Monday, October 3, 2022

Latest Posts

Twitter ပေါ်တွင် Sehun ရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုအတွက် ပရိတ်သတ်များတောင်းဆိုလာကြ

UNICODE VERSION

ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် EXO ပရိသတ်များသည် idol အတွက် တစ်ကိုယ်တော်လှုပ်ရှားမှုများ တောင်းဆိုလာတာပဲဖြစ်ပါတယ်။ EXO အဖွဲ့၀င်တွေထဲက အငယ်ဆုံးဖြစ်တဲ့Sehun ရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုအတွက် Twitter ပေါ်တွင်#treatsehunbetter ဟူသော hashtag ဖြင့်တောင်းဆိုလာကြတာပဲဖြစ်ပါတယ်။

Sehun ဟာ2012 ခုနှစ်ကတည်းက idol အဖွဲ့ EXO နဲ့ ပရိုမိုးရှင်းများစွာလုပ်ခဲ့ပြီး အဖွဲ့နဲ့အတူ အယ်လ်ဘမ်များစွာ ထွက်ရှိခဲ့တာပါဖြစ်ပါတယ်။ ထို့အပြင် sehun ဟာ 2019 ခုနှစ်တွင် EXO အဖွဲ့ဝင် Chanyeol နဲ့အတူ EXO-SCဟူသောအဖွဲ့အမည်ဖြင့် ယူနစ်အဖွဲ့အယ်လ်ဘမ်ကိုထုတ်‌ဝေခဲ့တာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပရိသတ်တွေက Sehun ရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုအတွက် SM Entertainment ကို တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။

ပရိသတ်တွေတော်တော်များများက သူတို့ရဲ့ အတွေးအမြင်တွေကို မျှဝေကြပြီး Sehun ကို တစ်ကိုယ်တော် ပရိုမိုးရှင်းမလုပ်ပေးတဲ့အတွက် ဒေါသတွေထွက်ပြီး ဆိုရှယ်မီဒီယာကို တင်ခဲ့ကြပါတယ်။ ပရိသတ်တော်တော်များများက အေဂျင်စီက Idol ကို ပိုကောင်းအောင် ဆက်ဆံဖို့ တောင်းဆိုနေကြပါတယ်။

တောင်းဆိုချက်များစွာကို တွစ်တာမှာ ရေးသားပြီး သူရဲ့ပရိတ်သတ်တွေက ဖော်ပြလာကြတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ ဆန္ဒအတိုင်း Sehun ရဲ့ တစ်ကိုယ်တော်လှုပ်ရှားမှုလေး ထွက်လာပါစေလို့လည်းမျှော်လင့်လိုက်ရပါတယ်။

ZAWGYI VERSION






Latest Posts

Don't Miss