Friday, September 30, 2022

Latest Posts

အာဏာသိမ်းခဲ့တဲ့အချိန်မှစပြီး ရှုပ်ထွေးသွားခဲ့တဲ့ ဂီတလောကအကြောင်း ပြောပြလာတဲ့ အိမ့်ချစ်

Unicode Version

အဆိုတော် အိမ့်ချစ် ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့ သီချင်းကောင်းများစွာကို ခံစားသီဆိုထားနိုင်တာကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားကျော်ကြားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ သူမဟာ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဝါရင့်အဆိုတော်တစ်ဦးဖြစ်တဲ့ ဦးချစ်ကောင်း ရဲ့သမီးလဲဖြစ်ပါတယ်။ အိမ့်ချစ် ဟာမကြာသေးခင်က ချစ်ရတဲ့ချစ်သူနဲ့ ရွှေလက်တွဲခဲ့ပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်ရဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှု့တွေကို ရပ်နားထားတာကြောင့် သူမဟာအွန်လိုင်းပေါ်မှ အခြားစီးပွားရေးလေးတွေကိုပဲ လုပ်နေတာကိုလဲတွေ့ရပါတယ်။ အိမ်ချစ် ဟာ ရှုပ်ထွေး‌တဲ့ ဂီတလောကကြီးအကြောင်းကို ပြောပြလာပါတယ်။

မြန်မာပြည်ကို အာဏာသိမ်းခဲ့တာဆိုရင် အခုဆိုရင်တော့ကိုးလကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ အာဏာသိမ်းခဲ့တဲ့အချိန်မှစပြီး ဂီတလောကပျက်ဆီးသွားခဲ့ပုံကို အိမ်ချစ် ကတော့ကျိတ်မနိုင်ခဲမရဖြစ်နေပါတယ်။ ” နင်ကတော့ အာဏာသိမ်းလိုက်တာပဲ နဂိုတည်းကမှ ၁၅ ဂိုဏ်းလောက်ကွဲနေတဲ့ ငါတို့ဂီတလောကကြီးဟာခုဆိုရင် ၁၈၅ ဂိုဏ်းလောက်ကွဲသွားကြပြီကော…” လို့ အိမ့်ချစ် ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတဲ့သတင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ အိမ့်ချစ် ဟာ အမှန်တရားအတွက် ပြည်သူတွေနဲ့အတူတူရပ်တည်ခဲ့ပြီး လမ်းမပေါ်ထွက်ဆန္ဒပြခဲ့တဲ့ အနုပညာရှင်တစ်ဦးထဲမှာ အပါအဝင်ပဲဖြစ်ခဲ့တာကြောင့် ပရိသတ်တွေပိုမိုချစ်ခင်ခဲ့ကြာတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ အဆိုတော် အိမ့်ချစ် ပြောတဲ့ဂီတလောကဟာ မထင်ထားလောက်အောင် ရှုပ်ထွေးလွန်းပါတယ်နော်။ အချိန်ပေးပြီးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss