Home Entertainment 2022 ခုနှစ်ရဲ့ အအောင်အမြင်ဆုံး မိုဘိုင်းဂိမ်း ၅ခု
2022 ခုနှစ်ရဲ့ အအောင်အမြင်ဆုံး မိုဘိုင်းဂိမ်း ၅ခု
44
2022 ခုနှစ်ရဲ့ အအောင်အမြင်ဆုံး မိုဘိုင်းဂိမ်း ၅ခု
UNICODE VERSION
နည်းပညာ တွေမြင့်မားလာတာနဲ့ အပြိုင် အရည်အသွေးမြင့်တဲ့ ဖုန်းတွေလည်းထုတ်လုပ်လာကြပါတယ်။ စမတ်ဖုန်း များအတွက် ဂိမ်းတွေ ကလည်း အများအပြားထွက်ပေါ်လျှက်ရှိလာတာပဲဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဘယ် မိုဘိုင်းဂိမ်းတွေက သုံးစွဲသူ အများဆုံးရရှိထားပြီး အောင်မြင်နေကြ လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
(၁) PUBG Mobile
PUBG Mobile ကို “PlayerUnknown’s Battleground”ဂိမ်းလို့လည်းခေါ်‌ဝေါ် ပါတယ်။ PUBG Mobile ကိုဒီဇိုင်း ဆွဲသူကတော့ Barendan Greene ပဲဖြစ်ပါတယ်။ ဒီဂိမ်းကတော့ ၂၀၁၇ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာပါ။ PUBG Pc version ကိုတော့ ကိုရီးယား မှာရှိတဲ့ Bluehole ကုမ္ပဏီ ကနေထုတ်‌ဝေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် PUBG မိုဘိုင်းလ် ဂိမ်းကိုတော့ Tencent ကတရုတ်နိုင်ငံမှာ ထုတ်လုပ်ထားပြီး ရှယ်ယာ 11.5% ပါ၀င်ပါတယ်။ အခုဆိုရင်တော့ ကမ္ဘာတစ်၀ှမ်း မှာ PUBG မိုဘိုင်းဂိမ်းတွေသုံးစွဲသူတွေ များပြားလာပြီး အအောင်အမြင်ဆုံးနေရာမှာ ရပ်တည်လျှက်ရှိနေတာပဲဖြစ်ပါတယ်။
(၂) Garena Free Fire
Garena Free Fire
Garena Free Fire ကိုတော့ စင်္ကာပူအခြေစိုက် ဖွံဖြိုးတိုးတက်ရေးစတူဒီယိုမှ တီထွင်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှအခြားကစားသမား 49 ယောက်နှင့်အတူ တိုက်ပွဲများတွင် သင့်ကိုယ်သင် အခိုင်အမာရပ်တည်ရ မည်ဖြစ်ပြီး အကောင်းဆုံးအခြေအနေတွင်၊ အနိုင်ရဖို့ အတွက် အသက်ရှင်အောင် ကစားရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းကတော့ အလွန်ရေပန်းစားတဲ့ Fortnite နဲ့ PUBG တို့ရဲ့ ဖော်မြူလာပေါ်မှာလည်းအခြေခံထားကာ ဖန်းတီးထားတယ်လို့သိရပါတယ်။ Garena Free Fire ရဲ့ တည်ထောင်သူ ကတော့ စင်ကာပူက ဘီလျံနာ တစ်ယောက်ဖြစ်တဲ့ Forrest Li ဆိုသူပဲဖြစ်ပါတယ်။ Garena Free Fire ကို ၂၀၁၇ ခုနှစ် စတင်ထုတ်‌ဝေခဲ့တာပဲဖြစ်ပါတယ်။
(၃) Pokémon Go
mon Go
Pokémon Go ကို ဆန့်ဖရန့်စစ်စကို မှာရှိတဲ့ Niantic ကုမ္ပဏီကနေရေးဆွဲထားတာပဲဖြစ်ပါတယ်။ Pokémon Go ကိုစတင် ထုတ်‌ဝေခဲ့တာကတော့ 2016 ခုနှစ်ပဲဖြစ်ပါတယ်။ ထုတ်‌‌ဝေပြီး ပထမ လမှာတင် ဒေါင်းလုပ်ဒ် လုပ်သူ အရေအတွက် သန်း ၁၃၀ ၀န်းကျင်ကိုမှတ်တမ်းတင်ခဲ့ထားနိုင်ခဲ့ပါတယ်။ အခု ဆိုရင်တော့ Pokémon Go ကိုဆော့ကစားသူ အရေအတွက် ဟာ သန်းတစ်ထောင်နီးပါး ရှိပါတယ်။
(၄) Subway Surfers
Subway Surfers
Subway Surfers ကို စတင်ထုတ်‌‌ဝေခဲ့တာတော့ ၂၀၁၂ ခုနှစ် မေလမှာဖြစ်ပါတယ်။ Subway Surfers အင်တာနက် အသုံးပြုစရာမလိုဘဲဆော့ ကစားလို့ ရတဲ့ မိုဘိုင်းဂိမ်းတစ်ခုပါ။ Subway Surfers ဟာ ဒိန်းမတ် အခြေစိုက် ပုဂ္ဂလိ က ကုမ္ပဏီ ဖြစ်တဲ့ Kiloo နဲ့ SYBO တို့မှ ပူပေါင်းဖန်တီးထား တယ်လို့သိရပါတယ်။ အဆုံးမဲ့ အပြေးသမား မိုဘိုင်းဂိမ်း တစ်ခုဖြစ်ပြီးတော့ ဆော့ကစားသူအရေအတွက် အများအပြားရရှိထားတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
(၅) Clash of Clans
Clash of Clans
Clash of Clans ကိုတော့ ၂၀၁၃ ခုနှစ်စတင်ထုတ်‌‌ဝေခဲ့တာပဲဖြစ်ပါတယ်။
ဖင်လန် နိုင်ငံမှာရှိတဲ့ Supercell ဗီဒီယိုဂိမ်း ကုမ္ပဏီ ကနေ ထုတ်လုပ်ထားတာပါ။
အခုဆိုရင်တော့ Clash of Clans ဂိမ်းကစားသူ သန်း ၅၀၀ ရှိနေပြီဖြစ်ကာ အောင်မြင်နေတဲ့ ဂိမ်းနေရာမှာ ရည်တည်ထားနိုင်တာပဲဖြစ်ပါတယ်။
ZAWGYI VERSION
(၁) PUBG Mobile
(၂) Garena Free Fire
(၃) Pokémon Go
(၄) Subway Surfers
(၅) Clash of Clans