Monday, October 3, 2022
Latest Posts
Nick Jonas နဲ့ ကွားရှင်းပြတ်စဲတယ်ဆိုတဲ့ သတင်းကိုဖြေရှင်းခဲ့တဲ့ Priyanka Chopra
UNICODE VERSION
ဘောလိး၀ုဒ် ကြယ်ပွင့် Priyanka Chopra ဟာ ဂီတပညာရှင် Nick Jonas နဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ခရစ်ယာန် ဘာသာ၀င်နဲ့ ဟိန္နူ ဘာသာ၀င်တို့ ပေါင်းစပ်ကြတဲ့ချစ်သူစုံတွဲပဲဖြစ်ပါတယ်။
နို၀င်ဘာလ မှာ သူတို့နှစ်ယောက် ကွားရှင်းပြတ်စဲကြတယ်ဆိုတဲ့ လူမှုကွန်ယက်ပေါ်မှာ သတင်းတွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Priyanka Chopra Jonas ဟာ သူမခင်ပွန်း ‌ရဲ့ နောက်ဆုံးအမည်ကို လူမှုကွန်ယက်အကောင့်များတွင် ဖယ်ရှားခဲ့ပြီး ယခုအခါ Priyanka ကိုသာအသုံးပြုနေတာဖြစ်ပါတယ်။ ထိုအချိန်တွင် အကုန်လုံးက ကွာရှင်းပြီဆိုသောထင်ကြေးများထွက်လာကြတာပဲဖြစ်ပါတယ်
Priyanka Chopra ရဲ့ မိခင်ဖြစ်သူ Madhau Chopra ဟာ သူမရဲ့ သမီးဖြစ်သူ ကွာရှင်း တာမဟုတ်ကြောင်း News 18 တွင်အတည်ပြုပြောကြားခဲ့ပါတယ်။ ၎င်းကိစ္စနဲ့ ပတ်သတ်ပြီး မင်းသမီး Priyanka Chopra က” Twitter သုံးတဲ့ အကောင့်နဲ့ နာမည်တူအောင် ထားခြင်းသာဖြစ်ပြီး လူတွေအတွက် ကြီးမားတဲ့ပြောင်းလဲမှုကြီး ဖြစ်သွားတယ်ဆိုတာဟာ ရယ်စရာလို့ပဲမြင်မိပါတယ်။ ဒါဟာ ဆိုရှယ်မီဒီယာတစ်ခုပါဘဲ အကုန်လုံးစိတ်အေးအေးထားကြပါ”လို့ eTimes အင်တာဗျူးတွင်ပြောကြားခဲ့ပါတယ်။
မင်းသမီး Priyanka Chopra ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ မကြာခင်ပြသတော့မယ့် စီးရီး Citadel ကိုရိုက်ကူနေတာပဲဖြစ်ပါတယ်။ သူမက”ကျွန်မယောကျ်ား နဲ့‌ဝေးနေရတဲ့အခါ တကယ်ကိုခက်ခဲပါတယ်”လို့လည်းပြောကြားခဲ့ပါတယ်။
Priyanka Chopra က”ဒီနှစ်ကတော့ အရမ်းခက်ခဲနှစ်တစ်ခုပါ။ မိသားစု နဲ့ တစ်နှစ်ပတ်လုံး ဝေးရာမှာနေပြီး ခရီးတွေလည်းမထွက်ဖြစ်တဲ့အခါ တစ်ယောက်တည်းနေထိုင်ရတာခက်ခဲ့ပါတယ်” ဆိုပြီး အိမ်ကိုလွမ်းတဲ့အကြောင်းကိုလည်းပြေားကြားခဲ့တာပဲဖြစ်ပါတယ်။
မင်းသမီး Priyanka Chopra အလုပ်တွေအမြန်ဆုံးပြီးနိုင်ပြီး အိမ်ကိုပြန်နိုင်ပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်။ သူတို့စုံတွေဲစိတ်ပူနေကြတဲ့ပရိတ်သတ်ကြီး အတွက်လည်း ၀မ်းနည်းစရာမလိုတော့ပါဘူးနော်။
ZAWGYI VERSION
Latest Posts
Don't Miss