Monday, October 3, 2022

Latest Posts

Twenty Five Twenty One အပိုင်းအသစ်ရဲ့ ဓာတ်ပုံအချို့ကိုထုတ်ဖော်ပြသ

Unicode Version

Nam Joo Hyuk နှင့် Kim Tae Ri တို့နှစ်ယောက်ကို tvN ဒရာမာ ‘Twenty Five, Twenty One’မှာ စိတ်လှုပ်ရှားဖွယ်ရာ သရုပ်ဆောင်မှုများကြောင့်အာရုံစိုက်ခံနေရတာပဲဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက် KST တွင် tvN ၏ဒရာမာ ‘Twenty Five, Twenty One’ဟာ လာမယ့်ထုတ်လွှင့်မှုအတွက် Nam Joo Hyuk နှင့် Kim Tae Ri တို့ရဲ့ ဇာတ်၀င်ခန်းရဲ့ပုံအချို့ကိုပြသခဲ့ပါတယ်။

Na Hee Do (Kim Tae Ri ကသရုပ်ဆောင်ထားတဲ့) နဲ့ Baek Yi Jin (Nam Joo Hyuk ကသရုပ်ဆောင်) တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပထမဦးဆုံးအကြိမ် လက်ဆွဲနှုတ်ဆက်ကြတာကို မြင်တွေ့ရတာကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်း စတင်နေပြီလားဆိုတာကို စိတ်၀င်စားဖွယ်မြင်တွေ့ခဲ့ရပါတယ်။

ဓာတ်ပုံထဲတွင် Na Hee Do နဲ့ Baek Yi Jin က တစ်ယောက်နဲ့တစ်ယောက် လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြပြီး တစ်ယောက်ကိုတစ်ယောက်မျက်လုံးများစိုက်ကြည့်နေကြတာပဲဖြစ်ပါတယ်။ အခြားဓာတ်ပုံတစ်ခုတွင် Na Hee Do ဟာ မျက်ရည်ကျရင်းနဲ့ ဖုန်းကိုင်ထားတာကိုမြင်တွေ့ရပြီး တစ်ဘက်မှာတော့ Baek Yi Jin ဟာ ဖုန်းတစ်ဖက်ကို လေးနက်သောအမူအရာနဲ့ ဂရုတစိုက်နား‌ထောင်နေတာကိုတွေ့ရပါတယ်။

ထုတ်လုပ်ရေးကုမ္ပဏီ Hwa&Dam Pictures က “ဒီမြင်ကွင်းက Kim Tae Ri နဲ့ Nam Joo Hyuk တို့ရဲ့ အထူးချစ်ခင်နှစ်သိမ့်မှုကို အပြန်အလှန်ပြသပေးမှာပါ။ဇာတ်ကောင်နှစ်ယောက်ရဲ့ ဇာတ်လမ်းက chemistry မိမိနဲ့ ငယ်ရွယ်နုပျိုတဲ့ပုံစံတွေနဲ့ ဘယ်လိုတင်ဆက်ပြသသွားမှာလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ .”လို့ရေးသားခဲ့တာပဲဖြစ်ပါတယ်။

tvN ၏ ‘Twenty Five, Twenty One’ ၏ 5th အပိုင်းကို ယနေ့ည ဖေဖော်ဝါရီ 26 ရက်နေ့ KST တွင် ည 9:10 နာရီ KST တွင် ထုတ်လွှင့်ပြသမည်ပဲဖြစ်ပါတယ်။

Zawgyi Version








Latest Posts

Don't Miss