Tuesday, October 4, 2022

Latest Posts

Doodle Art အိတ် ၉ လုံးရောင်းရငွေစုစုပေါင်း ဒေါ်လာ၂သောင်းကျော် ရရှိခဲ့တဲ့ ကျားပေါက်

Unicode Version

ပရိသတ်ကြီးရေ ကျားပေါက် လို့ပြောလိုက်တာနဲ့ သူ့ရဲ့အမိုက်စားသီချင်းတွေကို တဆက်တည်းပြေးမြင်ကြမှာပါ။ ဂီတဘက်မှာ တေးရေးတေးဆိုအပြင် တူရိယာ တွေကိုပါမျိုးစုံတီးခတ်နိုင်တဲ့ အမိုက်စား Rock Starတစ်ယောက်ပါပဲနော်။ ကျားပေါက် က The Voice Myanmar Season 3မှာ ဒိုင်တစ်ယောက်အဖြစ်ပါဝင်ခဲ့တာပါ။ ဒါ့အပြင် ချစ်စရာသမီးလေး၂ယောက်ကို ပိုင်ဆိုင်ထားတဲ့သူ ကျားပေါက် ဟာ လတ်တလောမှာ စစ်အာဏာရှင်ကိုဆန့်ကျန့်တာကြောင့်ပုဒ်မ ၅၀၅(က)အထုတ်ခံထားရပြီး ထွက်ပြေးတိမ်ရှောင်နေရတာဖြစ်ပါတယ်။ ကိုကျား ကတော့ဒီနေ့မှာ သူ့ကိုယ်တိုင်ဖန်တီးထားတဲ့ Doodle Art အိတ် ၉ လုံးကို လေလံဆွဲခဲ့ပြီးတော့ ရရှိတဲ့အလှူငွေအားလုံးကို ချင်းပြည်နယ် ထန်တလန်မြို့လေးကို ပြန်လည်လှူဒါန်းသွားမယ်လို့ သိရပါတယ်။

ထန်တလန်မြို့လေးအတွက် အဆိုတော် ဟန်ထူးလွင် (ခ)ကျားပေါက် ရဲ့ Doodle Art ဖန်တီးမှုနဲ့ အိတ် ၉ လုံးကို အိတ်ပိတ်တင်ဒါပုံစံနဲ့ ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂ သောင်းကျော် ရရှိခဲ့ပါတယ်။ Print ထုတ်ထားတာ မဟုတ်ဘဲ ကျားပေါက်ကိုယ်တိုင် လက်နဲ့ ရေးဆွဲထားတဲ့ အိတ်တွေကိုတော့ တလုံးကို ကြမ်းခင်းစျေး အမေရိကန်ဒေါ်လာ ၅၀၀ သတ်မှတ်ခဲ့ပြီး ပေးလိုတဲ့အမြင့်ဆုံး စျေးနှုန်းကို အိတ်နံပါတ်နဲ့အတူ အမြင့်ဆုံးပေးဝယ်ယူသူတွေကို ရောင်းချခဲ့တာ ဖြစ်ပြီးတော့ ဝယ်ယူသူတွေဟာ အိတ် ၁ လုံးကို ဒေါ်လာ ၁၀၀၀ ကနေ ၃၃၀၀ ကျော်ထိ အမြင့်ဆုံးဈေး ပေးဝယ်ယူခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ ဟန်ထူးလွင် (ခ) ကျားပေါက်ဟာ သိပ်မကြာခင်တုန်းကလည်း Doodle Art ရေးဆွဲထားတဲ့ Ukulele ဂစ်တာတစ်လက်ကို NUGကိုလှူဒါန်းဖို့အတွက် လေလံတင်ရောင်းချခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ အမြင့်ဆုံး လေလံအောင်သွားခဲ့ပါတယ်။

မီးလောင်ပျက်ဆီးခဲ့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ ကိုပြန်လည်လှူဒါန်းမဲ့ အဆိုတော် ဟန်ထူးလွင် (ခ) ကျားပေါက် ရဲ့အလှူဒါနလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ အချိန်ပေးဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version

Doodle Art အိတ္ ၉ လုံးေရာင္းရေငြစုစုေပါင္း ေဒၚလာ၂ေသာင္းေက်ာ္ ရရွိခဲ့တဲ့ က်ားေပါက္

