Tuesday, October 4, 2022

Latest Posts

2 Days 1 Night ရှိုးတွင် မင်းသား ကယ်ဆွန်ဟို နေရာတွင် အစားထိုးရန်အတည်ပြု

UNICODE VERSION

မင်းသား Na In-woo သည် KBS2 ၏ ‘1 Night 2 Days Season 4’ တွင်အမြဲတမ်း အဖွဲ့ ၀င်အဖြစ်ပါ၀င်မယ်လို့သိရပါတယ်။

25 ရက်နေ့တွင် ‘1 Night 2 Days Season 4’တွင် မင်းသား Na In-woo ကို ပုံသေ အဖွဲ့၀င်အဖြစ်ထားရှိရန် အတည်ပြုထားပြီဖြစ်ပါတယ်။ Bang PD က” Na In Woo ရဲ့ ပါဝင်မှုနဲ့အတူ၊ ကျွန်တော်တို့ဟာ ပြပွဲမှာ ဘဝသစ်ကို အသက်သွင်းဖို့ ကြိုးစားနေပါတယ်။ ဖျော်ဖြေရေးနယ်ပယ်ထဲဝင်ရောက်လာတဲ့ ဇာတ်ကောင်အသစ်တွေရဲ့ ဆန်းသစ်မှုတွေနဲ့ အသက် 20 ကျော်တွေရဲ့ တိုက်ပွဲစွမ်းအင်တွေကို စောင့်မျှော်ကြည့်ရှုပေးပါ။”လို့ပြောကြားခဲ့ပါတယ်။

” အငယ်ဆုံးအဖွဲ့ဝင်ကို ထပ်တိုးလိုက်တာနဲ့ လက်ရှိအဖွဲ့ဝင်တွေဟာ ရာထူးတွေပြောင်းပြီး ဆက်ဆံရေးအသစ်ကို ထူထောင်တဲ့လုပ်ငန်းစဉ်မှာ ပျော်ရွှင်စရာအမျိုးမျိုးကို ဖန်တီးပေးပါလိမ့်မယ်။ အကြီးဆုံးအစ်ကို Yeon Jeong-hoon မှ Ravi အထိ၊ လက်ရှိအဖွဲ့ဝင်များနှင့် မည်သို့ပူးပေါင်းဆောင်ရွက်မည်ကို ကျေးဇူးပြု၍ စောင့်ကြည့်ပါ။”လို့လည်းထပ်မံဖြည့်စွက်ပြောခဲ့ပါတယ်။

မင်းသား “Na In Woon” ကတော့ ၂၀၁၃ ခုနှစ်တွင် “Bachelor’s Vegtable Store” ဂီတဖြင့် ပွဲဦးထွက်ခဲ့ပါတယ်။ ““River Where the Moon Rises” ဖြင့် ‘Drama Awards’ တွင် ဆုနှစ်ဆုရရှိခဲ့ပြီး ရေပန်းစားလာခဲ့တဲ့ မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။

‘1 Night 2 Days” တွင် ပျဥ်းမျှ ကြည့်ရှုမှု အဆင့်သတ်မှတ်ချက်ကတော့ 12% ရှိပါတယ်။ အဖွဲ့၀င် သစ် Na in-woo နဲ့ အတူ ဘယ်လိုအပြောင်းအလဲတွေ နဲ့ထွက်ပေါ်လာမလဲဆိုတာကို လူတွေက စောင့်မျှော်နေကြပါတဘ်။ ‘1 Night 2 Days Season 4’ ကို တင်္နဂနွေ ညနေ 6:30 တွင်ထုတ်လွှင်ပြသသွားမှာပဲဖြစ်ပါတယ်။

ZAWGYI VERSION







Latest Posts

Don't Miss