Monday, October 3, 2022
Latest Posts
EXO အဖွဲ့ဝင်ဟောင်း Luhan ရဲ့(၇) နှစ်ကြာ ရည်းစားဟောင်းဟု ကိုယ်တိုင်ပြောလာတဲ့ မိန်းကလေး
Unicode Version
မနေ့ က Weibo အကောင့်တစ်ခုက “Lulu super loves Yaoyao” (鹿鹿超爱瑶瑶) ဆိုတဲ့ ကောင်မလေးရဲ့ ကိုယ်ရေးကိုယ်တာ စာမျက်နှာမှာ ပို့စ်အရှည်ကြီး တင်ခဲ့ပါတယ်။အထူးသဖြင့် သူမ နဲ့ Luhan တို့ဟာ ၂၀၁၆ ခုနှစ်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီး အခုဆိုရင်၇နှစ်ကြာတွဲလာခဲ့တယ်ဆိုတာကိုရေးသားထားပါတယ်။
အဲ့ဒီဆောင်းပါကနေ Lu Han ထုတ်ခဲ့တဲ့ သီချင်းတွေဖြစ်တဲ့ What if I say, Skin to skin, Winter Song, Like a dream, I love you, Time stop, Nature, Slow… အစရှိတဲ့ သီချင်းတွေ ဟာ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းနဲ့ ဆက်နွယ်နေတယ်လို့ဆိုပါတယ်။
သူမပြောခဲ့တာတွေက အမှန်ဖြစ်ကြောင်း သက်သေမပြထားပေမယ့် ဒီမိန်းကလေးက သူတို့ရဲ့ အချစ်ဇာတ်လမ်းကို စိတ်အားထက်သန်စွာ ပြောပြခဲ့ပါတယ်။
“နင်င့ါကိုလိုက်ဖို့ အများကြီးလုပ်ယူခဲ့ရတယ်လို့ပြောပေမယ့် နင့်ကိုငါရွေးချယ်ခဲ့တာကြပါပြီ။ အခု နှစ်သစ်ကူး အကြိုပွဲတွေမှာ ဘာလို့ မပါဝင်ရတာလဲ ဆိုတော့ နင်က ငါ့အနားမှာ အမြဲရှိနေလို့ပဲ။နှစ်သစ်ကူးအကြိုမှာ နှစ်တိုင်း အရာရာတိုင်းအဆင်ပြေမယ်လို့ နင်အမြဲတမ်းငါ့ကိုပေြာခဲ့တယ်။ ဒီနှစ်မှာ နင် Live လွှင့်ပြီး Love Before B.C သီချင်းကို သီဆိုခဲ့တယ်နော်။ ငါနင်နဲ့ ရှန်ဟိုင်းဒစ်စနေးလန်းကို သွားချင်တယ်လို့ငါပြောခဲ့တယ်။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ နင်နဲ့ သူငယ်ချင်းနှစ်ယောက်အဲဒီကိုသွားပြီး ငါ့အတွက် ဗီဒီယိုတစ်ခုကို တမင်တကာ မှတ်တမ်းတင်ပေးခဲ့တယ်။ အသက် 18 နှစ်တုန်းက နင်မနေနိုင်တော့ဘူး ငါ့့ကိုက်ထပ်ချင်တယ်လို့ပြောတယ်. အသက် 21 နှစ် 27 မှာ နောက်ဆုံးလက်ထပ်ရမယ်လို့နင်ပြောခဲ့တယ်။ ငါ33 နှစ်မှာ လက်ထပ်ချင်တယ်လို့ ပြန်ပြောခဲ့တယ်။နင်ငါ့ကိုလက်ထပ်ချင်တယ်ဆိုရင် အိမ်ထောင်ပြုဖို့ အစီအစဉ်တွေ ချမှတ်‌ေစချင်တယ်။” Mr. Lu Han, ရေ နင်ငါ့ကိုဘယ်လောက်ကြာအောင်ဖုံးကွယ်ထားချင်တာလဲ” ဆိုပြီးရေးသားခဲ့တာပဲဖြစ်ပါတယ်။
အင်တာနက်သုံးစွဲသူအချို့က
“သူ့သီချင်းတွေကို ပရိုမိုးရှင်းလုပ်နေတာလားမသိဘူး”
“ဒီကောင်မလေး ရူးနေတာလား။” စတဲ့မှတ်ျချက်အသီးသီးပေးခဲ့ကြပါတယ်။
Zawgyi Version
Latest Posts
Don't Miss