ပရိသတ္ႀကီးေရ က်ားေပါက္ လို႔ေျပာလိုက္တာနဲ႔ သူ႔ရဲ႕အမိုက္စားသီခ်င္းေတြကို တဆက္တည္းေျပးျမင္ၾကမွာပါ။ ဂီတဘက္မွာ ေတးေရးေတးဆိုအျပင္ တူရိယာ ေတြကိုပါမ်ိဳးစုံတီးခတ္ႏိုင္တဲ့ အမိုက္စား Rock Starတစ္ေယာက္ပါပဲေနာ္။ က်ားေပါက္ က The Voice Myanmar Season 3မွာ ဒိုင္တစ္ေယာက္အျဖစ္ပါဝင္ခဲ့တာပါ။ ဒါ့အျပင္ ခ်စ္စရာသမီးေလး၂ေယာက္ကို ပိုင္ဆိုင္ထားတဲ့သူ က်ားေပါက္ ဟာ လတ္တေလာမွာ စစ္အာဏာရွင္ကိုဆန႔္က်န႔္တာေၾကာင့္ပုဒ္မ ၅၀၅(က)အထုတ္ခံထားရၿပီး ထြက္ေျပးတိမ္ေရွာင္ေနရတာျဖစ္ပါတယ္။ ကိုက်ား ကေတာ့ဒီေန႔မွာ သူ႔ကိုယ္တိုင္ဖန္တီးထားတဲ့ Doodle Art အိတ္ ၉ လုံးကို ေလလံဆြဲခဲ့ၿပီးေတာ့ ရရွိတဲ့အလႉေငြအားလုံးကို ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ေလးကို ျပန္လည္လႉဒါန္းသြားမယ္လို႔ သိရပါတယ္။

ထန္တလန္ၿမိဳ႕ေလးအတြက္ အဆိုေတာ္ ဟန္ထူးလြင္ (ခ)က်ားေပါက္ ရဲ႕ Doodle Art ဖန္တီးမႈနဲ႔ အိတ္ ၉ လုံးကို အိတ္ပိတ္တင္ဒါပုံစံနဲ႔ ေရာင္းခ်ခဲ့ရာမွာ အေမရိကန္ေဒၚလာ ၂ ေသာင္းေက်ာ္ ရရွိခဲ့ပါတယ္။ Print ထုတ္ထားတာ မဟုတ္ဘဲ က်ားေပါက္ကိုယ္တိုင္ လက္နဲ႔ ေရးဆြဲထားတဲ့ အိတ္ေတြကိုေတာ့ တလုံးကို ၾကမ္းခင္းေစ်း အေမရိကန္ေဒၚလာ ၅၀၀ သတ္မွတ္ခဲ့ၿပီး ေပးလိုတဲ့အျမင့္ဆုံး ေစ်းႏႈန္းကို အိတ္နံပါတ္နဲ႔အတူ အျမင့္ဆုံးေပးဝယ္ယူသူေတြကို ေရာင္းခ်ခဲ့တာ ျဖစ္ၿပီးေတာ့ ဝယ္ယူသူေတြဟာ အိတ္ ၁ လုံးကို ေဒၚလာ ၁၀၀၀ ကေန ၃၃၀၀ ေက်ာ္ထိ အျမင့္ဆုံးေဈး ေပးဝယ္ယူခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။ ဟန္ထူးလြင္ (ခ) က်ားေပါက္ဟာ သိပ္မၾကာခင္တုန္းကလည္း Doodle Art ေရးဆြဲထားတဲ့ Ukulele ဂစ္တာတစ္လက္ကို NUGကိုလႉဒါန္းဖို႔အတြက္ ေလလံတင္ေရာင္းခ်ခဲ့ရာမွာ အေမရိကန္ေဒၚလာ ၂၇,၅၀၀ နဲ႔ အျမင့္ဆုံး ေလလံေအာင္သြားခဲ့ပါတယ္။

မီးေလာင္ပ်က္ဆီးခဲ့တဲ့ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕ ကိုျပန္လည္လႉဒါန္းမဲ့ အဆိုေတာ္ ဟန္ထူးလြင္ (ခ) က်ားေပါက္ ရဲ႕အလႉဒါနေလးကို သာဓုေခၚဆိုခဲ့ပါအုန္းေနာ္။ အခ်ိန္ေပးဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။

Latest Posts

Don't Miss