချိန်တွေကို ကုန်လွန်နေခဲ့ပါတယ်။ ဒါအပြင် စီးပွားရေးလုပ်ငန်းတွေကိုပဲ စိတ်နှစ်လုပ်ကိုင်နေတာကိုလဲ တွေ့ရပါတယ်။ ဒီနေ့မှာတော့ သူမအပေါ်သိတတ်တဲ့ ဝန်ထမ်းကို ဆုချခဲ့တဲ့အကြောင်းလေးကို ဖော်ပြပေးချင်ပါတယ်။

ရွှေရည် က သူမအပေါ် တာဝန်ကျေတာထက်ပိုပြီး စေတနာထားခဲ့တဲ့ သူမအိမ်မှာနေတဲ့ အလုပ်သမားမိန်း‌ကလေးကို တန်ဖိုးကြီးတဲ့နားကပ်လေးတစ်ရံကို ဆုချခဲ့ပါတယ်။ ” ခင်ရာဆွေမျိုး..မိန်ရာဟင်းကောင်းသတဲ့..မိုးလင်းမိုးချုပ်..အလုပ်ရှင်ကိုတာဝန်ကျေတာထက်ပိုတဲ့စေတနာတွေအတွက်..ဆုချတာပါ..မမ အပေါ်အမြဲစေတနာထားပြီးလိမ်မာပါသမီးရေ အိပ်ဆေးနက် ဝမ်းနှုတ်ဆေးတော့မှားမတိုက်နက်ပေါ့အေ”ဆိုပြီး သူမရဲ့ဖေ့ဘွတ်မှာရေးသားထားပါတယ်။ စေတနာရောင်ပြန်ဟပ်ပြီး နားကပ်လေးကိုလက်ခံရရှိတဲ့ သူမရဲ့ဝန်ထမ်းလေးကတော့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေပါတယ်။ ချီးကျူးထိုက်သူကို ချီးကျူးတာမင်္ဂလာတစ်ပါးပါပဲနော်။ ရွှေရည်သိန်းတန် ကတော့ ရဲ့ခင်ပွန်းကွယ်လွန်တာဆိုရင်တော့ အခုဆိုရင်တော့ ၂လပြည့်ခဲ့ပြီးပဲဖြစ်ပါတယ်။ သူမကတော့ ခင်ပွန်းကိုလွမ်းတဲ့စိတ်နဲ့ အလုပ်တွေ ကြိုးစားလုပ်ကိုင်ရင်း ဝန်ထမ်းတွေနဲ့အတူအချိန်တွေကို ‌‌ကုန်ဆုံးနေပါတယ်။

ပရိသတ်ကြီးရေ ခင်ရာဆွေမျိုး..မိန်ရာဟင်းကောင်းပါပဲ။ ဒါအပြင် အလုပ်သမားဝန်ထမ်းတွေအပေါ် ရက်ရောတတ်တဲ့ ရွှေရည်သိန်းတန် ကို ချီးကျူးစကားလေးတွေကို ကောမန့်မှာ ပြောခဲ့ပါအုန်း။

ZawGyi version





Latest Posts

Don't Miss