Monday, October 3, 2022

Latest Posts

Twenty-five Twenty-one ဇာတ်လမ်းတွဲမှာ အထူးဧည့်သည်အဖြစ်ပါ၀င်မယ့် မင်းသား Choi Tae Joon

Unicode Version

မင်းသား Choi Tae Joonဟာ ‘Twenty-five Twenty-one’ ဇာတ်လမ်းတွဲတွင် အထူးပါဝင်သရုပ်ဆောင်မယ်လို့သိရပါတယ်။

tvN Saturday drama ဖြစ်တဲ့ ‘Twenty-Five Twenty-one’ဟာ ၁၉၉၈ ရဲ့ခေတ်အခြေအနေကြောင့် အိပ်မက်များ ဆုံးရှုံးခဲ့ရတဲ့ လူငယ်များရဲ့ အချစ်နဲ့ ရုန်းကန်းခဲ့တဲ့အခြေအနေတွေကို ပုံဖော်ထားတဲ့ဒရာမာပဲဖြစ်ပါတယ်။

အဓိကဇာတ်ကောင်များမှာ Na Hee Do အဖြစ် (Kim Tae Ri) နဲ့ Baek Yi Jinအဖြစ် (Nam Joo Hyuk) မှ သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းတွင်Choi Tae Joon ဟာ တောက်ပြောင်စေမယ့် ပုံရိပ်အနေနဲ့ထွက်ပေါ်လာမယ်လို့သိရပါတယ်။ Choi Tae Joon ဟာ အမျိုးသား ဓားသိုင်းအဖွဲ့၀င်အဖြစ်သရုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ယခုလာမယ့် ဇာတ်လမ်းတွဲတွင် ဂျောင်ဟိုဂျင် ဇာတ်ကောင်ရဲ့ အချစ်ဇာတ်လမ်းဟာ ဘယ်လိုပုံစံမျိုးထွက်ပေါ်လာနိုင်လဲဆိုတာကိုတော့ နောက်လာမယ့်အပိုင်းတွေမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Zawgyi Version







Latest Posts

Don't Miss