Friday, September 30, 2022
Latest Posts
အသက် 20ကျော်နဲ့ “Young and Rich”ဂုဏ်ပုဒ်ကို ပိုင်ဆိုင်နိုင်ပြီဖြစ်တဲ့ မင်း‌သားချော Song Kang
UNICODE VERSION
မကြာသေးခင်က သရုပ်ဆောင် မင်းသားချော Song Kang ဟာ အွန်လိုင်းတွင် Netflix ရဲ့ကမ္ဘာလုံးဆိုင်ရာ ပရိသတ်တွေ့ဆုံပွဲကျင်းပဖို့အတွက် အခွင်း‌အရေးရခဲ့ပါတယ်။
ပွဲဦးထွက်ကတည်းကနေ နောက်ဆုံးမှာတော့ ပထမဆုံး တစ်ကိုယ်တော်ပရိတ်သတ် တွေ့ဆုံပွဲအတွက် အခွင့်အရေးရရှိခဲ့တာပဲဖြစ်ပါတယ်။ ၎င်းအခွင့်အရေးကိုရရှိှိတဲ့ Song Kang ဟာ တစ်နာရီ မိနစ်၄၀လောက် ရှုထောင့်မျိုးစုံနဲ့ ပရိတ်သတ်တွေကို အထူးအမှတ်တရပြုလုပ်ခဲ့ပါတယ်။
Song Kang ရဲ့ Vlog ဗီဒီယိုဟာလည်းအဲ့နေ့မှာထွက်ရှိခဲ့ပါတယ်။ အဲ့Vlog ဗီဒီယိုထဲမှာ Song Kang ဟာ ထမင်းစားပြီး‌တော့ စန္ဒယားတီလေ့ကျင့်ဖို့အတွက်သွားပါတယ်။
စန္ဒယားတီလေ့ကျင့်ဖို့အတွက် Song Kang ဟာ ၀မ်းသန်း ၂၀၀ တန်ကြေးရှိတဲ့ Mercedes-Benz G-class ကို မောင်းနှင်‌နေတာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
မောင်းနှင်နေစဥ်အတွင်း “ရှေ့ မီတာ 500 အကွာတွင်အန္တရာယ်ကင်းစွာ မောင်းနှင်ပါ” ဟူသော အသံကို ကားရဲ့ navigation ကသတိပေးနေတာပဲဖြစ်ပါတယ်။
Song Kang က ” ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်” လို့ ပြောပြီး “ကျွန်တော့်ဘေးမှာ ကားမောင်းဖို့ ကူညီပေးတဲ့ တစ်ယောက်ယောက် အမြဲရှိနေတာကြောင့် ဘေးကင်းစွာ မောင်းနှင်နိုင်မှာပါ” လို့ပြန်လည်ပြောခဲ့တာပဲဖြစ်ပါတယ်။
မင်းသားချော Song Kang ကတော့ အသက် ၂၀ ကျော်အရွယ်မှာပဲ စျေကြီးတဲ့ Mercedes-Benz G-classကိုစီးနိုင်နေပြီပဲဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာပြီး သရုပ်ဆောင်မှာပါအောင်မြင်လာတဲ့ Song Kangအတွက် ၀မ်းသာဂုဏ်ယူပါတယ်နော်။
ZAWGYI VERSION
Latest Posts
Don't Miss